အာဏာသိမ်း စစ်ကောင်စီဟာ အခုနောက်ပိုင်း တိုက်ပွဲတွေမှာ လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ပိုမို လုပ်ဆောင်လာသလို အရပ်သားပြည်သူတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက် ကျူးလွန်နေပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကို ကာကွယ်ဖို့ NUG အနေနဲ့ ဘာတွေ လုပ်ဆောင်နေလဲ။ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်ဖို့ အဆင့်သင့်ဖြစ်နေပြီးလား၊ တစ်နှစ်အတွင်း တော်လှန်ရေး အဆုံးသတ်ဖို့ NUG အနေနဲ့ ဘာတွေ ပြင်ဆင်ဆောင်ရွက်နေပြီးလဲ။ဒီအခြေအနေနဲ့ ပတ်သက်ပြီး အမျိုသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်နဲ့ ဆက်သွယ်မေးမြန်းချက်။

တစ်နှစ်အတွင်း တော်လှန်ရေး အဆုံးသတ်ဖို့ NUG အနေနဲ့ ဘာတွေ ပြင်ဆင်ဆောင်ရွက်နေပြီးလဲ။ ဒီအပေါ်မှာ ပြည်သူတွေကို ဘာတွေ ကြိုတင်ပြင်ဆင်ဖို့ တိုက်တွန်းချင်ပါသလဲ။

အမျိုးသားညီညွတ်ရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာက ဒီတစ်နှစ်အတွင်း အဆုံးသတ်တိုက်ပွဲ အဆုံးဖြတ်နှစ်ဆိုပြီး ပြောသွားတာ။ ဒီတစ်နှစ်အတွင်းမှာ အဆုံးသတ်တိုက်ပွဲဆိုပြီး မပြောသွားပါဘူး။ အဆုံးသတ်တိုက်ပွဲ အဆုံးဖြတ်နှစ်ဆိုပြီး ပြောသွားပါတယ်။ ဒီတော့ ဒီနှစ်မှာတော့ အဆုံးနိုင်အောင်တော့ ကြိုးစားနေတယ်။ ဒါပေမယ့် ဒီနှစ်က အဆုံးအဖြတ်နှစ်ဖြစ်ကို ဖြစ်ရမယ်။ ဒီနှစ်မှာ အရှုံးအနိုင်ကွဲကွဲပြားပြား‌ ေဖာ်ဆောင်တဲ့နှစ်ဖြစ်မယ်။ စစ်ကောင်စီစစ်တပ်တွေကအဖက်ဖက်မှာ ရှုံးနိမ့်နေတယ်။ဒီတစ်နှစ်မှာအရှိန်အဟုန်မြှင့်ပြီးတော့ အဆုံးအဖြတ်နှစ်ဖြစ်အောင် ကျွန်တော်တို့တွေ ဆုံးဖြတ်ပြီးလုပ်နေတယ်။အဲ့ဒါလေးကျွန်တော်ရှင်းပြချင်တယ်။တော်တော်များများကမှားယွင်းပြီးတော့ ဘာသာပြန်မိတာလည်းရှိတယ်။ဆိုတော့အဲ့ဒါလေး အဆုံးသတ်တိုက်ပွဲအဆုံးအဖြတ်နှစ်ပေါ့။အဲ့အတွက် ကျွန်တော်တို့တွေမှာအခုချိန်ပြင်ဆင်နေကြတယ်။ပြင်ဆင်ရေးကာလမှာဗျူဟာတွေ မဟာမိတ်တွေနဲ့ပူးတွဲပြီးတော့ စစ်ဗျူဟာတွေချမှတ်နေတာရှိတယ်။ဒီတိုက်ပွဲမှာ စစ်မျက်နှာကကျည်ဆန်နဲ့သေနတ်နဲ့တိုက်တဲ့စစ်မျက်နှာ တစ်ခု၊စစ်မျက်နှာပေါင်းစုံဆိုတာ တချို့ကထင်တယ်။စစ်ကြောင်းကြီးတွေ ၆ခုနဲ့ထိုးတယ်။အဲ့ဒါမဟုတ်ပါဘူးစစ်မျက်နှာပေါင်းစုံဆိုတာ စစ်ရေး၊နိုင်ငံရေး၊သံတမန်အရေးအားလုံးကဏ္ဏပေါင်းစုံကနေကျွန်တော်တို့ မဟာဗျူဟာကျကျ အချက်ကျကျနဲ့ကျွန်တော်တို့ထိုးနှက်ပြီးတော့ ထိုးစစ်ဆင်သွားမှာဖြစ်ပါတယ်။မှန်ပါတယ်။ဒီစစ်ရေးကဏ္ဏက ရွာတွေသိမ်းတယ်။မြို့တွေသိမ်းတယ်။နိုင်ငံသိမ်းတယ်ဆိုတာ အဲ့ဒါကလူတိုင်းနားလည်ကြတယ်။လူတိုင်းကတော်လှန်ရေးမြန်မြန်ပြီးချင်တယ်။ကျွန်တော်တို့လည်းအကုန်မြန်ချင်တယ်။ပြည်သူလူထုခံစားနေရတဲ့ ဒုက္ခတွေကိုအမြန်ဆုံးချုပ်ငြိမ်းအောင် ဥ◌ီးစားပေးလုပ်ပေးနေတယ်။စစ်ရေးကမျက်စိနဲ့မြင်ရတယ်။နိုင်ငံရေးတို့သံတမန်ရေးတို့က စစ်ရေးအောင်မြင်ဖို့အတွက် အရေးကြီးတဲ့ကဏ္ဏတွေပဲ။ကျွန်တော်တို့ရဲ့တိုက်ပွဲ၀င်တဲ့မျက်နှာတွေ၊အဲ့မှာကျွန်တော်တို့ပြင်ဆင်နေတာ ကျွန်တော်တို့အစိုးရပိုင်းရဲ့ ပြင်ဆင်နေတာမဟာမိတ်တွေနဲ့ပူးတွဲပြီးတော့ ဆောင်ရွက်နေတယ်။မဟာဗျူဟာကျကျ ပြင်ဆင်နေကြတယ်။ဒီတိုက်ပွဲတွေကိုဟန်ချက်ညီညီ ဒီကဏ္ဏပေါင်းစုံ စစ်ရေးနိုင်ငံရေးပေါင်းစုံကနေပူးတွဲပြီးလုပ်ပြီးတော့အချက်ကျကျနဲ့ စကစအကြမ်းဖက်သမားတွေအမြန်ဆုံး မြန်မာနိုင်ငံမြေပေါ်ကနေပျောက်ကွယ်သွားဖို့ ဒီတချိန်တည်းမှာပဲပြည်သူလူထုတွေအားက အဓိက ပြည်သူလူထုတွေရဲ့ဆက်လက်ပြီးတော့ ဒီပါ၀◌င်ဆင်နွှဲမှု ဘက်ပေါင်းစုံကနေကူညီထောက်ပံ့ပေးနေကျတာတွေကို များများဆက်လက်လုပ်ပေးခြင်းအားဖြင့် အဆုံးသတ်တိုက်ပွဲကမြန်မြန်အောင်နိုင်မှာ ပြောကြားချင်ပါတယ်။ပြည်သူလူထုတွေကလည်း ကြုံရမယ့်အခက်အခဲတွေကို မှန်းလို့ရနေပြီ ဘာတွေကြုံရမလဲဆိုတာ အခုလည်းအခက်အခဲပေါင်းစုံကြုံတွေ့နေရပြီ။မြို့ပြပေါ်မှာလည်းရာဇ၀တ်မှုတွေပိုများလာတယ်။စား၀တ်နေရေးတွေခက်ခဲလာတာတွေ့ရတယ်။ဆိုတော့ဘာပြင်ဆင်ထားမလဲ။ကိုယ့်ရဲ့လုံခြုံရေးကိုယ့်မိသားစုရဲ့လုံခြုံရေး အတွက်တတ်နိုင်တာတွေလုပ်ထားကြတာလည်းရှိပါတယ်။ကျွန်တော်တို့အစိုးရအဖွဲ့ကလည်း လိုအပ်တဲ့အချိန်မှာလိုအပ်တဲ့နေရာမှာ သင့်တော်သလိုညွှန်ကြားချက်တွေ အကြုံပြုချက်တွေထုတ်ပြန်သွားမှာဖြစ်ပါတယ်။မီဒီယာတွေကတဆင့်သော်လည်းကောင်း NUG ကနေသော်လည်းကောင်းဆိုရှယ်မီဒီယာကနေသက်ဆိုင်ရာ၀◌န်ကြီးဌာနကနေ ကျလာတဲ့အချိန်မှာလိုအပ်သလို အကြံပေးချက်တွေထုတ်ပြန်သွားဖို့လည်းရှိပါတာ ပြောကြားချင်တယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို NUG ဘက် ကာကွယ်တာတွေ မလုပ်တဲ့အပေါ်မှာ ဝေဖန်တာတွေ ဆက်တိုက်ကြားသိနေရတယ်။ဒီအပေါ်မှာ ဘာတွေများ ပြောကြားလိုတာ ရှိမလဲ။

ကျွန်တော်တို့လည်းစိတ်မကောင်းဘူးပေါ့ဖားကန့်မှာကြည့်လိုက်လူ၁၀၀ကျော်သေကြေတယ်။ဒဏ်ရာတွေအများကြီးရတယ်။သူတို့လုပ်လိုက်ရင် လေယာဥ◌်ပေါ်ကနေသူတို့အားကိုးတာပေါ့။ရုရှားနဲ့ယူကရိန်းပဲကြည့်လိုက်။လေယာဥ◌်ပျံဒီဧရိယာအထက် ရုရှားလုပ်တယ်။သူမြေပြင်မှာရှုံးနိမ့်နေတယ်။နယ်မြေတွေဆုံးရှုံးတယ်ဧရိယာထပ်တိုးတယ်။အရပ်သားနေရာတွေကိုတိုက်ခိုက်တယ်။မြို့ကြီးပြကြီးတွေကိုတိုက်ခိုက်တယ်။ယူကရိန်းလိုနေရာမျိုးမှာတောင်မှ အမေရိကန်ပြည်ထောင်စုနဲ့အနောက်နိုင်ငံတွေကနေပြီးတော့ ခေတ်မီတဲ့ကာကွယ်ရေးစနစ်တွေ ပေးထားတယ်အဲ့ဒါတောင်အပြည့်အ၀မကာကွယ်ပေးနိုင်ဘူး။ပျက်စီးတာတွေအရပ်သားတွေသေကြေတာတွေ တွေ့ရတယ်။အိုးအိမ်စည်းစိမ်တွေပျက်တာတွေ တွေ့ရတယ်။ဆိုတော့လေကြောင်းရန်ကိုအဲ့လိုမျိုး ဒေါ်လာဘီလီယံနဲ့ချီတဲ့ခေတ်မီလက်နက်ကြီးတွေပေးထားတာတောင်မှအပြည့်အ၀မကာကွယ်ပေးနိုင်ဘူး။ကျွန်တော်တို့မှာဆိုရင်အခက်အခဲပေါင်းစုံရှိတဲ့ကြားနေပြီးတော့ အတတ်နိုင်ဆုံးကာကွယ်ဖို့အတွက် ကြိုးစားနေတယ်။လက်နက်တွေလေကြောင်းရန်ကာကွယ်ဖို့အတွက် လက်နက်တွေ၀◌ယ်ဖို့ကြိုးစားနေတာမိတ်ဆွေအဖွဲ့အစည်းတွေနဲ့ ချဥ◌်းကပ်ပြီးလုပ်နေတာရှိတယ်။အများကြီးလုပ်နေပါတယ်။ဘယ်လောက်ရရှိလဲဆိုတာတော့ကျွန်တော်လည်းမပြောနိုင်ဘူးပေါ့နော်။ဒါပေမယ့်တတိုင်းပြည်လုံးအတိုင်းအတာတစ်ခုကို ရဖို့အနေအထားကတော့ ရောက်ဖို့လိုပါသေးတယ်။နောက်တစ်ခုကလေကြောင်းရန်ကိုကာကွယ်ဖို့အတွက်က ကျွန်တော်တို့ NUGအစိုးရအနေနဲ့ ပညာပေးဆောင်ရွက်နေတာရှိတယ်။ပြည်သူတွေကို ကြိုတင်ပြီးတော့လေကြောင်းရန်ကို ကြိုတင်ပြီး လုပ်ပေးနေတာရှိတယ်။ပြည်သူတွေအထိခိုက်နည်းအောင် ဘယ်လိုကိုယ့်ကိုကိုယ်ကာကွယ်ရမလဲဆိုတာ ကျွန်တော်တို့တွေပညာပေးတဲ့အပိုင်းရှိတယ်။ဆိုတော့ ပြည်သူတွေရဲ့အကျအရှုံးနည်းအောင် အတတ်နိုင်ဆုံးလုပ်နေတယ်။လက်နက်အားဖြင့်ဆိုရင်တော့ ကျွန်တော်တို့က စစ်ရေးဖြစ်နေတော့ ဒီထက်တော့ပိုပြီးမပြောချင်ဘူး။ရအောင်လုပ်နေတယ်။ နိုငိငံတကာနဲ့ချဥ◌်းကပ်လုပ်နေတယ်။ပြည်သူတွေကဒါအတွက်လှူဒါန်းထားတဲ့ပိုက်ဆံတွေလည်းရှိတယ်။ပြည်သူတွေကဒီဟာအတွက် လှူဒါန်းထားတဲ့ပိုက်ဆံတွေကို