ဘုရားသုံးဆူ – ဇူလိုင်(၂၉)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် ထိုင်းမြန်မာ-နယ်စပ် မူဂျာထိပ်တောင်ကုန်းမှာရှိတဲ့ စစ်ကောင်စီစခန်းကို Ye A Fက SF-Z မောင်းသူမဲ့ လေယာဉ်အငယ်စားနဲ့ လျက်တပြတ် မိုးကြိုးစစ်ဆင်ရေးအဖြစ် (၃)ကြိမ်သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၂၈) ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံး(၆)လုံး ကြဲချနိုင်ခဲ့ကာ မိုးကြိုးစစ်ဆင်ရေးကို မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အခြေစိုက် တော်လှန်ရေး မဟာမိတ် အင်အားစုတွေက ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။

ဒီတိုက်ပွဲဖော်ဆောင်မှုဟာ တောင်ပိုင်းစစ်ဒေသ-ခွဲ၃ ရဲ့ မဟာဗျူဟာလုပ်ငန်းစဉ် ဖော်ဆောင်ရေး အတွက်လိုအပ်တဲ့ စစ်ရေးရည်မှန်းချက်တစ်ခုကို ဖော်ဆောင်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ အတွက် ဘဝတူတိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဖော်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီ စခန်းကုန်းကို တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ တရားဝင်ထုတ်ပြန်ထားတာမရှိသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ အသိ ပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.