February 2023

ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီတပ် လေယာဉ်နဲ့တပ်အင်အားတွေ ဖြည့်တင်းနေ

ဘုရားသုံးဆူ၊ ဖေဖော်ဝါရီ(၃) နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဘုရားသုံးဆူမြို့ထဲကို ဖေဖော်ဝါရီ (၂)ရက်နေ့ နေ့လည်ပိုင်းအချိန်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့တပ်အင်အားတွေ ဖြည့်တင်းနေတယ်လို့ ဒေသခံတွေနဲ့ မြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ နယ်မြေစိုးမိုးမှုအခြေအနေအရ စစ်ကောင်စီတပ်ဟာ ဘုရားသုံးဆူမြို့ထဲကို မြေပြင်လမ်းကြောင်းကနေတစ်ဆင့် တပ်အင်အားတွေ လာရောက်ဖြည့်ဆည်းဖို့ အခက်အခဲရှိနေတာကြောင့် လေယာဉ်နဲ့ တပ်အင်အားတွေ ဖြည့်တင်းလာတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီနေ့မှာပဲ လေယာဉ်…

မွန်ပြည်နယ် ရေးမြို့နယ်ကို စစ်အုပ်ချုပ်ရေးအဖြစ် စစ်ကောင်စီ ကြေညာ

ရေး – ဖေဖော်ဝါရီ (၂) စစ်ကောင်စီက လုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ဖို့အတွက်ဆိုပြီး မြန်မာတောင်ပိုင်းဒေသအတွင်းရှိ မွန်ပြည်နယ် ရေးမြို့နယ်အပါအဝင် မြို့နယ် ၅ ခုကို ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ညပိုင်းမှာ စစ်အုပ်ချုပ်ရေး (Martial Law) အဖြစ် ကြေညာလိုက်ပါတယ်။ မြန်မာပြည်တောင်းပိုင်းဒေသအတွင်းရှိ မွန်ပြည်နယ်က ရေးမြို့နယ်အပါအဝင် ကရင်ပြည်နယ်ရှိ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊…

ပေါင်မြို့နယ် ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်လောင်း ပစ်သတ်ခံရ

ပေါင် – ဖေဖော်ဝါရီ(၂) မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း ဦးကိုကိုလေးရဲ့ နေအိမ်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ(၁) ရက်နေ့ ညပိုင်းက ပေါင်းရပ်ကွက် ဘူတာလမ်းက နေအိမ်ကို လူငယ်နှစ်ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး သေနတ်နဲ့ (၉) ချက်ထက်မနည်း ပစ်ခတ်ရှင်းလင်းခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။ ပစ်ခတ်ခံရပြီးနောက် ဦးကိုကိုလေးကို…

ဗီယက်နမ်မှာ စစ်တိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးတစ်ဦးသေဆုံး

ဟနွိုင်း၊ ဖေဖော်ဝါရီ(၂) ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ တိုက်လေယာဉ်လေ့ကျင့်ပျံသန်းမှုအတွင်း လေယာဉ်တစ်စင်းပျက်ကျပြီးနောက် လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာကဖော်ပြထားပါတယ်။ ရုရှားနိုင်ငံထုတ် Sukhoi Su-22 လေယာဉ်ကို ဗီယက်နမ်ပြည်သူ့တပ်မတော် လေတပ်လေ့ကျင့်ရေးမှာ အသုံးပြုခဲ့ပြီး တောင်ကြောထူထပ်တဲ့ ယန်ဘိုင်ပြည်နယ်ရှိ စစ်လေဆိပ်တစ်ခုမှာ ဇန်နဝါရီ၃၁ရက်နေ့က ပျက်ကျခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ သိရပါတယ်။ “လေယာဉ်မှူးကို လေယာဉ်ပေါ်ကနေ လေထီးနဲ့ ခုန်ချဖို့ အမိန့်ထုတ်ခဲ့ပေမယ့် လေယာဉ်ကို ပြန်ထိန်းနိုင်ဖို့…

