ဂျပန်နိုင်ငံမှာ ဆူရှီစားသုံးပုံကို နောက်ပြောင်ကျီစယ်ပြီး ဗီဒီယိုရိုက်ကူးခဲ့သူ ၃ ဦး ဖမ်းဆီးခံရ
တိုကျို၊ မတ်(၁၀) ဂျပန်နိုင်ငံမှာ “ဆူရှီအကြမ်းဖက်မှု” ပြုလုပ်တယ်လို့ နာမည်တပ်ထားတဲ့ အမှုနဲ့ပတ်သက်ပြီး လူ(၃)ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဆူရှီဆိုင်တစ်ဆိုင်မှာ ဆူရှီစားသုံးပုံကို နောက်ပြောင်ကျီစယ်ပြီး သန့်ရှင်းမှုမရှိတဲ့လုပ်ရပ်တွေပါဝင်တဲ့ နောက် ပြောင်မှုတွေကိုရိုက်ကူးထားတဲ့ ဗီဒီယိုအတိုကြောင့် အွန်လိုင်းပေါ်က လူတွေကိုဒေါသူပုန်ထစေခဲ့တာပါ။ အဲဒီ ဗီဒီယိုပျံ့နှံ့သွားပြီးနောက် ဝယ်ယူသူတွေရဲ့ မကျေနပ်ချက်တွေများစွာဖြစ်ပေါ်ခဲ့ရပြီး ကူရာဆူရှီစား သောက်ဆိုင်ရဲ့ စီးပွားရေးကိုနှောင့်ယှက်ဖို့ကြိုးပမ်းနေတယ်ဆိုတဲ့ စွဲချက်နဲ့ရဲတွေက ဖမ်းဆီးလိုက်တာဖြစ် ပါတယ်။ ဗီဒီယိုဖိုင်ထဲမှာ နောက်ပြောင်တဲ့…