နယူးယောက်၊ အောက်တိုဘာ (၂၉)
ယူကရိန်းကို ကျူးကျော်စစ်ပြုလုပ်ရာမှာ ရုရှားက သုံးခဲ့တဲ့ လက်နက်အမျိုးအစားတွေကို မြန်မာစစ်ကောင်စီက အသုံးပြုပြီး ပြည်သူလူထုကို သတ်ဖြတ်နေတာဖြစ်တယ်လို့ ကုလအရေးကျွမ်းကျင်သူက ပြောကြားခဲ့ပြီး မြန်မာ စစ်ကောင်စီကို ဖိအားပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးရဲ့ အောက်တိုဘာ၂၇ရက်နေ့က ပြော ကြားချက်မှာောတ့ မြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူမှုတွေနဲ့ လက်နက်ရောင်းချမှုကို ပိတ်ဆို့နိုင်ရေး ဦးတည် တဲ့ နိုင်ငံတွေရဲ့ မဟာမိတ်စုဖွဲ့မှုတစ်ရပ်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
“ယူကရိန်းလူထုကို သတ်ဖြတ်ရာမှာ အသုံးပြုတဲ့ လက်နက်ပုံစံတွေအတိုင်း အသုံးပြုပြီး မြန်မာ ပြည်သူလူထုကို သတ်ဖြတ်နေခြင်းဖြစ်ပါတယ်။ လက်နက်ရတဲ့ အရင်းအမြစ်က အတူတူပဲဖြစ်တယ်၊ သူတို့က ရုရှားဆီကနေ လာတဲ့ လက်နက်တွေပဲ” လို့ အန်ဒရူးက နယူးယောက်မြို့ရှိ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
“နိုင်ငံတကာအသိုက်အဝန်းဟာ မြန်မာစစ်ကောင်စီကို ဦးတည်တဲ့ အရေးယူဆောင်ရွက်မှုမှန်သမျှဟာ ချိတ် ဆက် လုပ်ဆောင်သင့်ပါပြီ။ အဲ့ဒီအရာကို အခုချိန် လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘူး။ ကျွန်တော်တို့ဟာ ဘယ်လို လုပ်ရမလဲ မသိလို့မဟုတ်ဘူး။ ဘယ်လိုလုပ်ကြရမလဲ ဆိုတာသိကြတယ်။ အဲ့ဒီလို ပိတ်ဆို့မှုကို စုစည်းလုပ် ဆောင်ဖို့ နည်းနာလိုချင်ရင်တော့ ယူကရိန်းကိစ္စကို ကြည့်ရုံပဲ”လို့ အန်ဒရူးက ဆက်လက်ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံသို့ လက်နက်ရောင်းချသူ နည်းပါးလာချိန်မှာ ရုရှားဟာ မြန်မာနိုင်ငံကို အကြီးစားလက်နက်ထောက်ပံ့တဲ့ နိုင်ငံတွေအနက် တစ်ခုဖြစ်လာပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အဲဒီ ဖြစ်ရပ်ကို ဆန့်ကျင်ဆန္ဒပြသူ ၂၃၀၀ ကျော် သတ်ဖြတ် ခံခဲ့ရပြီး ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး အန်ဒရူးက “ဒီလို ကြောက်မက်ဖွယ် ဖြစ်ရပ်အပေါ် နိုင်ငံတ ကာ အသိုက်အဝန်းရဲ့ တုံ့ပြန်တဲ့ ပုံစံတွေဟာ မပြောင်းလဲသေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နှစ်ခြမ်းကွဲနေပြီး ပြင်းထန်တဲ့ ဆောင်ရွက်မှုတွေ ပါဝင်တဲ့ ပိတ်ဆို့မှုတွေကို ချမှတ်ရာမှာ စစ်ခေါင်းဆောင်တွေကို တရုတ်နဲ့ ရုရှား နိုင်ငံတို့မှ ကာကွယ်ပေးနေ တာပါ။
အခုလ အစောပိုင်းမှာ အမေရိကန်ဟာ ရုရှားထုတ်လုပ်တဲ့ လက်နက်တွေကို မြန်မာစစ်ကောင်စီ ရရှိရေးအတွက် လုပ်ဆောင်ပေးနေတဲ့ မြန်မာ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့နဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့ အရေးယူမှုတစ်ရပ်ကို ချမှတ် ခဲ့ပါတယ်။
ဘီလာရုစ်နိုင်ငံက လက်နက် နဲ့ လေယာဉ်ကို စစ်ကောင်စီအတွက် ဝယ်ယူခြင်းကြောင့် Dynasty International ရဲ့ ပိုင်ရှင်တွေဖြစ်ကြတဲ့ အောင်မိုးမြင့်နှင့် လှိုင်မိုးမြင့်၊ ကုမ္ပဏီရဲ့ဒါရိုက်တာ မျိုးသစ္စာ တို့ကို ပိတ်ဆို့အရေးယူတဲ့ အမည်ပျက်စာရင်းထဲကို ထည့်သွင်းလိုက်ပြီးဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနမှ ကြေငြာခဲ့တာပါ။
UK အစိုးရဟာ မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်မှုအားလုံးကို အဆုံးသတ်စေဖို့နဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရေး တောင်းဆိုချက်တွေပါဝင်တဲ့ မူကြမ်း တစ်ရပ်ကို ကုလလုံခြုံရေးကောင်စီကို လွန်ခဲ့တဲ့ လအတွင်း အဆိုပြုခဲ့ပါတယ်။
အဲဒီ ပြင်ဆင်ချက်မူကြမ်းကို အဖွဲ့ဝင် ၁၅ နိုင်ငံထံသို့ အခုသီတင်းပတ်အတွင်း ဖြန့်ဝေထားပြီး ဘယ်အချိန် မဲပေးဆုံးဖြတ်မလဲဆိုတာကိုတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။
Ref; Aljazeera