ကီးယက် – စက်တင်ဘာ(၂) 

ယူကရိန်းရဲ့ (၃)လကြာ ထိုးစစ်ဆင်ခဲ့တဲ့ တပ်တွေဟာ နှေးကွေးလွန်းတယ်လို့ အနောက်တိုင်း အရာရှိတွေဆီက ပေါက်ကြားလာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဝေဖန်ရေးသမားတွေ ပါးစပ် ပိတ်ထားဖို့ ယူကရိန်းဘက်က တုံ့ပြန်သတိပေးလိုက်ပါတယ်။ 

အနောက်နိုင်ငံတွေရဲ့ စစ်လက်နက်ပစ္စည်းတွေကို ဒေါ်လာ ဘီလျံပေါင်းများစွာ အသုံးပြုပြီး ယူကရိန်းရဲ့ အမွှမ်းတင်လွန်းနေတဲ့ တန်ပြန်ထိုးစစ်ကို စတင်ပြီးနောက် ရွာပေါင်း တစ်ဒါဇင် ကျော်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရုရှားရဲ့ အဓိကခံစစ်တွေကို ထိုးဖောက်ဝင်ရောက် နိုင်တာမရှိသေးတာလည်းဖြစ်ပါတယ်။ 

New York Times၊ Washington Post နဲ့ တခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ ဆောင်းပါး တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်နဲ့ အနောက်နိုင်ငံက အရာရှိတွေက ယူကရိန်းရဲ့ ထိုးစစ်ဆင်မှုဟာ မျှော်လင့်ချက်တွေကို ပျက်ပြယ်သွားစေတယ်လို့ ဆိုထားကြသလို တချို့က လည်း တပ်ဖွဲ့တွေကို နေရာလွှဲမှားစွာ အာရုံစိုက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပါအဝင် ယူကရိန်းရဲ့ ဗျူဟာမှားယွင်းနေတယ်ဆိုပြီး ဖော်ပြထားကြတာပါ။

ယူကရိန်းရဲ့ စည်းရုံးလှုံ့ဆော်မှုဟာ ကျရှုံးနေပြီလို့ ရုရှားကဆိုထားပေမယ့် ယူကရိန်းတပ်မှူးတွေ ကတော့ သူတို့ဟာ အဆုံးသတ်မှာ အင်အားအပြည့်နဲ့ တိုက်ခိုက်ပြီး ဆုံးရှုံးမှုတွေကို လျှော့ချဖို့ ရုရှားရဲ့ ကာကွယ်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးတို့ကို ဖျက်ဆီးကာ ရည်ရွယ်ချက်ရှိရှိ ဖြည်းဖြည်း ချင်း ရွေ့လျားနေတာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

” တန်ပြန်ထိုးစစ်ရဲ့ နှေးကွေးတဲ့ အရှိန်အဟုန်ကို ဝေဖန်တာက ယူကရိန်းမြေတွေကို တစ်ကီလိုမီ တာမျှ တစ်နေရာပြီး တစ်နေရာ လွတ်မြောက်အောင် စွမ်းဆောင်နေပြီး နေ့စဉ်နေ့တိုင်း အသက် တွေကို စတေးခဲ့တဲ့ ယူကရိန်းစစ်သားရဲ့ မျက်နှာကို တံတွေးနဲ့ထွေးတာဖြစ်တယ်” လို့ နိုင်ငံခြား ရေးဝန်ကြီး ဒီမီထရို ကူလီဘာက သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ 

ဒါ့အပြင် ဝေဖန်သူတွေအနေနဲ့ ပါးစပ်ပိတ်ပြီး ယူကရိန်းကို တစ်စုရန်းစင်တီမီတာကိုသာ လွတ် မြောက်အောင်ကြိုးစားပေးဖို့ အကြံပြုချင်တယ်လို့ စပိန်နိုင်ငံမှာကျင်းပခဲ့တဲ့ အီးယူနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ပြောခဲ့တာပါ။ 

နေတိုးအတွင်းရေးမှူးချုပ် ဂျန်စတော့တန်ဘာ့က်က ယူကရိန်းတပ်မှူးတွေဟာ သံသယဖြစ်မှုရဲ့ အကျိုးနဲ့ ထိုက်တန်တယ်လို့ CNN ကို ပြောထားပါတယ်။ 

“ယူကရိန်းနိုင်ငံသားတွေဟာ မျှော်မှန်းချက်တွေကို ထပ်ခါထပ်ခါ ကျော်လွန်အောင် လုပ်ဆောင် နိုင်ခဲ့ကြပါတယ်၊ သူတို့ကို ယုံကြည်ဖို့လိုတယ်။ ငါတို့က အကြံပေးတယ်၊ ကူညီတယ်၊ ငါတို့ ထောက်ခံတယ်။ ဒါပေမယ့်… အဲဒါတွေက ယူကရိန်းနိုင်ငံသားတွေဖြစ်ပြီး သူတို့တွေကဘဲ အဲဒီဆုံးဖြတ်ချက်တွေကို ချမှတ်ရမယ်” လို့သူက ပြောခဲ့ပါတယ်။ 

လပေါင်းများစွာ ပြင်းထန်တဲ့ မိုင်းတွင်းတွေကို ဖြတ်သန်းတိုက်ခိုက်ပြီးနောက် မကြာသေးခင် ရက်တွေအတွင်း ယူကရိန်းတပ်ဖွဲ့တွေဟာ ဇာပိုရီဇီဇီယာ အနောက်ဘက်ဒေမှာ သူတို့ သိမ်းပိုက် ခဲ့တဲ့ ရွာရဲ့ တောင်ဘက်က ရုရှားရဲ့ အဓိကခံစစ်မျဉ်းကြောင်းကို ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

အဲဒီဒေသမှာရှိတဲ့ ယူကရိန်းတပ်မှူးတစ်ဦးကလည်း သူ့ရဲ့လူတွေဟာ အခက်ခဲဆုံးမျဉ်းကို ချိုး ဖောက်ခဲ့ပြီး ခံစစ်အင်အားနည်းတဲ့ နေရာတွေကို ရောက်ရှိခဲ့တဲ့အတွက် ပိုမိုလျင်မြန်စွာ တိုးတက် လာဖို့ မျှော်လင့်ထားတယ်လို့ ရိုက်တာကိုပြောပါတယ်။ 

ယူကရိန်းကတော့ သူတို့ရဲ့ ထိုးစစ်ဆင်မှု အသေးစိတ်ကို ထုတ်ဖော်လေ့မရှိပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ချက်တစ်ခုမှ ဒုတိယကာကွယ်ရေးဝန်ကြီးဟာ မရေရာတဲ့ အောင်မြင်မှု တွေကို ဖော်ပြခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းက ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ အရှေ့ဘက်မှာရှိတဲ့ ရုရှားသိမ်းပိုက်ထားတဲ့ တစ်ခုတည်းသောမြို့ဖြစ်တဲ့ ဘက်မက်မြို့အနီးကို ချီတက်နေတယ်လို့ ဆိုထားသလို တိုက်ပွဲတွေ ဟာ မြို့တောင်ဘက်မှာရှိတဲ့ ကျေးရွာတွေမှာ ဖြစ်ပွားနေတာဖြစ်တယ်လို့ ဒုကာကွယ်ရေးဝန်ကြီး ကဆိုထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.