FILE PHOTO: U.S. President Joe Biden walks on the tarmac after arriving at Dover Air Force Base, in Dover, Delaware, U.S. July 28, 2023. REUTERS/Jonathan Ernst

 ဝါရှင်တန်၊ ဇူလိုင်(၃၀) 

နယူးဒေလီမြို့မှာ ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးမှာ ဗီယက်နမ်ခေါင်းဆောင်က အမေရိကန်-ဗီယက် နမ် ဆက်ဆံရေးတွေအကြောင်း ဆွေးနွေးဖို့ သူနဲ့တွေဆုံလိုတယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။ 

“ကျွန်တော်က ဗီယက်နမ်ဘက်က ဖုန်းကောတစ်ခုရခဲ့တယ်။ G20 အစည်းအဝေးသွားတဲ့အခါ သီခြားတွေ့ လိုတယ်ပေ့ါလေ။ ရုရှား၊ တရုတ်တို့နဲ့အတူ အမေရိကန်ကိုလည်း အဓိက မိတ်ဖက်အဖြစ် မြှင့်တင်လိုတယ်ပေါ့”လို့ ဂျိုးဘိုင်ဒန်က ဆိုပါတယ်။

 ဧပြီလတွင်း အစည်းအဝေးတစ်ရပ်မှာ ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တို့ တွေ့ဆုံခဲ့ပြီး ဝါရှင်တန်အစိုးဟာ တရုတ်ရဲ့ရန်လိုမှုတွေမြင့်တက်လာမှုကို ရင်ဆိုင်ဖို့ အာရှရှိမိတ်ဖက်တွေကို ဆက်ဆံရေး မြှင့်တင်ဖို့အတွက် နည်းလမ်းရှာနေတာလည်း ဖြစ်ပါတယ်။

 ဝါရှင်တန်အ‌ခြေစိုက် ဗီယက်နမ်သံရုံးဟာ ဘိုင်ဒန်ရဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး တစ်စုံတရာတုံ့ပြန် ဖြေဆိုခြင်းမျိုး မရှိခဲ့ပါဘူး။ 

ဝါရှင်တန်အစိုးအနေနဲ့ ဟနွိုင်းနဲ့ပြီးပြည့်စုံတဲ့ ဗျူဟာကျ မိတ်ဖက်တစ်ရပ်ဖြစ်အောင် ဆောင်ရွက်နေတာပါ။ 

ဗီယက်နမ်ဟာ အရေးပါတဲ့ ပို့ကုန်ကုန်သွယ်မှုနဲ့ အဓိကသွင်းအားစုတွေပံ့ပိုးပေးတဲ့ ဧရာမ အိမ်နီးချင်း တရုတ်နိုင်ငံ အပါအဝင် မိရိုးဖလာမိတ်ဖက်ဖြစ်တဲ့ ရုရှားနိုင်ငံကို ဆန့်ကျင်သွား မယ့်အန္တရာယ်ကို သတိကြီးစွာထားနေ ရတာပါ။

 ဒီလိုဗီယက်နမ်နဲ့အမေရိကန် ရင်းနှီးတဲ့ဆက်ဆံရေးမှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်နိုင် မလဲဆိုတာကို တာဝန်ရှိသူတွေက ပြောကြားထားခြင်းမရှိပေမယ့်လည်း စစ်ရေးပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်တာနဲ့ အမေရိကန် လက်နက်တွေ ထောက်ပံ့တာတွေ ပါဝင်နိုင်ကြောင်း ကျွမ်းကျင် သူတွေက ပြောကြားခဲ့ပါတယ်။ 

ဝါရှင်တန်နဲ့ အမေရိကန်ကာကွယ်ရေး ကုမ္ပဏီတွေဟာ ဗီယက်နမ်သို့ စစ်ဘက်ဆိုင်ရာ အ ထောက်အပံ့တွေ တိုးမြှင့်လိုကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပြီး ကမ်းခြေစောင့် သင်္ဘောတွေနဲ့ လေ့ကျင့်ရေးလေယာဉ်တွေ ပေးသွင်းသူအဖြစ် ရုရှားနဲ့ ဝေးကွာဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ 

Ref, Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.