ဝါရှင်တန် – အောက်တိုဘာ(၃၀) 

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလီုစီကို တွေ့ဖို့ တောင်းဆိုခဲ့သူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၈) ရက်နေ့ အစောပိုင်းက သူတို့ရဲ့ ဆန်ဖရန်စစ္စကို နေအကိုဖောက်ထွင်း ဝင်ရောက်ပြီး တူနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုခဲ့ပြီး လာမယ့် နိုဝင််ဘာလ(၈) ရက်နေ့ မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်နိုင်ငံရေးအကြမ်းဖက်မှုတွေ တိုးလာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ 

အသက် (၈၂) နှစ်အရွယ် ပေါလ်ပေလိုစီဟာ ဦးခေါင်းခွံရိုးကျိုးမှုနဲ့ ညာဘက်လက်တို့မှာပြင်း ထန်တဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး ကုသဖို့အတွက် ဆန်ဖရန်စ္စကို ဆေးရုံကို ခေါ်ဆောင်သွား တယ်လို့ အိမ်တော်ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပြီး အပြည့်အဝ ပြန်လည် ကောင်း မွန်လာဖို့ မျှော်လင့်တယ်လို့ ဆိုထားပါတယ်။ 

အခင်းဖြစ်ပွားရာနေရာမှာ ဖမ်းဆီးခံထားရတဲ့ အသက် (၄၂) နှစ်အရွယ် ဒေးဗစ်ဒီပါပေကို လူသတ်မှုကျူးလွန်ဖို့ ကြိုးပမ်းမှု၊သေစေလာက်တဲ့ လက်နက်နဲ့ ကျူးလွန်မှု၊သက်ကြီးရွယ်အို တွေကိုညှင်းပန်းနှိပ်စက်မှု၊ဖောက်ထွင်းမှုနဲ့ တခြားသော ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ ဆန်ဖရန်စစ္စကို ရဲတပ်ဖွဲ့အကြီးအကဲက ဝီလျံစကော့က ပြောပါတယ်။ 

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ဟာ တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ အကာအကွယ်နဲ့ ဝါရှင်တန်ကို ရောက်ရှိနေခဲ့တာဖြစ်တယ်လို့ ယူအက်ကပ်ပီတိုရဲတပ်ဖွဲ့က ဆိုပါတယ်။ 

တိုက်ခိုက်ခံရချိန်မှာ ပေါ်လဟာ အရေးပေါ်နံပါတ် ၉၁၁ ကိုဖုန်းဆက်ပြီး တိုက်ခိုက်ခံနေရတယ်လို့ မပြောဘဲ တစ်ခုခုမှားနေပြီလို့ အတိုချုံးပြောကာ လက်ခံသူဆီကို ကုဒ် နဲ့ ပြောဆိုခဲ့တာဖြစ်တယ် လို့ CNN က ဖော်ပြထားပါတယ်။ 

ဖောက်ထွင်းဝင်ရောက်လာသူဟာ ပေါလ်ကို မတိုက်ခိုက်ခင်မှာ နန်စီဘယ်မှာလဲလို့ အော်ဟစ်တာ တွေရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CNN နဲ့ The Washington Post တို့က ဖော်ပြခဲ့ပါတယ်။ 

ပေလိုစီရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်မှာ သူမကို တွေ့ခွင့်ရဖို့ တောင်းဆိုပြီးနောက် အတင်း အကျပ်တိုက်ခိုက်ကာ ပေါလ်ရဲ့အသက်ကို ခြိမ်းခြောက်ခဲ့တာဖြစ်တယ်လို့ ဆိုထား ပါတယ်။ 

ဝက်ဘ်ဆိုဒ်တွေမှာ ရေးသားဖော်ပြချက်တွေအရ “Daviddepape” လို့အမည်ပေးထားတဲ့ အင်တာနက်အသုံးပြုသူတစ်ဦးဟာ သမ္မတဟောင်း Donald Trump ကို ထောက်ခံတယ်လို့ ဖော်ပြထားပြီး အစွန်းရောက်မှု သီအိုရီ QAnon ကို လက်ခံယုံကြည်တယ်လို့ ရေးသားထားပါ တယ်။ 

ဒါပေမယ့် ဖမ်းဆီးခံထားရတဲ့သူက ပိုစ့်တွေကို ဖန်တီးခဲ့တယ်ဆိုတဲ့ သက်သေတွေကိုတော့ ရိုက်တာက အတည်မပြုနိုင်သေးဘူးလို့ ဆိုထားပါတယ်။ 

သမ္မတ ဂျိုးဘိုင်ဒင်က ပေလိုစီကို ထောက်ခံတယ်လို့ ထုတ်ဖော်ပြောဆိုထားပြီး အောက်လွှတ် တော်ရီပတ်ဘလစ်ကန် ခေါင်းဆောင်နဲ့ အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင် တို့ကလည်း ဒီတိုက်ခိုက်မှုကြောင့် ထိတ်လန့်ပြီးရွံရှာတယ်လို့ သူမကို ဆက်သွယ်ပြောဆိုခဲ့ ကြပါတယ်။ 

ကွန်ဂရက်ကို အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့ ကပ်ပီတိုရဲက စုံစမ်းစစ်ဆေးမှုမှာ FBI နဲ့ ဆန်ဖရန် စစ္စကိုရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲမတိုင် ခင်အစွန်းရောက်တွေဟာ နိုင်ငံရေးသမားတွေ၊နိုင်ငံရေးပွဲတွေနဲ့ မဲရုံတွေကို ပစ်မှတ်ထားနိုင်တယ် လို့ နယူးယောက်မြို့ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.