June 2023

ဘီးလင်း ကျုံအိတ်တံတားဖြစ်စဉ်မှာ ၃ ဦး သေဆုံး ၂၆ ဦး ဒဏ်ရာရ

ဘီးလင်း – ဇွန်(၂၉) မွန်ပြည်နယ် သထုံမြို့နယ်နဲ့ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြကျေးရွာအနီး ကျုံအိတ်တံတား မိုင်းဖောက်ခွဲဖျက်ဆီးခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီဌာနဆိုင်ရာအရာရှိတွေ အပါအဝင် ၃ ဦးထက်မနည်း သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတားဟာ ဒီနေ့ ဇွန် ၂၉ ရက်နေ့ မနက် ၄ နာရီခွဲအချိန်လောက်မှာ မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားတခြမ်း…

ရေးမြို့နယ်က ၃ ရက်အတွင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံး

ရေး၊ ဇွန်(၂၉) မွန်ပြည်နယ်ရေးမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ၃ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အရာရှိ ၂ ဦးအပါအဝင် အခြားအဆင့် ၁၆ ဦး သေဆုံးခဲ့တယ်လို့ တောင်ပိုင်းတိုင်း ၊ စစ်ဒေသခွဲ အမှတ် – ၃၊ ဒုစစ်ဒေသခွဲမှူးရုံးက ထုတ်ပြန်ပါတယ်။ တပ်အင်အား…

ကျောက်တံခါးမှာ လက်နက်ကြီးကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ကျောက်တံခါး၊ ဇွန်(၂၉) ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ထဲကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးနဲ့အမျိုးသမီးတွေအပါအဝင် အရပ်သား ၅ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ ဇွန်လ(၂၇)ရက်နေ့ ည(၁၀)နာရီအချိန်မှာ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ဗောဓိကွင်းကျေးရွာ အုပ်စု၊ စဉ့်အိုးလှကျေးရွာနဲ့ ဗောဓိကွင်းကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တာပါ။…

စစ်အာဏာသိမ်း (၈၇၈)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၇၂၀ ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၂၉) AAPP ရဲ့ ဇွန်(၂၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၇၈)ရက်အတွင်း ပြည်သူ (၃၇၂၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၆၃၅ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၅၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ဒေါ်လာနဲ့ရွှေဈေးကြောင့် ထိုင်းဘတ်ငွေဈေးပါ လိုက်တက်လာ

မော်လမြိုင်၊ ဇွန်(၂၉) ပြည်တွင်းဒေါ်လာနဲ့ ရွှေဈေးနှုန်းမြင့်တက်လာပြီးနောက် ထိုင်းဘတ်ငွေဈေးနှုန်းကလည်း တစ်ဘတ်ကို ကျပ် ၉၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူသန်းရောင်း ဝယ်ရေးဘဏ် MICB တို့ကို အမေရိကန်အစိုးရက ဇွန် ၂၁ ရက်နေ့မှာ ပိတ်ဆို့အရေးယူမှု ချမှတ်လိုက်ပြီး ပြည်တွင်းဒေါ်လာနဲ့ ရွှေဈေးနှုန်းထိုးတက်လာခဲ့တာပါ။…

နွေဦးတော်လှန်ရေးမှာ EAO တွေ အားလုံးပါရင် မိမိတို့လည်းပါဝင်မယ်လို့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌပြော

ရေးချောင်းဖျား၊ ဇွန်(၂၉) တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို ဆုပ်ကိုင်ထားတဲ့ မွန်ပြည်သစ်ပါတီက နွေဦးတော်လှန်ရေး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲမှာ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေ အားလုံးပါရင် မိမိတို့လည်းပါဝင်သွားမယ်လို့ ပါတီဥက္ကဌ နိုင်ဟံသာက ပြောဆိုလိုက်ပါတယ်။ ဇွန် ၂၅ ရက်နေ့က ထုတ်လွှင်တဲ့ လွတ်လပ်သော မွန်သတင်းအေဂျင်စီနဲ့ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာတို့ တွေ့ဆုံခဲ့တဲ့အင်တာဗျူးမှာ နိုင်ဟံသာက မွန်ဘာသာနဲ့ ပြောဆိုသွားတာပါ။ နိုင်ဟံဟာက မိမိတို့…

ရေးမြို့နယ်နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း အရပ်သား ၄ ဦးဒဏ်ရာရ

ရေး၊ ဇွန်(၂၉) မွန်ပြည်နယ် ရေးမြို့နယ် ကလော့ကျေးရွာ ပေ ၄၀ တံတားအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း အိမ်စီးကားတစ်စီး ပစ်ခတ်ခံရတာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၂၈ ရက်နေ့ မနက် ၈ နာရီအချိန်လောက်က ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ်(၁၉)…

လောင်းလုံးနဲ့ ရေဖြူမြို့နယ်က ရဲစခန်း ၂ ခု တိုက်ခိုက်ခံရ

လောင်းလုံး၊ ဇွန်(၂၉) တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်နဲ့ ရေဖြူမြို့နယ်က ရဲစခန်း ၂ ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မနေ့ ဇွန် ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်လောက်မှာ လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းကို တစ်ကြိမ်၊ ညနေ ၅ နာရီအချိန်လောက်မှာ ရေဖြူမြို့နယ်ရှိ…

ပြုံးယမ်းတရားမဝင်ငွေကြေးလှုပ်ရှားမှုမှာပါဝင်နေတဲ့ ရုရှားနိုင်ငံသားကို တောင်ကိုရီးယားက ပိတ်ဆို့အရေးယူ

ဆိုးလ်၊ ဇွန်(၂၉) မြောက်ကိုရီးယားရဲ့ တရားမဝင်ငွေကြေးဆိုင်ရာလှုပ်ရှားမှုတွေမှာ ရုရှားနိုင်ငံသားတစ်ဦး ပါဝင်ပတ်သက်မှု အပေါ် တောင်ကိုရီးယားက ပိတ်ဆို့အရေးယူလိုက်ကြောင်း အာဏာပိုင်များက ဇွန်လ (၂၈) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ လျင်မြန်စွာတိုးတက်မှုကို မြင် တွေ့ခဲ့ရတဲ့ မြောက်ကိုးရီးယားရဲ့ အဏုမြူဗုံးနဲ့ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေအတွက် နိုင်ငံတကာပိတ်ဆို့ အရေးယူမှုတွေ ခံနေရတာဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုစည်းကမ်းတွေကို ချိုးဖောက်နေတဲ့ မြောက်ကိုရီးယားကို…