လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နိုင်ငံပိုင်အဆောက် အဦးတစ်ခုကို ပြောင်း ရွှေ့လိုက်ပြီလို့ ပြည်တွင်း၊ပြည်ပသတင်းတချို့မှာ ဖော်ပြတာတွေ ရှိနေပါတယ်။ သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကတည်းက ပြောင်းရွှေ့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါ တယ်။ ဒါပေမဲ့ဒီဖြစ်စဉ်အပေါ် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးသလို ထိပ် တန်းလျှိူ့ဝှက်ချက်အဖြစ် ထားရှိထားတယ်လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်တဲ့အပေါ် NUG အနေနဲ့ ဘယ်လို မြင်ပါသလဲ။ စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်အတွက် အသုံးချလာနိုင်လား။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်နဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့မှုဟာ စစ်ကောင်စီမှာ ဘယ်လို ရည်ရွယ်ချက်တွေ ရှိနိုင်မလဲ၊ ဒီအပေါ်မှာ NUG အနေနဲ့ ဘယ်လို မြင်မိလဲ။

အခုAPသတင်းဌာနအပါအဝင် သတင်းဌာနတချို့က ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေပြည် တော်မှာရှိတဲ့ အိမ်တစ်အိမ်ကို ပို့ထားတယ်ဆိုတဲ့ သတင်းတွေထွက်နေတယ်။ အဲဒီသတင်းတွေက ဘယ်သူမှ အတည်ပြုချက်ရယူတာ မရှိသေးပါဘူးဆိုတာလည်း တွေ့ရပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ဒေါ် အောင်ဆန်းစုကြည်ကို ဘယ်လိုပဲရွှေ့ရွှေ့၊ ဘယ်လိုပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်အတွက် အဆင်ပြေ မယ့်နေရာရွှေ့တယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဝမ်းသာရမှာပေါ့။

ဘာလို့ဆိုသူက အသက်၇၈နှစ် ရှိနေပြီ။ နောက်ဆုံး သူ့ကိုမတရားဖမ်းဆီးချုပ်နှောင်ထားတာ အမှန်ဆိုရင် သူ့ကို ချက်ချင်းလွှတ်ပေးရမှာ။ သူ့ကို အကျဉ်းထောင်ထဲမှာ ဒုက္ခအမျိုးမျိုးရောက်အောင် အကျဉ်းချထားရာကနေ ပြီးတော့ နည်းနည်းအဆင်ပြေနေလို့ရမယ့် နေရာတခုကိုပို့တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဝမ်းမြောက်ဝမ်းသာ ရမှာပေါ့။ ဒါပေမယ့်တစ်ခုပြောချင်တာ အရေးကြီးဆုံးက ဘယ်လိုပဲနေရာရွှေ့ရွှေ့၊ အဲဒီလိုရွှေ့တာ သူ့ကိုနိုင်ငံ ရေးအကျဉ်းသားတစ်ယောက်အနေနဲ့ပဲ ထားတယ်ဆိုတဲ့ဟာကတော့ လက်ခံနိုင်စရာပေါ့။

သူကအခုထိ ဒီနေ့အထိ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ဖြစ်နေတယ်။ ဒါကြောင့် စစ်အာဏာရူးတွေပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းထားတဲ့ နိုင်ငံရေး အ ကျဉ်းသားတွေ အကုန်လုံးကို အမြန်ဆုံးချွင်းချက်မရှိ လွှတ်ပေးရမှာ။ စစ်ကောင်စီက သူတို့ကမရိုးသားလို့ သူတို့အကြမ်းဖက်သမားတွေပီပီ လူတွေကို ဒုက္ခပေးမယ်။ သူတို့အနေနဲ့ စိတ်ထားမှန်မှန်နဲ့ ဖြစ်အောင်လုပ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးအင်အားစုတွေ အကြားသွေးကွဲသွားမလား။ တော်လှန်ရေး အင်အားစုတွေနဲ့ နိုငငံတကာကြား သွေးကွဲသွားမလား။ တော်လှန်ရေးအင်အားကျသွားမလားဆိုတဲ့သဘောနဲ့ လုပ်ကိုင်တဲ့ သဘောရှိပါတယ်။

တော်လှန်ရေးအင်အားစုတွေကြားမှာ အားနည်းသွားစရာ လုံးဝမရှိဘူး။ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူ တွေနဲ့ ပေါက်ဖွားလာတဲ့အတွက်ကြောင့် ပြည်သူနဲ့တသားတည်းရှိတဲ့အတွက် ဘာမှအားလျော့စရာ မရှိဘူး။ တိုင်းရင်းသားပြည်သူတွေကလည်း စစ်အာဏာရှင်ရူးတွေရဲ့ လုပ်ရပ်တွေကို လိမ်ညာလှည့်ဖျားတဲ့ လုပ်ရပ်တွေ ကို သိထားတဲ့အတွက် ဘယ်လိုမှ တွေဝေသွားစရာမရှိဘူးလို့ ပြောကြားချင်ပါတယ်။

 ၂။ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး နိုင်ငံရေးထွက်ပေါက်အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ နောက်ရွေး ကောက်ပွဲအထိဖြစ်အောင် စစ်ကောင်စီဘက်က လုပ်ဆောင်လာနိုင်မလား ၊ သုံးသပ်ပေးပါဦး။

ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး နာမည်ခံငြိမ်းချမ်းရေးလုပ်ငန်းလုပ်ဖို့အတွက် သူတို့ကြိုးစားကောင်း ကြိုးစားလိမ့်မယ်။ ဒါပေမယ့်ခုနက ကျွန်တော်ပြောသလို ပြည်သူတွေက အကုန်မြင်ပြီးသား တော်လှန်ရေးလက် နက်ကိုင်အုပ်စုတွေက သိပြီးသား သူတို့လှည့်ဖျားသလို ရမှာမဟုတ်ဘူး။ ဒီဟာက ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ဖြစ်မှသာ ပြည်သူတွေက လက်ခံမှာရှင်းနေပါတယ်။

၃။ နောက်ဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီကို ဘာတွေ ပြောချင်တာ ရှိမလဲ။

ဒီစစ်ကောင်စီက သူတို့ရဲ့အမှန်ကိုဖြစ်ချင်တယ်ဆိုရင် သူတို့စစ်တန်းလျားပြန်သွားရုံပဲ ရှိတယ်။ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ဟာ ချက်ချင်းလက်ငင်းရပ်စဲပြီး ကိုယ့်စစ်တန်းလျားကို ပြန်သွားဖို့ လိုအပ်တယ်။  နိုင်ငံရေးကနေထွက်ဖို့ လိုအပ်တယ်။ ဒါမှသာ မြန်မာနိုင်ငံစစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရမှာဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.