တောင်ငူ၊ ဇန်နဝါရီ(၁)

ပြည်သူလူထုတွေအနေနဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲနဲ့အကျိုးစီးပွားမှန်သမျှကို ဆန့်ကျင်သ ပိတ်မှောက်ဖို့ အချက်တွေအပါအဝင် စစ်ဘေးရှောင်ပြည်သူလူထုကို ကူညီပံ့ပိုးပေးဖို့စတဲ့ အချက်(၇) ချက်ပါ သဘောထားကြေညာချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၆)ရက်နေ့ကနေ ဒီဇင်ဘာ(၁၉)ရက်နေ့အတွင်း ကျင်းပခဲ့တဲ့ KNU တောင်ငူခရိုင် တပ်မဟာ(၂)ရဲ့ (၇)ကြိမ်မြောက် ကွန်ကရက်အပြီးမှာ အခုလိုသဘောထားကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

KNU တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေတွင်းရှိ လူထုတွေအနေနဲ့ အာဏာသိမ်းစစ်အုပ်စုက အဓမ္မဦးဆောင်ကျင်းပမဲ့ စစ်အာဏာရှင်စနစ်တည်မြဲရေးကို ဦးတည်တဲ့ ၂၀၂၃ ခုနှစ် အတုအယောင်ရွေး ကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ဖို့၊ ပါဝင်ပတ်သက်ခြင်းမပြုကြဖို့၊ စစ်အုပ်စု အစုအဖွဲ့ကို အကျိုးပြုစေမယ့်လုပ်ရပ်နဲ့ အကျိုးစီးပွားမှန်သမျှကို ဆန့်ကျင်သပိတ်မှောက်ဖို့ KNU တပ်မဟာ(၂)က တိုက်တွန်းထားပါတယ်။

စစ်ဘေးကြောင့် နယ်မြေစွန့်ခွာ စစ်ဘေးတိမ်းရှောင်ရသူတွေအပါအဝင် စစ်ဘေးဒုက္ခသည်တွေကို လူ သားချင်းစာနာထောက်ထားမှုအကူအညီတွေ၊ ပညာရေးကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေကို စစ်အုပ်စုနဲ့ ဆက်နွယ်တဲ့အဖွဲ့အစည်းတွေကတစ်ဆင့် အကူအညီမပေးဘဲ KNU ဗဟိုကတစ်ဆင့် ခရိုင်အဆင့်ကို ကူညီပံ့ပိုးဖို့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေကို တပ်မဟာ(၂) က တောင်းဆိုထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုက နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့ပြည်သူလူထုတွေကို ရန်သူသဖွယ်နည်းလမ်းမျိုးစုံနဲ့ ရက် စက်စွာသတ်ဖြတ်နေတဲ့အပေါ်မှာလည်း KNU တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေတွင်းရှိ လူထုတွေအနေနဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ပြင်ဆင်ထားကြဖို့၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ပေါ်ပေါက်လာဖို့၊ စစ်အုပ်စုပြုတ်ကျဖို့၊ စစ်အာဏာရှင်နစ် ချုပ်ငြိမ်းဖို့၊ မဟာလူမျိုးကြီးဝါဒအဆုံးသတ်ဖို့ ကိစ္စရပ်တွေမှာ တပ်မဟာ(၂)အနေနဲ့ အောက်ခြေအဆင့်မှာ အမြင်တူတဲ့ ဘယ်မဟာမိတ်အဖွဲ့တွေနဲ့မဆို လက်တွဲလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၂၄)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တဲ့အတိုင်း တပ်မဟာ(၂)နယ်မြေတွေအတွင်း စစ်ကောင်စီနဲ့ CRPH က ချမှတ်လာမယ့် အုပ်ချုပ်ရေးလုပ် ငန်းတွေကို လက်ခံမှာမဟုတ်ဘဲ မိမိတို့ KNU ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို ပိုမိုအားကောင်းအောင် လုပ်ဆောင်သွားမှာဖြစ်ပြီး KNU တပ်မဟာ(၂)အနေနဲ့ KNU ဗဟိုနဲ့ KNLA စစ်ဌာနချုပ်ရဲ့ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုအတိုင်း တစိုက်မတ်မတ်လိုက်နာဆောင်ရွက်ခဲ့တဲ့အတိုင်း ဆက်လက်လိုက်နာဆောင် ရွက်သွားမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်19,266People reached1,731EngagementsBoost post

9559558 comments65 sharesLikeCommentShare

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.