May 12, 2023

ရွေးကောက်ပွဲရှုံးရင် နိုင်ငံရေးလောကက ထွက်ခွာမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ပြောကြား

ဘန်ကောက်၊ မေ(၁၃) ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ လာမယ့်တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့ဖို့ အောက်လွှတ် တော်အမတ်နေရာ လုံလောက်စွာ အနိုင်မရရှိခဲ့ပါက United Thai Nation (UTN) ပါတီကနေ နုတ်ထွက်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နာခွန်စီသမ်မာရတ်ရှိ မဲဆွယ်စည်းရုံးမှုအတွင်း ပရာယွတ်က သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ မဲဆန္ဒနယ် အနည်းစုသာ အနိုင်ရရင် အိမ်ပြန်ပြီး အနားယူမှာပါ”…

Netflix ရုပ်သံကို အိန္ဒိယအစိုးရ အခွန်ကောက်တော့မယ်

နယူးဒေလီ – မေ(၁၃) အိန္ဒိယနိုင်ငံအစိုးရက နိုင်ငံအတွင်း ရုပ်သံထုတ်လွှင့်ရေးဝန်ဆောင်မှုတွေနဲ့ ဝင်ငွေရနေတဲ့ Netflix ကုမ္ပဏီကို အခွန်ကောက်ခံသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အမိန့်စာမူကြမ်းတစ်ခုမှာ အခွန်အာဏာပိုင်တါေက ၂၀၂၁ နဲ့ ၂၀၂၂ အခွန်စည်းကျပ်ကာလမှာ Netflix ဟာအိန္ဒိယရှိ တည်မြဲလုပ်ငန်းတွေကနေ အမေရိကန်ဒေါ်လာ (၆.၇၂) မီလျံ ရရှိထားတယ် လို့ ဆိုထားပါတယ်။ အိန္ဒိယအခွန်အရာရှိတွေဟာ နိုင်ငံတွင်း ရုပ်သံထုတ်လွှင့်ရေးဝန်ဆောင်မှုတွေကိုလုပ်ဆောင်ဖို့ အတွက်…

ဒူတာတေးရဲ့ မူးယစ်ဆေးဝါးစစ်ပွဲကိုဝေဖန်မှုနဲ့ စွဲချက်တင်ထားသူ ကို တရားရုံးပြန်လွှတ်ပေး

မနီလာ – မေ(၁၃) ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးရဲ့ မူးယစ်ဆေးဝါး စစ်ပွဲကို အပြင်းအထန်ဝေဖန်ခဲ့လို့ မူးယစ်ဆေးဝါးမှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဝေဖန်ရေးသမားတစ်ဦးကို တရားရုံးက တရားသေ ပြန်လွှတ်ပေးခဲ့ပါတယ်။ သူမကို ထောင်သွင်းအကျဉ်းချတာဟာ နှောင့်ယှက်တာနဲ့ နှုတ်ပိတ်ဖို့ ကြိုးပမ်းမှုလို့ ပြောဆိုခဲ့ပြီး တက်ကြွလှုပ်ရှားသူတွေကတော့ ဒီအခြေအနေကို ကြိုဆိုခဲ့ကြပါတယ်။ ဒူတာတေးအစိုးရလက်ထက်က တရားရေးဝန်ကြီးအဖြစ် အထက်လွှတ်တော်အမတ် လီလာ ဒီလီမာကို အကျဉ်းထောင်တွေထဲက…

လက်ဖက်ရည်လာသောက်တဲ့ တောင်ခင်ရမ်း နယ်မြေရဲစခန်းက ရဲဒုအရာခံဗိုလ်တစ်ဦး ပစ်သတ်ခံရ

ဂန့်ဂေါ – မေ(၁၂) မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် တောင်ခင်ရမ်း နယ်မြေရဲစခန်းက ရဲဒုအရာခံဗိုလ်တစ်ဦးကို နယ်မြေ စုပေါင်း ပ.က.ဖ က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ မေလ(၁၂) ရက်နေ့ မနက်(၈) နာရီဝန်းကျင်က လက်ဖက်ရည်သောက်ပြီး ပြန်လာတဲ့ ရဲဒုအရာခံ ဗိုလ် သိန်းဇော် ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ “မနေ့က လက်ဖက်ရည်သောက်လာတဲ့အချိန်မှာ သေနတ်နဲ့…

ရခိုင်ပြည်နယ်က မြို့နယ် (၇) မြို့နယ်ကို အနီရောင်အဆင့် သတ်မှတ်

စစ်တွေ – မေ(၁၂) ရခိုင်ပြည်နယ်က မြို့နယ် (၇) မြို့နယ်ကို ဒီနေ့ မေလ(၁၂) ရက်နေ့ နေ့လည် (၁)နာရီ(၄၅) မိနစ်ကစပြီး အနီရောင်အဆင့် သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့​ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီ(၇) မြို့နယ်ဟာ စစ်တွေ၊မောင်တော၊ကျောက်ဖြူ၊မာန်အောင်၊ပေါက်တော၊မြေပုံနဲ့ ရသေ့တောင် မြို့နယ်တို့ဖြစ်တယ်လို့ ဆိုထားပါတယ်။ အနီရောင်အဆင့်သတ်မှတ်ခံထားရတဲ့ မြို့နယ်တွေမှာ နေထိုင်သူတွေအနေနဲ့ မဖြစ်မနေ ပြောင်းရွှေ့ဖို့…

ရန်ကုန်ဝန်ကြီးချုပ် ရုံးထိုင်တဲ့ စစ်ကောင်စီတိုင်းရုံး ၄၀- မမနဲ့ ပစ်ခံရ

ရန်ကုန် – မေ(၁၂) ရန်ကုန်တိုင်းဝန်ကြီးချုပ် ရုံးထိုင်တဲ့ စစ်ကောင်စီ တိုင်းအစိုးရအဖွဲ့ရုံးကို ၄၀ -မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ မေလ(၁၂) ရက်နေ့ မနက်အစောပိုင်းက ၄၀-မမ ဗုံးသီးနဲ့ အနောက်ပိုင်းခရိုင် ပ.က.ဖ၊ တပ်ရင်း တပ်ခွဲ(၁) နဲ့ စမ်းချောင်း ပ.က.ဖ တို့ပူးပေါင်းပြီး…

ချောင်းသာကမ်းခြေရှိ ဒေသခံပြည်သူ ၇၀ရာခိုင်နှုန်းကျော် မုန်တိုင်းလွတ်ရာသို့ တိမ်းရှောင်

ပုသိမ်၊ မေ(၁၂ ) မိုခါ(MOCHA) ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်မယ့် အခြေအနေကြောင့် ပုသိမ်ခရိုင်ချောင်းသာ ကမ်းခြေမှာ ရှိတဲ့ ဒေသခံပြည်သူ (၇၀) ရာခိုင်နှုန်းကျော်ဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြပြီဖြစ်တယ်လို့ အဲဒီဒေသမှာ မုန်တိုင်းနဲ့ပတ်သက်လို့ စောင့်ကြည့်နေတဲ့ ကယ်ဆယ်ရေးတာဝန်ခံတစ်ဦးကဆိုပါတယ်။ “ မနေ့တည်းက ရွှေ့ပြောင်းနေကြတာ။ လက်ရှိအခြေ အနေအထိတော့ ထူးထူးခြားခြား ဘာမှမရှိဘူး။ မိုးရွာ တယ်၊ လေနည်းနည်းတိုက်တယ်။ ခရိုင်တစ်ခုလုံးက တော့ စောင့်ကြည့်နေတဲ့…

ဆိုင်ကလုန်းမုန်တိုင်းမျက်စိပေါ်လာနေပြီး အဖျက်စွမ်း အားပြင်းမုန်တိုင်းအဖြစ်ကို (၆)နာရီအတွင်း ရောက်မယ်

မော်လမြိုင်၊ မေ ( ၁၂) ဆိုင်ကလုန်းမုန်တိုင်းမိုခါရဲ့ မုန်တိုင်းမျက်စိပေါ်လာနေပြီဖြစ်ကာ (၃)နာရီကနေ (၆)နာရီအတွင်း Cat4 အဆင့်ရှိ အဖျက်စွမ်းအားပြင်း မုန်တိုင်းအဖြစ်ကို ရောက်ရှိတော့မယ်လို့ မိုးလေဝသပညာရှင်တွေက အရေးပေါ်သတိပေး ချက်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ မိုးလေဝသပညာရှင် ဒေါ်စုစုစံက “ မုန်တိုင်းမျက်စိပေါ်လာပါပြီ ယခု Cat 3 မှ ၆နာရီအတွင်း Cat4 အဆင့်ရှိ အဖျက်စွမ်းအားပြင်း powerful cyclone…