July 2023

NUGနဲ့ ပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေပြီလို့ ကယား BGF တရားဝင်ကြေညာ

လွိုင်ကော် – ဇူလိုင်(၁) အမျိုးသားညီညွတ်ရေးအစိုးရ NUGနဲ့ ပူးပေါင်းပြီး နွေဦးတော်လှန်ရေးမှာ အာဏာသိမ်းစစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး(ကလလတ) KNPLF က ဒီနေ့ရက်စွဲနဲ့ ကြေညာခဲ့ပါတယ်။ အရင်ကထောက်ထားရတဲ့ အကြောင်းအရာတချို့ကြောင့် တစိတ်တပိုင်း လျှို့ဝှက်ဖုံးကွယ်ကာ ဆောင်ရွက်ခဲ့ရတဲ့ နွေဦးတော်လှန်ရေးဆိုင်ရာ လုပ်ငန်းတွေကို တရားဝင်အတိအလင်းဆောင်ရွက် သွားတော့မှာဖြစ်တယ်လို့ အသိပေးလာတာပါ။ လက်ရှိမှာတော့ စစ်အုပ်စုကို တော်လှန်ရေးအင်အားစုအသီးသီးက ခုခံတော်လှန်တိုက်ပွဲဝင်နေကြသလို…

ခေါဇာမြို့မှာ ပြည်သူတွေအပြင်မထွက်ကြဖို့ စစ်တပ်ကလိုက်အော်နေလို့ စိုးရိမ်နေကြ

ရေး၊ ဇူလိုင်(၁)ရေးမြို့နယ်၊ ခေါဇာမြို့မှာ ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းက ပြည်သူတွေအပြင်မထွက်ကြဖို့ စစ်တပ်ဘက်က လိုက်အော်နေလို့ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီနေ့မနက် ၁၀ နာရီလောက်ကစပြီး ခလရ ၃၁ က စစ်သားတွေက ကားနဲ့မြို့တွင်းလှည့်လည်ပြီး အော်လံနဲ့ပြည်သူတွေအပြင်မထွက်ကြဖို့၊ ခြံတွေထဲမှာ လုပ်ငန်းခွင်ဝင်နေသူတွေရှိပါက နေအိမ်မှာပြန်နေကြဖို့ လိုက်လံအသိပေးနေတယ်လို့ဆိုပါတယ်။ စစ်တပ်ကအခုလိုတစ်ခါမှ လိုက်လံအသိပေးတာမရှိလို့ တိုက်ပွဲတွေဖြစ်လာမလား၊ လက်နက်ကြီးတွေ စမ်းသပ်ပစ်ခတ်ဖို့လား၊…

ခလယ်တံခွန်တိုင် ကျေးရွာအုပ်စုထဲကို စစ်ကောင်စီစစ်ကြောင်းထိုးလာတာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးနေရ

ကြာအင်းဆိပ်ကြီး – ဇူလိုင်(၁) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကောင်စီစစ်ကြောင်းထိုးလာတာကြောင့် ပုလိမ်၊ ခလယ်တံခွန်တိုင်၊ မြို့ဟောင်း၊ ခလယ်ရွာလေး၊ ဘုရားငါးဆူနဲ့ နန်းသိုင်းထွန်းစတဲ့ ကျေးရွာတွေက ဒေသခံ (၃၀၀၀) ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။…

စစ်အာဏာသိမ်း (၈၈၀)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၇၃၆ ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၁) AAPP ရဲ့ ဇွန်(၃၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၈၀)ရက်အတွင်း ပြည်သူ (၃၇၃၆)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၆၅၁ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၅၆) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

မိုခါမုန်တိုင်းတိုက်ခတ်ပြီး နှစ်လခန့်အထိ ရခိုင်မြောက်ပိုင်းမှာ အကူအညီမလုံလောက်လို့ စီမံကိန်း ချမှတ်လုပ်ဆောင်ပေးဖို့ ဒေသခံတွေတောင်းဆို

