ဒိုဟာ၊ အောက်တိုဘာ (၃၀)

ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လာရောက်လည်ပတ်ကြမယ့် ဘောလုံးပရိသတ်များနေထိုင်ဖို့ မြို့တော်ဒိုဟာမှာ  ထောင်နှင့်ချီတဲ့ နိုင်ငံခြားအလုပ်သမားတွေ နေထိုင်တဲ့ တိုက်ခန်းတွေကို ပိတ်ထားလိုက် တယ်လို့ နေအိမ်တွေကနေ  နှင်ထုတ်ခံရသူ အလုပ်သမားတွေက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

အဆောက်အဦ တစ်ဒါဇင်ကျော်ကို အာဏာပိုင်တွေက ပိတ်ထားခဲ့ပြီး အဓိကအားဖြင့် အာရှနှင့် အာဖရိက အလုပ်သမားတွေကို တတ်နိုင်သမျှ တခြားနေရာတွေကို ရှာဖို့ အာဏာပိုင်တွေက သူတို့ကို ပြောခဲ့တယ်လို့ ဆိုကြပါတယ်။

ကာတာရဲ့ နိုင်ငံခြားသားအလုပ်သမားတွေအပေါ် ပြုမူဆက်ဆံပုံနဲ့ တင်းကျပ်တဲ့ လူမှုရေးဥပဒေတွေကို နိုင်ငံတ ကာက ပြင်းထန်တဲ့ ဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၂၀ ရက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ မစတင်မီ လေး ပတ် အလိုမှာ အဲဒီလှုပ်ရှားမှု ထွက်ပေါ်လာခဲ့တာပါ။

စညျပငျသာယာရေး တာဝနျရှိသူတှကေ ည (၁၀း၃၀) နာရီခနျ့မှာ ရောကျရှိလာပွီး အားလုံးကို မောငျးထုတျကာ အဆောကျအအုံတံခါးတှကေို သော့ခတျထားလိုကျတယျလို့ ဆိုပါတယျ။

ဒါကြောင့် အချို့သော မိသားစုတွေဟာ သူတို့ရဲ့ ပစ္စည်းတွေကို စုဆောင်းထုတ်ယူဖို့တောင် အချိန်မီ မပြန်နိုင်ခဲ့ကြဘူးလို့ သိရပါတယ်။

ရိုက်တာကို ဆက်သွယ်ပြောဆိုတဲ့ တခြားအလုပ်သမား အများစုဟာလည်း အာဏာပိုင်တွေ၊ အလုပ်ရှင်တွေ ထံကနေ လက်စားချေခံရမှာကို စိုးရိမ်တဲ့အတွက်  သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အသေးစိတ်အချက် အလက် တွေကို ထုတ်ဖော်ပြောဆိုဖို့  ငြင်းဆိုခဲ့ကြပါတယ်။

ကာတာအစိုးရ အရာရှိတစ်ဦးကတော့ အခုလို နှင်ထုတ်မှုတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ မသက်ဆိုင်ကြောင်း ပြောကြားခဲ့ပြီး ဒိုဟာရဲ့ ဧရိယာတွေကို ပြန်လည်ဖွဲ့စည်းဖို့ ရေရှည်အစီအစဉ်တွေနဲ့ အညီ ကျယ်ကျယ်ပြန့်ပြန့် ဒီဇိုင်းထုတ်နေလို့ ဆိုပြီး ပြောကြားခဲ့ပါတယ်။

“အားလုံးဟာ ဘေးကင်းပြီး သင့်လျော်တဲ့ နေရာထိုင်ခင်းတွေမှာ ပြန်လည် နေနေကြပါပြီ” လို့ အဲဒီ တာဝန်ရှိ သူက ပြောကြားခဲ့ပြီး ပြန်လည် နေထိုင်ခွင့် တာင်းဆိုမှုတွေကို သင့်လျော်တဲ့  အသိပေးချက်တွေနဲ့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့လည်း သူကဆက်လက် ပြောကြားခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.