March 15, 2023

လာမယ့်အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲ ရုပ်သံထုတ်လွှင့်ရေးကိစ္စ ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား စတင်ဆွေးနွေး

ဘန်ကောက်၊ မတ်(၁၆) ထိုင်းနဲ့ ကမ္ဘောဒီယားနှစ်နိုင်ငံအကြားမှာ လာမယ့်အရှေ့တောင်အာရှဆီးဂိမ်း ပြိုင်ပွဲ ရုပ်သံထုတ်လွှင့် ရေးရ ပိုင်ခွင့်တွေအကြောင်း ဆွေးနွေးမှုတွေစတင်ခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက် အကျိုးရှိမယ့် အပေးအယူကို နှစ် ဖက်စလုံးမှ လုပ်နိုင်မယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဆီးဂိမ်းအဖွဲ့ချုပ်ကောင်စီ ဒုတိယဥက္ကဌ ချိုင်ပက်ဆီရီဝတ်ဟာ ထိုင်းကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဖနွမ် ပင်မှာ ထိုင်းအားကစားအာဏာပိုင် ကိုယ်စားလှယ်တွေနဲ့ အတူ အဲဒီကိစ္စကို…

ပါလီမန်ကိုတစ်ခါမှလာရောက်တာမရှိတဲ့ ဂျပန် လွှတ်တော်အမတ်ရာထူးက ထုတ်ပယ်ခံရ

တိုကျို – မတ်(၁၆) နာမည်ကြီး အတင်းအဖျင်းပြောတဲ့ ယူကျူဘာတစ်ဦးဖြစ်တဲ့ ဂျပန်လွှတ်တော်အမတ် ရိုရှီကာ ဆူဟီဂါရှီတာနီဟာ ပါလီမန်ကို တစ်ခါမှ လာရောက်တာမရှိတဲ့အတွက် ပါလီမန်က ထုတ်ပယ် ခံခဲ့ရတဲ့ ဂျပန်နိုင်ငံရဲ့ ပထမဆုံး လွှတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၇) လက သူ့ကို ရွေးကောက်တင်မြှောက်ပြီးနောက်ပိုင်း လွှတ်တော်အစည်းအဝေးတွေ ကို တစ်ရက်မှ တက်ရောက်တာမရှိတာကြောင့် လွှတ်တော် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ…

နျူစွမ်းအင်သုံးရေငုပ်သင်္ဘော အပေးအယူလုပ်တဲ့ AUKUS (အောကတ်စ်) ဟာ အန္တရာယ်လမ်း ကိုလိုက်နေတယ်လို့ တရုတ်သတိပေး

ပေကျင်း – မတ်(၁၆) နျူကလီးယားစမ်းအင်သုံး ရေငုပ်သင်္ဘောအပေးအယူကိစ္စထွက်ပေါ်လာပြီးနောက် ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ မှားယွင်းမှုနဲ့ အန္တရာယ်လမ်း တစ်ခုနောက်ကို လိုက်ပါနေတယ် လို့ ဩစတြေးလျကို တရုတ်နိုင်ငံက သတိပေးခဲ့ပါတယ်။ အင်အားကြီးလာတဲ့ တရုတ်နဲ့ ရင်ဆိုင်မယ့် အာရှပစိဖိတ်တစ်လျှောက်ကို အနောက်ကမ္ဘာအင် အားကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်-ဗြိတိန်နည်းပညာအတိုင်း ပုံစံအသစ် တည် ဆောက်ထားတဲ့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော(၅) စင်းဝယ်ယူဖို့…

စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၄) ကြိမ်ကျူးလွန်ခဲ့ပြီး လူ(၇၆၆) ဦးသေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

မော်လမြိုင် – မတ်(၁၅) မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်ဖော်ဝါရီလ(၁) ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မတ်လ(၁၃) ရက်နေ့အထိ စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၄) ကြိမ် အထိ ကျူးလွန်ခဲ့ပြီး အဲဒီဖြစ်စဉ်တွေကြောင့် ပြည်သူ (၇၆၆) ဦးသေဆုံးခဲ့ရတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအဖြစ် ၂၀၂၁ ခုနှစ်က…

တနင်္သာရီမှာ စစ်တပ်ထောင်ထားတဲ့မိုင်း တပ်မိသားစုဝင်တစ်ဦးပြန်နင်းမိ

တနင်္သာရီ – မတ်(၁၅) တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီ ခ.မ.ရ- ၅၆၁ တပ်နားမှာ စစ်တပ်ဘက်က ထောင်ထားတဲ့ မိုင်းကို တပ်မိသားစုဝင်တစ်ဦး ပြန်နင်းမိပြီး ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မတ်လ(၁၄) ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ ခ.မ.ရ-၅၆၁ တပ်အနီးက စစ်တပ်ပိုင် သီဟိုဠ်ခြံထဲမှာ…

မြန်မာ-အိန္ဒိယ နယ်စပ်က နွေဦးစာသင်ကျောင်းမှာ ၂၀၂၂-၂၃ ပညာသင်နှစ် အတန်းကူးပြောင်း စာရင်းထုတ်ပြန်

ကလေး – မတ်(၁၅) မြန်မာနိုင်ငံနဲ့ အိန္ဒိယ နယ်စပ်တစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ နွေဦးစာသင်ကျောင်းမှာ ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် KG တန်းကနေ Grade-9 အထိ အတန်းကူးပြောင်းစာရင်း(အောင်စာရင်း) တွေထုတ်ပြန်ထားပါတယ်။ အတန်းကူးပြောင်းစာရင်းတွေကို ဒီနေ့ မတ်လ(၁၅) ရက်နေ့မှာ ထုတ်ပြန်ထားတာဖြစ်ပြီး အဲဒီ စာသင်ကျောင်းကို ဗမာပြည်ဒုက္ခသည်များ ကော်မတီ(ကဘော်ချိုင့်ဝှမ်း)Burma Refugee Committee-Kabaw Valley တို့ ပူးပေါင်းဖြစ်လှစ်ထားတာဖြစ်ပါတယ်။…

တော်လှန်ရေး သစ္စာပျက်ယွင်းလာသူတွေကို အရေးယူဆောင်ရွက်မယ်လို့ NUG ဝန်ကြီးချုပ်ပြော

မော်လမြိုင် – မတ်(၁၅) စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာ ပြည်သူကို ရှေးမရှုဘဲ တော်လှန်ရေးအပေါ် သစ္စာပျက်ယွင်းလာသူတွေ ရှိလာရင် စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူဆောင်ရွက်မှာဖြစ်တယ် လို့အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၁၄) ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၁၀) ကြိမ် မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ချိန်မှာ ပြည်သူတွေကို ကောင်းမွန်စွာ…

မသန်စွမ်းသူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနဲ့ ဆက်သွယ်မေးမြန်းချက်

မသန်စွမ်းစီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေကို သက်တမ်း ၃ နှစ်ရှိတဲ့ ကာလတိုချေးငွေ ထုတ်ချေးပေးသွားမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။ ချေးငွေ ရယူလိုတဲ့ မသန်စွမ်းစီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ မတ် ၂၄ ရက်နေ့ နောက်ဆုံးထားပြီး စစ်ကောင်စီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနရုံး နေပြည်တော်မှာ လျှောက်ထားကြဖို့ ထုတ်ပြန်ထားပါတယ်။ ချေးငွေထုတ်ရာမှာ တင်းကျပ်ထားတဲ့ ကန့်သတ်ချက်တွေ၊ စစ်တပ် အာဏာသိမ်းကာလအတွင်း မသန်စွမ်းသူတွေ…