ထိုင်းမှာ Vape လက်ဝယ်ထားရှိရင် ထောင်ဒဏ်(၅) နှစ်အထိချမှတ်ခံရနိုင်

ဘန်ကောက် – ဖေဖော်ဝါရီ(၂) ထိုင်းနိုင်ငံမှာ လျှပ်စစ်အားသွင်းစီးကရက်အစားထိုး e-cigarette (vape) တွေကို လက်ဝယ်တွေ့ရှိရင် ထောင်ဒဏ်(၅)နှစ်နဲ့ အမြင့်ဆုံ ဒဏ်ကြေးပေးဆောင်ရနိုင်တယ်လို့ ရှေ့နေတစ်ဦးက သတိပေးခဲ့ပါတယ်။ ဒီသတိပေးချက်ဟာ ထိုင်ဝမ်မင်းသမီးတစ်ဦးဆီကနေ Vape တွေ့ရှိချိန်မှာ ဘန်ကောက်ရဲ တွေက လာဘ်ငွေတောင်းပြီး မျက်ကွယ်ပြုဖို့ လုပ်ဆောင်ခဲ့တဲ့ ဖြစ်ရပ်ပြီးနောက် ထွက်ပေါ်လာတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၅) ရက်နေ့က ရဲတပ်ဖွဲ့ခေါင်းဆောင်(၂) ဦးနဲ့…

မွန်ညီညွတ်ရေးပါတီက ဒေါက်တာဗညားအောင်မိုး စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ အနားပေးခံရ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂) မွန်ညီညွတ်ရေးပါတီ (MUP) က ကိုယ်စားလှယ်အဖြစ် စေလွှတ်ထားတဲ့ ဒေါက်တာဗညားအောင်မိုးကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ အနားပေးပြီး ဗဟိုအကြံ ပေးအဖွဲ့ဝင်အဖြစ် ပြောင်းလဲခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉ အရ စစ်ကောင်စီ ဗဟိုအကြံပေးဖွဲ့ကို ဒေါက်တာ ဗညားအောင်မိုးအပါအဝင်…

နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ဦးကျော်မိုးထွန်းနဲ့ NUCC ကို စာရင်းသွင်း

အော်စလို – ဖေဖော်ဝါရီ(၂) ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းအားထုတ်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသ မဂ္ဂအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) တို့ကို ၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် စာရင်းသွင်းထားပါတယ်။ သံအမတ်ဦးကျော်မိုးထွန်းဟာ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားချိန်မှာ စစ်ကောင်စီကို အသိအမှတ် မပြုဖို့နဲ့ တရားဝင်မှု မပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုခဲ့သလို အမျိုးသားညီညွတ်ရေးအစိုး ရ NUG ကိုယ်စားလှယ်အဖြစ်…

အမေရိကန်နဲ့ မဟာမိတ်တွေက စစ်ကောင်စီကို ထပ်မံပိတ်ဆို့အရေးယူ

ဝါရှင်တန် – ဖေဖော်ဝါရီ(၂) အမေရိကန်နဲ့ မဟာမိတ်တွေက စစ်တပ်အာဏာသိမ်းမှု (၂) နှစ်ပြည့်မှာ အာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင်တွေနဲ့ စွမ်းအင်ဆိုင်ရာ အရာရှိတွေကို ပိတ်ဆိုးအရေးယူမှုနဲ့အတူ မြန်မာနိုင်ငံအပေါ် ဒဏ် ခတ်အရေးယူမှုတွေ ထပ်မံချမှတ်ခဲ့ပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်၊သတ္တုတင်းလုပ်ငန်းတွေနဲ့ စွမ်းအင်အရာရှိ တွေအပါအဝင် တခြားပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဌာနက ထုတ်ပြန်ထားပြီး ဗြိတိန်၊ကနေဒါနဲ့ ဩစတေးလျ နိုင်ငံတွေကလည်း…