August 2022

မုံရွာသပိတ်ဦးဆောင်တဲ့ ကိုဝေမိုးနိုင်အပါအဝင် သပိတ်စစ်ကြောင်းတွေကို သတင်းပေးဖမ်းခိုင်း တဲ့ စည်ပင်အရာရှိ ဦးသုခပစ်သတ်ခံရ

မုံရွာ – ဩဂုတ်(၁) စစ်ကိုင်းတိုင်းမုံရွာမြို့က သပိတ်ဦးဆောင်သူ ကိုဝေမိုးနိုင်အပါအဝင် စစ်အာဏာရှင်ဆန့်ကျင် တော်လှန်နေသူတွေကို သတင်းပေးဖမ်းခိုင်းတဲ့ စည်ပင်အရာရှိတစ်ဦးကို ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် မုံရွာတပ်ခွဲ PGF က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဩဂုတ်လ(၁) ရက်နေ့ မနက်(၇) နာရီမှာ စည်ပင်အရာရှိ ဦးသုခ ဆိုသူကို မုံရွာမြို့ ချမ်းမြသာစည်ရပ်ကွက်အတွင်း ပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီသတင်းပေး စည်ပင်အရာရှိဟာ…

စစ်ကောင်စီကဇူလိုင်လအတွင်း ပုလဲမြို့က ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ မှတ်တမ်း NUG ထုတ်ပြန်

ပုလဲ – ဩဂုတ်(၁) စစ်ကောင်စီလက်အောက်ခံ တပ််မ(၇၇) စစ်သားတွေနဲ့ ပျူစောထီး အင်အား(၁၀၀) လောက်ဟာ ပုလဲ မြိုနယ်က ရွာသား(၂၉) ဦးကို သတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဝန်ကြီးဌာက ထုတ်ပြန်လိုက်ပါတယ်။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရွာသစ်(တောင်ပိုင်း)ကျေးရွာက ရွာသား(၂၉) ဦးကို ဇူလိုင်လအတွင်းမှာ သတ်ဖြတ်ခဲ့တာဖြစ်ပြီးအဲ့ဒီထဲမှာ အသက်(၁၅) ငယ်အရွယ်အမျိုးသမီးတစ်ဦးလည်းပါဝင်နေတာပါ။ “တိုင်းပြည်အေးချမ်းသာယာလျက်ရှိသည် လို့ မကြာခဏ…

စစ်ကောင်စီလက်အောက်မှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေတဲ့ ပြည်ပကုမ္ပဏီတွေရပ်ဆိုင်းဖို့ NUG သတိပေး

မော်လမြိုင် – ဩဂုတ်(၁) အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ တရားမဝင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေတဲ့ ပြည်ပ ကုမ္ပဏီ(၈) ခုကို ခြွင်းချက်မရှိရပ်ဆိုင်းဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဇူလိုင်လ(၃၁) ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ဖော်ပြထားတဲ့ စာရင်းထဲမှာ စင်္ကာပူကုမ္ပဏီ (၇) ခုနဲ့ တရုတ်ကုမ္ပဏီ(၁) ခုပါဝင်ပါတယ်။ အဲ့ဒီကုမ္ပဏီတွေဟာ ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ…