တိုင်ပေ – မတ်(၂၃) 

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြည်ပသို့သွားရောက်ချိန်မှာ တရုတ်နိုင်ငံက ပြုမူလာနိုင်တဲ့ အခြေအနေတွေအတွက် အရေးပေါ်အစီစဉ်တွေထားရှိပြီး ဖြစ်သလို နောက်အပတ်အတွင်း ကျရောက်မယ့် ထိုင်ဝမ်သမ္မတရဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကန်အလယ်ပိုင်း ခရီးစဉ် တွေမတိုင်ခင် နိုင်ငံရဲ့ ဒုတိယကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။ 

အမေရိကန်ပြည်ထောင်စုအောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီရဲ့ ခရီးစဉ်နောက်ပိုင်းမှာ တရုတ် အစိုးရက ထိုင်ဝမ်ကို သူတို့ရဲ့ ပိုင်နက်အဖြစ်ပြောဆိုထားပြီး ကျွန်းအနီးမှာ အကြီးစားစစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။ 

နောက်အပတ်မှာ စတင်မယ့် ထိုင်ဝမ်သမ္မတရဲ့ ခရီးစဉ်အတွင်း သံတမန်မဟာမိတ် ဂွါတီမာလာ နဲ့ ဘီလီဇီတို့နဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပြီး နယူးရောက်နဲ့ လော့စ်အိန်ဂျလိစ့်တို့မှာ အနားယူဖို့ ရှိ တယ်လို့ သိရပါတယ်။ 

ကယ်လီဖိုးနီးယားကို ရောက်ရှိချိန်အတွင်း သက်ဆိုင်ရာပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ကီဗင်မက် ကာသီနဲ့ တွေ့ဆုံသွားဖို့ရှိပြီး အထိရှအလွယ်ဆုံး ခရီးတစ်ထောက်နားမှုဖြစ်ကာ တွေ့ဆုံမယ့်နေရာ ကို ထိုင်ဝမ်သမ္မတရုံးက ဖြေဆိုဖို့ ငြင်းဆန်ထားပါတယ်။ 

ထိုင်ဝမ်သမ္မတ ပြည်ပကိုရောက်နေချိန်မှာ တရုတ်အနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပိုမို လုပ်ဆောင် လာရင် နိုင်ငံလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ပြင်ဆင်ပြီးသားဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

“သမ္မတရဲ့ ပြည်ပခရီးစဥ်ကာလအတွင်းမှာ အခြေအနေများအားလုံးအတွက် ကာကွယ်ရေး ဝန်ကြီးဌာနမှာ ဘေးကင်းရေးအစီအစဥ်များ ချမှတ်ပြီးသားပါ” ထိုင်ဝမ်ဒုတိယကာကွယ်ရေး ဝန်ကြီးက ပြောခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေတော့ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ 

ဒါ့အပြင်ထိုင်ဝမ်သမ္မတရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက တရုတ်အနေနဲ့ ဒီခရီးစဉ်အတွက်တုံ့ပြန်တာမျိုးလုပ်ဖို့ ရမယ်ရှာလို့ မရနိုင်ပါဘူး​။ ဒါမျိုးခရီးစဉ်တွေက ပုံမှန် ဖြစ်ပြီး ဒီမတိုင်ခင်ကလည်း အကြမ်ပေါင်းများစွာရှိထားတယ်လို့ ဆိုခဲ့ပါတယ်။ 

တရုတ်နိုင်ငံဟာ ထိုင်ဝမ်သမ္မတ အမေရိကန်ပြည်ထောင်စုမှာ တစ်ထောက်နားမယ့် ကိစ္စရပ် တွေနဲ့ ပတ်သက်ပြီး ဝေဖန်ထားသလို ဩဂုတ်လကစတင်ပြီး ထိုင်ဝမ်ကျွန်းတဝိုက်မှာ သူတို့ရဲ့ စစ်ရေး လေ့ကျင့်မှုတွေကို လျှော့ချထားပြီးဖြစ်တယ်လို့ ပြောထားပါတယ်။ 

Ref: Reuters 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.