ပြုံယမ်း – ဇူလိုင်(၃၀) 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ကိုရီးယားစစ်ပွဲအဆုံးသတ်မှု နှစ်(၇၀) ပြည့် အခမ်းအနားကို တက်ရောက်ဖို့ ပြုံယမ်းကို လာရောက်လည်ပတ်တဲ့ တရုတ်ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ဖို့ ကတိပြုခဲ့တယ်လို့ KCNA မှာဖော်ပြထား ပါတယ်။

ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင် လီဟွန်ဇွန်ဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ကင် ကိုယ်တိုင်ကြိုဆိုခဲ့ပြီး ကိုဗစ်ကာလတည်းက တရုတ်သံတမန်တွေရဲ့ပြုံယမ်း  ပထမအကြိမ်ခရီးလည်းဖြစ်ပါတယ်။ 

“ကျွန်ုပ်တို့၏ ကိုယ်ပိုင် ကနဦးရှေ့ပြေးဆောင်ရွက်မှုအပေါ် ရှုပ်ထွေးသောနိုင်ငံတကာအခြေ အနေများကို ဖြေရှင်းဖို့နှင့် နိုင်ငံရေး စင်မြင့်အသစ်ပေါ်မှာ ချစ်ကြည်ရေးနှင့် ရဲဘော်ရဲဘက်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ဖို့ မြှင်တင်ဖို့ ၂ နိုင်ငံအကြား ပါတီများနှင့် အစိုးရများအကြား ရပ်တည်ချက် တစ်ရပ်ကို ဆွေးနွေးမှုများနှင့်အတူ အတည်ပြုနိုင်ခဲ့ပါတယ်” လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA မှာဖော်ပြထားပါတယ်။ 

တရုတ်- မြောက်ကိုရီးယားအစည်းအဝေးဟာ ကင်ဂျုံအွန်းနဲ့အတူ တရုတ်နဲ့ ရုရှားတို့က ရပ်တည် တယ်လို့ ကြာသပတေးနေ့ တွေ့ဆုံမှုအပြီးမှာ ထွက်ပေါ်လာတာဖြစ်ပြီး အဲဒီအခမ်းအနားမှာ မြောက်ကိုရီးယားဟာ သူတို့အသစ်ထုတ်လုပ်ထားတဲ့ နျူကလီးယား ပဲ့ထိန်းဒုံးတွေနဲ့ ဒရုန်းတိုက် ခိုက်မှုတွေကို ထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။

ကုလလုံခြုံရေးကောင်စီက တားမြစ်ပိတ်ပင်ထားတဲ့ မြောက်ကိုရီးယားရဲ့ နျူထိပ်ဖူးတပ်ဒုံးကျည် တွေဟာ တရုတ်နဲ့ ရုရှားတို့ရဲ့ ထောက်ခံမှုနဲ့ အခမ်းအနားမှာ ပြန်လည်ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။

စစ်ရေးပြအခမ်းအနားမှာ မြောက်ကိုရီးယားရဲ့ နောက်ဆုံးပေါ်  Hwasong-17 နဲ့ Hwasong-18 တိုက်ချင်းပစ် ဒုံးကျည်တွေပါဝင်ခဲ့ပြီး အဲဒီလက်နက်တွေဟာ အမေရိကန်ပြည်ထောင်စုအထိ ရောက်ရှိအောင် ပစ်ခတ်နိုင်တယ်လို့ KCNA ကပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ရေးပြအခမ်းအနားမှာ ထောက်လှမ်းရေး ဒရုန်းတွေကိုလည်း ထုတ်ဖော်ပြသခဲ့ တယ်လို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.