September 2022

မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်ကို ပစ်ခတ်တာနဲ့ပတ်သက်ပြီး ရပ်တန့်ခိုင်းထားသလို ဥပဒေနဲ့ မညီဘူးလို့ ပြော

ဒါကာ – စက်တင်ဘာ(၉) မြန်မာဘက်က မော်တာကျည်(၂) ကြိမ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ဒါကာမှာရှိတဲ့ မြန်မာသံအမတ်ကို ဆင့်ခေါ်သတိပေးမှုတွေလုပ်ပြီး ငါးရက်အကြာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၃) ရက်နေ့က ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို မော်တာကျည်(၂) ကြိမ်ထက်မနည်း ထပ်မံပစ်ခတ်ခဲ့တာဟာ နိုင်ငံတကာဥပဒေနဲ့ မညီဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။ ဘန်ဒါဘင်တောင်ကုန်းဒေသက စုံစမ်းစစ်ဆေးရေးစင်တာရဲ့ အဆိုအရ အနည်းဆုံးတိုက် လေယာဉ်နှစ်စင်းဟာ ဘင်္ဂလားဒေရှေ့်နယ်စပ်ကို ဖြတ်ကျော်ပျံသန်းကာ ကျည်(၃၀)…

တော်လှန်ရေးအတွက်အချိန်တိုင်းတန်ဖိုးထားအလုပ်လုပ်ဖို့ NUG ဝန်ကြီးချုပ်ပြော

မော်လမြိုင် – စက်တင်ဘာ(၉) နွေဦးတော်လှန်ရေးဟာ အချိန်တိုင်းအရေးကြီးတာကြောင့် အချိန်တိုင်းကို တန်ဖိုးထားပြီး အလုပ်လုပ် ကြဖို့လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီ အစည်းအဝေးအမှတ်စဉ်(၂၈/၂၀၂၂) မှာ အခုလိုပြောခဲ့တာပါ။ “တော်လှန်ရေးဟာ အချိန်တိုင်းအရေးကြီးတာကြောင့် အချိန်တိုင်းကို တန်ဖိုးထားပြီး အလုပ်လုပ်ကြ ရန်လိုအပ် တယ်၊ ကော်မတီရဲ့ တစ်နှစ်ပြည့်အစီရင်ခံစာကို…

စစ်ကောင်စီက ဒေါ်လာသန်း ၂၀၀ အမှန်တကယ် မထောက်ပံ့လို့ စက်သုံးဆီဈေးနှုန်း မကျတာလို့ သုံးသပ်တာတွေ ရှိနေ

မော်လမြိုင်၊ စက်တင်ဘာ (၉) ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း ဆက်တိုက် ကျဆင်းနေပေမယ့် အာဏာသိမ်း စစ်ကောင်စီက ဒေါ်လာသန်း ၂၀၀ အမှန်တကယ် ထောက်ပံ့တာ မရှိတဲ့အတွက်ကြောင့် စက်သုံးဆီဈေးနှုန်း မကျတာလို့ စက်သုံးဆီတင်သွင်းရောင်းချသူတွေနဲ့ လုပ်ငန်းရှင်တွေက သုံးသပ်တာပါ။ စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီ ဈေးနှုန်းကြီးမြင့်မှုတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံခြားငွေကြေးဈေးကွက်မှ တဆင့် အမေရိကန် ဒေါ်လာသန်း(၂၀၀)ကျော် ထောက်ပံ့ ပေးသွားမယ်လို့ ပြီးခဲ့တဲ့…

လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ရေးခရိုင်တရားရုံး ဗုံးခွဲခံရ

ရေး၊ စက်တင်ဘာ ၉ မွန်ပြည်နယ်၊ ရေးမြို့မှာ စစ်ကောင်စီဘက်က လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ရေးခရိုင်တရားရုံးဟာ စက်တင်ဘာ ၈ ရက်နေ့ ည ၇ နာရီလောက်မှာ ဗုံးခွဲခံရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေးခရိုင်တရားရုံးကို အမည်မသိ လူငယ် ၂ ဦးက ဆိုင်ကယ်နဲ့လာပြီး တရားရုံးထဲကို ဗုံးပစ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် တရားရုံးမှန်တံခါးတွေ…

စစ်အာဏာသိမ်း ရက် (၅၈၅) အတွင်း သတ်ဖြတ်ခံရသူ ၂၂၇၁ ဦး အထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ (၉) AAPP ၏ စက်တင်ဘာလ (၈) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၈၅)အတွင်း ပြည်သူ (၂၂၇၁)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၄၃၈ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၈၂) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

ထားဝယ်မှာ စစ်ကောင်စီတပ်က ဒေသခံ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

