ကျိုက်ထို၊ ဇူလိုင်(၃၀)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ စစ်တောင်းတံတားလမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခံရပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်အပြင် ရဲတပ်ဖွဲ့ဝင်တွေပါ တပ်စွဲနေထိုင်ထားတဲ့ အဲဒီစစ်ဆေးရေးဂိတ်ကို ဇူလိုင် ၂၈ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်နီးပါးအကြာဖြစ်ပွားခဲ့ပြီး စစ်ကောင် စီအပြင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရတာရှိခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၇ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သလို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က သတင်းထုတ်ပြန်ထားပါတယ်။

မုပ္ပလင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ ကျိုက်ထိုမြို့နယ် KNU ထိန်းချုပ်နယ်မြေရှိ ကျေးရွာထဲကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေ ကျူးလွန်ခဲ့တာပါ။

ကျိုက်ထို မုပ္ပလင်စစ်ဆေးရေးဂိတ်ဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း မကြာခဏဆိုသလို တိုက်ခိုက်ခံနေရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.