April 2023

မြဝတီမြို့နယ်မဲကနယ်ဒေသကို လက်နက်ကြီးမျိုးစုံနဲ့ စစ်ကောင်စီတပ် တိုက်ခိုက်နေ

မြဝတီ၊ ဧပြီ(၃၀) စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် မဲကနယ်ကျောက်တောင်ဒေသတစ်ဝိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးမျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေဆီကနေ သိရပါတယ်။ ဧပြီ(၂၈)ရက်နေ့ ည(၁၀)နာရီခွဲအချိန်ကစပြီး KNU တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ မဲကနယ် ကျောက်တောင်ဒေသ ပတ်ဝန်းကျင်တစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာ၊ အတွဲလိုက်ပစ်ဒုံးစတဲ့ လက်နက်ကြီးမျိုးစုံနဲ့ ညလုံးပေါက် ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တာပါ။ မဲကနယ်ကျောက်တောင် ဒေသတစ်ဝိုက်မှာ…

ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ် တိုက်ပွဲဖြစ်

ဘီးလင်း၊ ဧပြီ(၃၀) မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ အလုံတောင်အနီးမှာ ဧပြီ ၂၉ ရက်နေ့ မနက် ၇ နာရီအချိန်လောက်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကနေ သိရပါတယ်။ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ KNU ဘီးလင်းမြို့နယ်ထဲ နယ်မြေကျူး ကျော်…

တော်လှန်ရေးအင်အားစုတွေကို အာဆီယံက တွေ့ဆုံဆွေးနွေးတာတွေရှိနေ

ရန်ကုန် ၊ ဧပြီ (၃၀) မြန်မာ့အရေးမှာ သက်ဆိုင်သူအားလုံးရဲ့ အကျုံးဝင်မယ့် ဆွေးနွေးမှုတွေဖော်ဆောင်ဖို့နဲ့ အမြင်သ ဘောထား ကွဲပြားမှုတွေကြားမှာ ညှိနှိုင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးတာတွေ ရှိနေတယ်လို့ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြောပါတယ်။ အာဆီယံအလှည့်ကျဥက္ကဌလည်းဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာစစ်တပ်၊ အမျိုးသားညီညွတ် ရေးအစိုးရ NUG ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပါအဝင် နိုင်ငံရေးပါတီတွေနဲ့ ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလာတာ…

“အရပ်သားတွေပါ ပစ်မှတ်ဖြစ်လာတဲ့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုများ”

လွိုင်ကော်၊ ဧပြီ(၃၀) ပြည်သူ့ခုခံစစ်တွေကြောင့် တပ်အင်အားပြုန်းတီးမှုနဲ့အတူ နယ်မြေဆုံးရှုံးမှုများလာတဲ့ စစ်အုပ်စုဟာ တော်လှန်ရေး အင်အားစုတွေကိုဖိနှိပ်ဖို့နဲ့ အသားစီးရဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို အ ဓိက အသုံးပြုလာသလို အရပ်သားတွေကိုပါ ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရေးပေါ်ကာလ သက်တမ်းထပ်တိုးထားတဲ့ ၂၀၂၃ ခုနှစ်အတွင်း အပြင်းအထန်ဆုံး ပြုလုပ်လာသလို လေကြောင်းတိုက်ခိုက်မှုမှာလည်း အရပ်သားပစ် မှတ်တွေကိုပါ မချန်ဘဲ တိုက်ခိုက်ခဲ့လာတာပါ။ အဆိုးဆုံးအနေနဲ့…

ရေးမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံး ၊ ၃ ဦး ဒဏ်ရာရ

ရေး၊ ဧပြီ(၃၀) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ် ကျုံပေါကျေးရွာထိပ်ရှိ စစ်ကောင်စီသြဇာခံ ပြည်သူ့စစ် နဲ့ BGF ပူးပေါင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာယုတောင်အုပ်ချုပ်ရေးမှူး ဦးလင်းဦး တာဝန်ယူထားတဲ့ ပြည်သူ့စစ်နဲ့ BGF ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ဧပြီ ၂၉…

ဂျပန်မှာ အားလပ်ရက်မတိုင်ခင် ကိုဗစ်ကန့်သတ်ချက်တွေ ရုပ်သိမ်းမယ်

တိုကျို၊ ဧပြီ(၃၀) ဂျပန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာသူတွေကို ကိုဗစ်ကာကွယ်ဆေးသုံးကြိမ်ထိုးနှံထားသော သက်သေခံချက် ဒါမှမဟုတ် ကိုဗစ်မရှိကြောင်း Pre Departure စစ်ဆေးချက် ပြသရတဲ့ လိုအပ်ချက်အပါအဝင် စည်းကမ်းချက်အများအပြားကို ရုပ်သိမ်းသွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံရဲ့ အားလပ်ရက် ပိတ်ရက်တွေ မတိုင်မီဒီစည်းကမ်းတွေကို ဖြေလျော့လိုက်တာကြောင့် နိုင်ငံခြားသားခရီးသည် အမြောက်အမြားဝင်ရောက်လာမယ်လို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း မေလ ၈ ရက်နေ့အထိ…

ဆော်ဒီနဲ့ အီရန်တို့ရဲ့ နှစ်ဘက်သံရုံးတွေ ရက်ပိုင်းအတွင်း ပြန်ဖွင့်မယ်

တီဟီရန် – ဧပြီ(၃၀) ဆော်ဒီအာရေးဗျ နိုင်ငံနဲ့ အီရန်တို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်နွေးထွေးလာတာကြောင့် သက်ဆိုင်ရာ မြို့တော်တွေမှာ သံရုံးတွေကို ရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ် တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ လက်ဘနွန်မြို့တော် ဘေရွတ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အီရန်ဝန်ကြီးက ၂၀၁၆ ခုနှစ်မှာ ပိတ်ခဲ့တဲ့ သံရုံးတွေ ပြန်လည်ဖွင့်လှစ်မှာဖြစ်တယ်လို့ ဆိုခဲ့ပြီး ဘယ်နေ့မှာ ပြန်လည်…

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ လုပ်ရပ်ဟာ ပိုမိုအန္တရာယ်ဖြစ်စေနိုင်တယ်လို့ ပြုံယမ်းဆို

ပြုံယမ်း – ဧပြီ(၃၀) မြောက်ကိုရီးယားကို တားဆီကာကွယ်ရေးမှာ အားကောင်းခိုင်မာစေဖို့ ရည်ရွယ်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ သဘောတူညီမှုဟာ ပိုမိုပြင်းထန်တဲ့ အခြေအနေကို ဦးတည်စေနိုင်တယ် လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။ ဝါရှင်တန်မှာ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားသမ္မတတို့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားအနေနဲ့ မဟာမိတ်တွေကို ဆန့်ကျင်ရေးအတွက် ကိုယ်ပိုင် နျူကလီးယားကို အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုထားတာပါ။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ…