မဲဆောက် – အောက်တိုဘာ(၃၁)

ထိုင်းနိုင်ငံမဲဆောက်မြို့မှာ နှလုံးသွေးကြောပိတ်ရောဂါနဲ့ ဘဝနတ်ထံပျံလွန်တော်မူသွားတဲ့ မြဝတီ မင်းကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အရိယဝံသာဘိဝံသ(သ.စ.အ ဓမ္မာစရိယ-ဝဋံသကာ) ရဲ့ အန္တိမအဂ္ဂိစျာပန အခမ်းအနားကို ဒီနေ့ အောက်တိုဘာလ(၃၁) ရက်နေ့ နေ့လည်(၁) နာရီကနေ (၃) နာရီအထိ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့ကြပါတယ်။

မြဝတီမင်းကြီးဆရာတော်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော်(၇၁) နှစ်၊ဝါတော်(၅၁) ဝါရှိပြီး မန္တလေးတိုင်း မြဝတီမင်းကြီးကျောင်းတိုက်ရဲ့ နာယကဆရာတော်တစ်ပါးဖြစ်တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် မန္တလေး အိုးဘိုထောင်ကနေ ၂၀၂၁ ခုနှစ် ဩဂုတ်လက ပြန်လည်လွတ်မြောက်လာပြီးနောက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သီတင်းသုံးနေချိန် ရုတ်တရက် နှလုံးသွေးကြောပိတ်ပြီး အောက်တိုဘာလ(၂၇) ရက်နေ့ ညက မဲဆောင်ဆေးရုံမှာ ပျံလွန်တော်မူခဲ့တာဖြစ်တယ်လို့သိရပါတယ်။

နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ယက်၊NUCC၊CRPH နဲ့ သံဃာကွန်ယက်တွေနဲ့ အဖွဲ့အစည်း အသီးသီးက ဆရာတော် ပျံလွန်တော်မူသွားတဲ့အတွက် ဝမ်းနည်းကြောင်းထုတ်ပြန်ထားတာဖြစ်ပါ တယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.