ချောက် – အောက်တိုဘာ(၂၉)

မကွေးတိုင်း ချောက်မြို့နယ် ဩဇာတောင်ကျေးရွာနားမှာ ဒီနေ့အောက်တိုဘာလ(၂၉) ရက်နေ့ မနက် အစောပိုင်းက ယာဉ်တိုက်မှုဖြစ်ပြီး (၇) ဦးသေဆုံးကာ(၁၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ ရေနံချောင်း- ကျောက်ပန်းတောင်းသွားကားလမ်း မိုင်တိုင်အမှတ်(၃၇၈/၇) အနီးမှာ ရပ်ထားတဲ့ FUSO အမျိုးအစား(၁၂)ဘီယာဉ်ကို CANTER အမျိုးအစား ယာဉ်က အနောက် ကနေဝင်တိုက်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၁၀)ဦး၊မ(၉)ဦး စုစုပေါင်း (၁၉) ဦးမှာ ကျား(၃) ဦး၊ မ(၄) ဦးသေဆုံးခဲ့ပြီး ကျား(၇)ဦး၊မ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် မနောဖြူလူနာတင်ယာဉ်(၁)စီး ၊သုဂတိရှင် လူနာတင်ယာဉ်(၁)စီး၊ သုခိတာလူနာတင်ယာဉ်(၁) စီးနဲ့ အရန်မီးသတ်လူနာတင်ယာဉ် (၁)စီးတို့နဲ့ ချောက်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MFSD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.