စနစ်တကျလုပ်နေတယ်ဆိုတာ ပြောကြားချင်ပါတယ်။နောက်တခုကတိုက်ပွဲမှာလေကြောင်းရန််နဲ့ ပြည်သူလူထုကိုခြိမ်းခြောက်ပြီးတော့ ကြောက်အောင်လုပ်တယ်။သူတို့လေကြောင်းကတိုက်တာကြည့်ပြီးတော့ အဓိကဘယ်နေရာတွေတိုက်လဲဒီအရပ်သားတွေရဲ့ပစ်မှတ်တွေကိုတိုက်ခိုက်တယ်။ ကော့ကရိတ်မှာဖြစ်တဲ့တိုက်ပွဲတွေကြည့်လိုက် တိုက်ပွဲဖြစ်တဲ့နေရာဖြစ်တာမဟုတ်ဘူး။အရပ်သားနေရာ ရပ်ကွက်တွေကိုပစ်ခတ်တာ။လေကြောင်းနဲ့တိုက်တယ်။ ဖားကန့်ကြည့်လိုက် လက်ယက်ကုန်းကြည့်လိုက် လုံး၀လက်နက်မကိုင်တဲ့ကလေးတွေကလေကြောင်းကနေပစ်ခတ်တယ်။ဆိုတော့သူတို့တွေကအကြောက်တရားဖြစ်နေတာ။ ဒါပေမယ့်သူတို့တွေရဲ့လေကြောင်းတစ်ခုတည်းနဲ့ စစ်ပွဲကြီးတစ်ခုလုံးကို နိုင်အောင်ဘယ်သူမှမလုပ်နိုင်ဘူး။စစ်ရာဇ၀◌င်ကြည့်လိုက်ရင် ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ပြည်သူတွေကိုအတတ်နိုင်ဆုံးအကာအကွယ်ပေးနို်ငအောင် သူတို့ရဲ့လေကြောင်းရန်တစ်ခုတည်းမကပါဘူး။သူတို့ရဲ့ဘက်ပေါင်းစုံကအကြမ်းဖက်မှုတွေကနေကာကွယ်ပေးနိုင်ဖို့အတတ်နိုင်ဆုံး ကျွန်တော်တို့တွေနဲ့မဟာမိတ်တွေကြိုးစားပြီး ဆောင်ရွက်နေတယ်ဆိုတာ ပြည်သူတွေကိုပြောကြားချင်ပါတယ်။

မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလား၊ အဲဒီအတွက် NUG တွေအနေဲ့ ဘာတွေ ပြင်ဆင်ထားပြီးလဲ။

မြို့သိမ်းတိုက်ပွဲတွေဆိုတာ အချိန်ရောက်လာရင် မြို့သိမ်းတိုက်ပွဲအဆင့်ရောက်လာပြီ။တချို့နေရာတွေဆိုရင်လည်း သူတို့ရဲ့မြို့ကြီးပြကြီးတွေကို တချို့နေရာတော်တော်များများမှာ ၀◌ိုင်းထားနိုင်တဲ့အနေအထားရောက်လာပြီ။သူတို့ရဲ့စစ်တပ်တွေမထွက်နိုင်အောင်ပိတ်ဆို့ထားနိုင်တဲ့အနေအထားရှိနေတယ်။ဆိုတော့ မြို့သိမ်းတိုက်ပွဲတွေဆိုတာကတော့ ဖော်ဆောင်မယ်ဆိုရင်ဖော်ဆောင်လို့ရတယ်။ဒါပေမယ့်မျိုးစုံချင့်ချိန်ရတယ်။ပြည်သူလူထုတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုလည်း အတတ်နို်ငဆုံးအမြန်ဆုံးအထိခိုက်အနည်းဆုံးဖြစ်အောင် ကျွန်တော်တို့တွေစဥ◌်းစားပြီးလုပ်ဆောင်ရတာရှိတယ်။အချိန်ရလာတဲ့အချိန်မှာမြို့သိမ်းတိုက်ပွဲတွေက ဖော်ဆောင်မှာဖြစ်ပါတယ်။ ဒါပေမယ့်အခုချိန်မှာတော့ မြို့သိမ်းတိုက်ပွဲကိုမဖော်ဆောင်ခင်မှာ သူတို့လှုပ်ရှားတဲ့နယ်မြေတွေကျဥ◌်းအောင်မြို့ထဲမှာတင်တောင်မှသူတို့တပ်အပြင်မထွက်ရဲတာရှိတယ်။ဆိုတော့အဲ့ဒါမျိုးတွေဖော်ဆောင်ထားနိုင်တဲ့အနေအထားရှိတယ်ဆိုတာထည့်သွင်းပြောကြားချင်တယ်။အဖက်အဖက်ကနေအထိအခိုက်အနည်းဆုံးပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်တွေထိခိုက်အနည်းဆုံးနဲ့ အောင်အောင်မြင်မြင်ဖြစ်ဖို့လိုတယ်။မဟာမိတ်တွေနဲ့ပူးတွဲပြီးဆွေးနွေး ဆောင်ရွက်နေတဲ့အနေအထားရှိတယ်။နောက်ဆုံးအနေနဲ့ မဟာမိတ်အဖွဲ့တွေနဲ့ စစ်ရေးညှိနှိုင်းဆောင်ရွက်တွေကရော ဘယ်လောက်ထိ တိုးတက်လာပြီးလဲ။ ပူးပေါင်းဆောင်ရွက်ကရော ဘယ်လို အခြေအနေထိ ကောင်းမွန်လာပါသလဲ။စစ်ရေးအရ မြေပြင်ပေါ်မှာကြည့်လိုက်ရင် ဘယ်နေရာမှာဘယ်တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေက ပူးတွဲပြီးတော့ ကူညီပံ့ပိုးပေးနေတယ်။ပူးတွဲပြီးတော့တိုက်ပွဲတွေအတူတူ၀◌င်နေတယ်။မီဒီယာတွေမှာလည်းတွေ့ရှိနေတာတွေ့ပါလိမ့်မယ်။ဆိုတော့မီဒီယာREPORTတွေကြည့်လိုက်ရင် ကျွန်တော်တို့ပူးတွဲပြီးတော့တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေ တော်လှန်ရေးလက်နက်ကိုင်အုပ်စုတွေနဲ့ ကျွန်တော်တို့PDFတွေနဲ့ ပူးတွဲပြီးတော့တိုက်ပွဲ၀◌င်နေတဲ့အချိန် တနေ့တခြားမြင့်မားလာတယ်။နယ်မြေတွေပိုပိုပြီးကျယ်ပြန့်လာတယ်တိုက်ပွဲတွေအရှိန်အဟုန်ပိုမြင့်လာတယ်ဆိုတာ တွေ့ရှိမှာဖြစ်ပါတယ်။ကျွန်တော်ခြုံပြီးပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ဒီတိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အုပ်စုတွေနဲ့ ပူးတွဲဆောင်ရွက်တဲ့အရှိန်အဟုန် တစ်ခုအထိရရရှိပြီးတော့နားလည်မှုတော်တော်များများရရှိပြီးပူးတွဲဆောင်ရွက်တဲ့အပိုင်းတွေတိုးတက်လာတယ်ဆိုတာ ပြောကြားလိုပါတယ်တဆက်တည်းမှာပဲ ပြောကြားချင်တာက လုပ်ရမယ့်အလုပ်တွေကအများကြီး ရှိနေသေးတယ်။ဒါနဲ့ပြီးပြီလားဆို မပြီးသေးပါဘူး။လုပ်ရမယ့်အလုပ်တွေအများကြီးရှိပါတယ်။ဒီထက်ပိုပြီးတော့ ပိုမိုကောင်းမွန်တဲ့ ပိုပြီးတော့တောင့်တင်းတဲ့ အရှိန်အဟုန်မြင့်တဲ့တော်လှန်ရေးအောင်မြင်ဖို့တိုက်ပွဲတွေဖော်ဆောင်ဖို့အတွက်ပူးတွဲပြီးဆွေးနွေးမဟာဗျူဟာတွေချမှတ်ဆောင်ရွက်နေပါတယ်ဆိုတာ ပြောကြားချင်ပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.