စစ်ကောင်စီလက်ထက် တရားမဝင်ကုန်သွယ်မှုပိုတိုးလာ
နေပြည်တော်၊ ဇူလိုင်(၂၉) နိုင်ငံ့အာဏာအရပ်ရပ်ကို သိမ်းယူထားတဲ့ စစ်ကောင်စီလက်ထက်မှာ တရားမဝင်ကုန်သွယ်မှုတွေ လျော့နည်းကျဆင်းသွားတာမရှိဘဲ ဆက်လက်လုပ်ကိုင်တာတွေရှိတယ်လို့ ဒုတိယစစ်ခေါင်းဆောင်က ဝန်ခံလိုက်ပါတယ်။ ဇူလိုင် ၂၇ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော် မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီကနေ အခုနှစ် ဇွန်လအထိ တစ်နှစ်ခွဲကျော်အတွင်း တရားမဝင်ကုန်သွယ်မှုကနေ ဖမ်းဆီးရမိတဲ့ အမှုတွဲ ၇၀၀၀ ကျော်နဲ့…