ဖနွမ်းပင် – ဇန်နဝါရီ(၁) 

ကမ္ဘောဒီးယားနိုင်ငံ ကာစီနိုတစ်ခုမှာ လျှပ်စစ်ချို့ယွင်းပြီး မီးလောင်ခဲ့တာကြောင့် လူ(၂၆) ဦး သေဆုံးခဲ့တာဟာ အခင်းဖြစ်ပွားချိန်မှာ အခန်းတွေထဲ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးသမား တွေအချိန်မီ ကယ်တင်နိုင်တာမရှိတာကြောင့်လို့ အာဏာပိုင်တွေက ပြောပါတယ်။  

ထိုင်းနယ်စပ်အနီး ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပတ်မြို့က Grand Diamond City ဟိုတယ်ကာစီနို မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၈) ရက်နေ့ ည(၁၁) မှာ မီးလောင်ကျွမ်းခဲ့တာပါ။ 

“လျှပ်စစ် circuit က နေ  မီးလောင်မှုမတော်တဆဖြစ်ပွားခဲ့တာပါ” လို့ အမျိုးသား သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ မစ္စတာ ကွန်ကင်မ်က ပြောခဲ့ပါတယ်။ 

မီးလောင်မှုကို အချိန်ယူငြိမ်းသတ်ခဲ့ရတာနဲ့ ပတ်သက်ပြီး ကာစီနိုရဲ့ ရှုပ်ထွေးတဲ့ အဆောက်အအုံ ပုံစံနဲ့ ပစ္စည်းကိရိယာတွေ ပြတ်လပ်တာကြောင့်ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုထားပါတယ်။ 

ဒါ့အပြင် မီးလောင်မှုနဲ့ပတ်သက်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက နောက်တစ်ရက်ညပိုင်းအထိ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကြိုးစားလုပ်ဆောင်ခဲ့ကြရပြီး အဆောက်အအုံ အဝန်းအဝိုင်း တစ်ခုလုံးကို ရှာဖွေတာတွေလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ 

“အချို့လူတွေကတော့ သေစေလောက်တဲ့အထိ မီးလောင်ခဲ့ကြတယ်၊ အချို့ကတော့‌ အောက် ဆီဂျင် ပြတ်လပ်ပြီး သေခဲ့ကြသလို အချို့ကတော့ အဆောက်အအုံအပြင်ထွက်လမ်း တစ် လျှောက် မီး‌လောင်ခံရပြီး သေဆုံးခဲ့ကြပါတယ်” လို့ မစ္စတာ ကွန်ကင်မ် ကပြောခဲ့ပါတယ်။  

အသက်(၄၂) နှစ်အရွယ် ထိုင်းနိုင်ငံသား ကာစီနိုဝန်ထမ်းတစ်ဦးရဲ့ ပြောဆိုချက်အရ သူ့ရဲ့ အဖေ ဟာ အမျိုးသမီးနှစ်ဦးကို ကယ်ထုတ်ပြီးနောက် မီးလောက်နေတဲ့ အဆောက်အအုံရဲ့ အခန်း တစ်ခုမှာ သေဆုံးခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ 

ကမ္ဘောဒီးယား ကယ်ဆယ်ရေးအဖွဲ့တွေကို ထိုင်းနိုင်ငံဘက်ကလည်း ရှာဖွေကယ်ဆယ်ရေး အတွက် ကူညီခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူအများစုကို ထိုင်းဘက်မှာ ကုသမှုပေးနေတယ် လို့ သိရပါတယ်။ 

မီးလောင်မှုကြောင့် ထိုင်းနိုင်ငံသား (၁၇) ဦး၊ မလေးရှားနိုင်ငံသား (၁) ဦးနဲ့ နီပေါ နိုင်ငံသား (၁) ဦးအပါအဝင် စုစုပေါင်း(၂၆) သေဆုံးခဲ့ရတယ်လို့ အမျိုးသား သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲ ရေးကော်မတီ ဥက္ကဋ္ဌ မစ္စတာ ကွန်ကင်မ်က ပြောခဲ့ပါတယ်။ 

Grand Diamond City ဟော်တယ်ကာစီနိုပိုင်ရှင်တွေကို မီးလောင်မှုအတွက် တရားရုံးမှာ စွဲချက် တင်ဖို့ရှိမရှိနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားအာဏာပိုင်တွေ ဆုံးဖြတ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

Ref: The Straitstimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.