စစ်တွေ- ဇူလိုင်(၁) မြန်မာနိုင်ငံမှာ (၁၅)နှစ်အတွင်း အပြင်းထန်ဆုံးအဖြစ်တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းအဓိက ကျရောက်ခဲ့ရာ ရခိုင်မြောက်ပိုင်းက ဒေသခံတွေဟာ မုန်တိုင်းတိုက်ခတ်ပြီး နှစ်လနီးပါးကြာတဲ့အထိ အိမ်အမိုးတွေ၊ စားစရာတွေနဲ့ အခြေခံလိုအပ်ချက်တွေကို ထိထိရောက်ရောက်မရရှိသေးလို့ စစ်ကောင်စီအနေနဲ့ မုန်တိုင်းဘေးဒဏ်ကို အပြသဘောမဟုတ်ဘဲ ထိရောက်လေးနက်တဲ့ စီမံကိန်းချမှတ်လုပ်ဆောင်ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။ ရခိုင်မြောက်ပိုင်းမှာ မေလ (၁၄)ရက်နေ့ကတိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူ တစ်သန်းခွဲကျော်ရှိနေပြီး နေအိမ်နှစ်သိန်းရှစ်သောင်းကျော် ထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့…

မွန်ပြည်နယ်မှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်

မော်လမြိုင် – ဇူလိုင်(၁) လက်နက်ကိုင်လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ စစ်ရေးပိုမိုပြင်းထန်လာနိုင်တယ်လို့ KNU နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ KNLA/PDF ပူးပေါင်းတပ်တွေနဲ့ မွန်ပြည်အခြေပြု တော်လှန်ရေးတပ်တွေကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့တာပါ။ ဒီအခြေအနေတွေကြောင့် စစ်ကောင်စီဘက်က ဘီးလင်းမြို့နယ်အတွင်းက ကျေးရွာတချို့ကို စစ် ကြောင်းထိုးနေတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့…

စစ်တပ်က လူသတ်မှု၊ မုဒိမ်းမှုအပါအဝင် စစ်ရာဇဝတ်မှုတွေ ပိုမိုကျူးလွန်လာတယ်လို့ IIMM ဆို

နေပြည်တော် – ဇူလိုင်(၁) ပြည်သူတွေကို အာဏာသိမ်းစစ်တပ်က လူသတ်မှု၊ မုဒိမ်းမှုအပါအဝင် စစ်ရာဇဝတ်မှုကျူးလွန်တာတွေ ပိုမိုများပြားလာတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က ဇွန်လ (၂၉) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက နိုင်ငံတဝှမ်း လူသတ်မှု၊ မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေအပြင် ဥပဒေမဲ့ထောင်ချတာတွေအပါအဝင် စစ်ရာဇဝတ်မှုတွေကို သိသိသာသာ ကျူးလွန်နေတယ်လို့ ဆိုထားတာပါ။…

မိုင်းခွဲခံထားရတဲ့ ကျုံအိတ်တံတားကို စစ်ကောင်စီလာမပြင်သေး

ဘီးလင်း – ဇူလိုင်(၁) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်အစပ်က မိုင်းခွဲခံရပြီးနောက် ပျက်စီးသွားတဲ့ ကျုံအိတ်တံတားကို ဇွန်လ(၃၀) ရက်နေ့ မနက်ပိုင်းအထိ လာရောက်ပြုပြင်မယ့်သူမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၂၉) ရက်နေ့ မနက်အစောပိုင်းက တံတားမိုင်းခွဲခံရချိန်မှာ လိုင်စင်မဲ့ကားတင်သွင်းလာတဲ့ ရဲ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သထုံမြို့နယ် ဥပဒေအရာရှိကားမောင်းသူ (၁) ဦးသေဆုံးထားပါတယ်။ မိုင်းခွဲခံရပြီးနောက် ပြိုကျသွားတဲ့တံတားနေရာကို…