ဘန်ကောက်၊ အောက်တိုဘာ (၃၀)

ဘန်ကောက်မြို့ ဆဖန်ဆောင် Saphan Sung ခရိုင်ရှိ ဇိမ်ခံအိမ်တစ်လုံးကို  ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ အောက် တိုဘာ ၂၉ရက်နေ့ မနက်ပိုင်းက စီးနင်းခဲ့ပြီး မူးယစ်ရာဇာတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းမူးယစ်ဆေးဝါး ထိန်း ချုပ်ရေး ဘုတ်အဖွဲ့ ကပြောပါတယ်။

အိမ်စီးနင်းမှု ဖြစ်စဉ်ကို မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB) မှ ဖေ့စ်ဘွတ်ခ်ကနေ တိုက်ရိုက် ထုတ် လွှင့်ခဲ့တာ ဖြစ်ပြီး အဲဒီအိမ်ဟာ ထိုင်းနိုင်ငံကို ထွက်ပြေး တိမ်းရှောင်လာတဲ့ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှု တို့နဲ့ စွပ်စွဲခံထားရသူရဲ့   အိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခလောင်တွိုင် Klong Toei ဆိပ်ခံတံတားမှာ ထိုင်ဝမ်ကို ဦးတည်သွားတဲ့ ဆီလီကွန် အချပ်တွေအတွင်း ဝှက်ထားတဲ့ “စိတ်ကြွဆေးပြား ၉၄၅ ကီလိုဂရမ်” ကို ရဲတပ်ဖွဲ့က သြဂုတ်လမှာ သိမ်းဆည်း နိုင်ခဲ့တာပါ။

အိမ်စီးနင်းမှုအတွင်း ဆွမ်ချတ် အမည်ရှိ အမျိုးသားတစ်ဦးနဲ့ ပွန်ထီပါ အမည်ရှိ အမျိုးသမီးတစ်ဦးတို့ကို ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ပြီး သူတို့နှစ်ဦးကို စစ်ဆေးမေးမြန်းပြီးနောက် ဘန်ကောက်မြို့အနီးရှိ နောက်ထပ်အိမ်ခြံမြေနှစ်ခုမှ အိုက်စ် (မူးယစ်ဆေးဝါး) ၇၆ ကီလိုဂရမ်ကိုထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦးတို့ကို ထိုင်းနိုင်ငံမှာ ပို့ကုန်သွင်းကုန်လုပ်ငန်း လုပ်ကိုင်တဲ့ မစ္စတာ ဆွမ်ပရတ် က ငှားရမ်းထားတာ ဖြစ်ပြီး အခုတစ်ကြိမ် ထိုင်ဝမ်သို့ မတင်ပို့မီ တခြားနိုင်ငံတွေကိုလည်း မူးယစ် ဆေးဝါးတွေ တင်ပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိရပါတယ်။

ရဲတပ်ဖွဲ့ကတော့  သက်သေအထောက်အထားတွေ စုဆောင်းထားပြီး  တရားရင်ဆိုင်ခြင်းကနေ ထွက်ပြေး နေတဲ့  မစ္စတာ ဆွမ်ပရတ်ကို ဖမ်းဝရမ်းထုတ်ထားခဲ့တာပါ။

ONCB ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဝီချိုင် ချိုင်မွန်ကောလ် Wichai Chaimongkol က ဘန်ကောက်ရှိ မစ္စတာ ဆွမ်ပရတ်ရဲ့ ဇိမ်ခံအိမ်ကို ဒီကနေ့ နံနက် ၇ နာရီ ၄၅ မိနစ်မှာ  ဦးဆောင်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

စီးနင်းမှုအတွင်း အဲဒီ ဇိမ်ခံအိမ်ဟာ အပြင်ပိုင်းမှာ  ဇိမ်ခံအိမ်လို့ ထင်ရပေမယ့်လည်း အတွင်းပိုင်းကတော့ လုံးဝဗလာဖြစ်နေတာပါ။

ဆွမ်ပရတ်ဟာ အဲဒီအိမ်ခြံမြေကို ဘတ် ၂၁ သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မျက်မှောက်ခေတ် ထိုင်းနိုင်ငံရဲ့ ရာဇဝတ်မှု အရင်းခံလို့ ယူဆရတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေနဲ့ မူးယစ် ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို နှိမ်နင်းလျှက်ရှိနေကြောင်း  ဝီချိုင်က ပြောကြားခဲ့ပြီး ဆက်စပ်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေကို ပြင်းထန်စွာ အရေးယူသင့်တယ်လို့ သူကပြောပါတယ်။

အခုလ အစောပိုင်းအတွင်း နောင်ဘူလမ်ဖူခရိုင်ရှိ နေ့ကလေးထိန်းကျောင်းအတွင်း အစုလိုက် အပြုံလိုက်ပစ် ခတ်မှု ဖြစ်ပွားပြီးနောက် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက တရားမဝင်သေနတ်တွေနဲ့ မူးယစ်ဆေးဝါးရာ ဇဝတ် မှုတွေကို အထူးသဖြင့် စိတ်ကြွဆေးနဲ့ ပတ်သက်တဲ့ မူးယစ်ဆေးဝါးတွေကို  နှိမ်နင်းဖို့ ထိုင်းတော်ဝင်ရဲ တပ်ဖွဲ့ကို  အမိန့်ပေးခဲ့ပါတယ်။

Ref:Thethaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.