ဘန်ကောက်၊ စက်တင်ဘာ(၂) 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ နိုင်ငံထူထောင်ရေးနဲ့ ရေရှည်အာဏာ လွန်ဆွဲမှုမှာ သူ့ရဲ့နောက်ဆုံးလှုပ်ရှားမှုအဖြစ် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံလွှာကို တင်သွင်းခဲ့ကြောင်း တရားရေးဝန်ကြီးက ဩဂုတ်လ (၃၁) ရက်နေ့က ပြောကြားခဲ့ပါတယ်။

 ထိုင်းနိုင်ငံရဲ့ အကျော်ကြားဆုံး နိုင်ငံရေးသမား သက်ဆင်ဟာ (၁၅) နှစ်ကြာ နိုင်ငံရပ်ခြားမှာ တိမ်းရှောင် နေထိုင်ခဲ့ရပြီးနောက် လွန်ခဲ့တဲ့သီတင်းပတ်က နိုင်ငံအတွင်းသို့ ပြန်လာခဲ့တာဖြစ် ပါတယ်။ 

သက်ဆင်ဟာ သူ့ရဲ့ကာလအတွင်း အာဏာအလွဲသုံးစားလုပ်မှုနဲ့ ကိုယ်ကျိုးစီးပွားတွေအကြောင့် (၈) နှစ်ကြာ ထောင်ဒဏ်ကျခံဖို့ရှိနေတာပါ။ 

သူဟာနိုင်ငံအတွင်း သီးသန့်ဂျက်လေယာဉ်နဲ့ ပြန်လာခဲ့ပြီး အကျဉ်းထောင်သို့ မပြောင်းရွှေ့မီ ထောက်ခံသူတေကို နှုတ်ဆက်ခဲ့ပါတယ်။ 

အဲဒီနောက် နာရီပိုင်းအကြာမှာဘဲ ရှင်နာဝပ်ထရာကျောထောက်နောက်ခံပြုထားတဲ့ ဖွေ့ထိုင်း ပါတီမှ ဆရတ်တာ သာဗီစင်က စစ်တပ်လိုလားတဲ့လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုနဲ့ ဝန်ကြီးချုပ်ဖြစ်လာဖို့ ပါလီမန်မှာ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

တယ်လီကွန်းသူဌေးဟောင်းဟောင်း သက်ဆင်က လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်း ရွေးကောက် ပွဲတိုင်းမှာ အနိုင်ရရှိခဲ့တဲ့ သူ့ရဲ့သစ္စာခံပါတီတွေနဲ့ ထိုင်းနိုင်ငံရေးမှာ အခုအချိန်အထိ သြဇာရှိနေဆဲ ဖြစ်ပါတယ်။

ဒီလိုဖြစ်စဉ်တွေဟာ သက်ဆင်ကသူ့ရဲ့ရှေးရိုးစွဲ ကွန်ဆာဗေးတစ်ပါတီ တည်ထောင်မှုနဲ့ တော်ဝင် စစ်တပ်မှာ သူ့ရဲ့ခါးသီးတဲ့ ပြိုင်ဘက်တွေနဲ့ သဘောတူညီမှု ရခဲ့တယ်လို့ ထင်ကြေးတွေပေးခဲ့ကြ တာလည်း ဖြစ်ပါတယ်။ 

သက်ဆင်က အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ဗိုလ်ချုပ်တွေနဲ့သဘောတူညီမှုရရှိရန် ဆွေးနွေးမှုဆိုတာ ကိုလည်း ပယ်ချခဲ့ပါတယ်။ 

ထိုင်းဘုရင်က ဝန်ကြီးချုပ်ဟောင်းရဲ့ထောင်ဒဏ် ရှစ်နှစ်ကို တစ်နှစ်ထိ လျှော့ပေါ့လိုက်ကြောင်း တော်ဝင်ဂေဇက် မှာစက်တင်ဘာ (၁)ရက်က ဖော်ပြခဲ့ပြီး သက်ဆင်ဟာ ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး နိုင်ငံနဲ့ပြည်သူအတွက် ကောင်းကျိုး ပြုကာ ဘုရင်စနစ်ကို သစ္စာစောင့်သိကြောင်း တော်ဝင် ဂေဇက်က ရေးသားခဲ့တာပါ။

 “သူဟာ ဖြစ်ရပ်ကို လေးစားတယ်၊ သူ့အပြစ်ကို ဝန်ခံတယ်၊ နောင်တရတယ်၊ တရားရုံးက စီရင် ချက်ချတာကို လက်ခံတယ်။ အခု အသက်ကြီးနေပြီ၊ ဆေးပညာရှင်ရဲ့ ပြုစုစောင့်ရှောက်မှုလို အပ်တဲ့ နာမကျန်းသူဖြစ်နေတယ်” လို့ ရေးသားထားတာ ဖြစ်ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.