တနင်္သာရီ၊ စက်တင်ဘာ ၉ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းပိုင်းမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဒေသခံ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့မှာ ထားဝယ်-ထီးခီးလမ်းပိုင်းမှာရှိတဲ့ ဘဝပင်ကျေးရွားအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေတိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။…

မြန်မာ့ပြဿနာ ထိန်းချုပ်နိုင်ပြီဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ လိမ်လည်မှုသာဖြစ်တယ်လို့ ဝေဖန်

ရန်ကုန်၊ စက်တင်ဘာ (၉) စစ်ရေး၊အုပ်ချုပ်ရေး အပါအဝင် နယ်မြေစိုးမိုရေးကအစ အဘက်ဘက်က အရေးနိမ့်နေတဲ့အချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့ပြဿနာကို ထိန်းချုပ်နိုင်ပြီလို့ ပြောဆိုမှုဟာ လိမ်လည်မှုသာဖြစ်တယ်လို့ နိုင်ငံရေးနဲ့ စစ်ရေး လေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။ ရုရှားနိုင်ငံ၊ ဗလာဒီဘော့စတော့မြို့မှာ ပြုလုပ်နေတဲ့ ၇၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်- ၂၀၂၂ ကို တက်ရောက်နေတဲ့ စစ်ခေါင်းဆောင်ဟာ ရုရှားသတင်းဌာနတစ်ခုရဲ့…

ကမ္ဘာ့နိုင်ငံတွေမှာ NUG ကိုယ်စားလှယ်ရုံးပေါင်း ၈ ရုံးအထိ ဖွင့်လှစ်လာနိုင်

မော်လမြိုင်၊ စက်တင်ဘာ ၈ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကမ္ဘာ့နိုင်ငံတွေမှာ ကိုယ်စားလှယ်ရုံးခွဲတွေ ဖွင့်လှစ်ပြီး မြန်မာနိုင်ငံသားတွေရဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို ကူညီလုပ်ဆောင်ပေးနေတယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော်က သံလွင်တိုင်းမ်ကိုပြောပါတယ်။ ကိုယ်စားလှယ်ရုံးခွဲတွေကိုတော့ ချက်၊ အင်္ဂလန်၊ နော်ဝေ ၊ပြင်သစ်၊ တောင်ကိုရီးယား၊ဂျပန်၊ အိန္ဒိယနဲ့ ဩစတြေးလျ နိုင်ငံတွေမှာ ကိုယ်စားလှယ်ရုံး တွေ ဖွင့်လှစ်ပြီး သက်ဆိုင်ရာ…

မိုးပေါ်ပျံနေတဲ့ ကုန်ဈေးနှုန်းနဲ့ အသက်ရှုမဝ အောက်စီဂျင်ပြတ်လာနေသော ပြည်သူများ

ရန်ကုန် မိသားစုဝင် ငါးယောက်မှာ ဝင်ငွေရ အလုပ်လုပ်နေသူ နှစ်ဦးသာ ဒေါ်ယမင်းတို့အိမ်တွင်ရှိသည်။ အသက် ၅၀ အရွယ် ဒေါ်ယမင်းက ဈေးဝယ်၊ ချက်ပြုတ် အိမ်အလုပ်ကို လုပ်ရသည့် အိမ်ရှင်မ။ ဒီနေ့လည်း ခါတိုင်းလိုပင် မနက်စောစောစီးစီး နိုးလာခဲ့သည်။ မိမိအလုပ်က မနက်စောစောဈေးသွား အလုပ်သွားမယ့် သားနဲ့သမီးအတွက် ထမင်းချိုင့်အမီ ချက်ပြုတ်ပေးလိုက်ရမည်။ ဈေးနဲ့အိမ်က အတန်ငယ်လှမ်းတာကြောင့် စောစောထ၊ မြန်မြန်သွား…

တနင်္သာရီမှာ အာဏာသိမ်းမှုကြောင့် အရပ်သားသေဆုံးသူ ၂၄၀ ကျော်ထိ ရှိလာ

ထားဝယ်၊ စက်တင်ဘာ (၉) တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ် အာဏသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် စက်တင်ဘာ ပထမအပတ်အထိ အရပ်သားသေဆုံးသူ ၂၄၀ ကျော်ထိရှိလာတယ်လို့ သုတေသနအဖွဲ့ တစ်ခု ဖြစ်တဲ့ Southern Monitor အဖွဲ့တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်းမှုကြောင့် အရပ်သားသေဆုံးမှုဟာ ထားဝယ်နဲ့မြိတ်ခရိုင်အတွင်းရှိ မြို့နယ်တွေမှာ အများဆုံးဖြစ်ပွားခဲ့တာဖြစ်ပြီး အာဏာသိမ်းကာလအတွင်း…