ကရင်နီစစ်ရှောင်ပြည်သူတွေ လာမယ့် တစ်ပတ်အတွင်း ရိက္ခာပြတ်လပ်လာနိုင်
ဒီမော့ဆို ၊ သြဂုတ် (၁၇) ကရင်နီပြည်နယ်မှာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာပြီးနောက် စစ်ရှောင်ပြည်သူတွေအတွက် ရိက္ခာဝယ်ယူဖို့ အခက်အခဲ ရှိလာတာကြောင့် လာမယ့် တစ်ပတ်အတွင်း ရိက္ခာပြတ်လပ်လာနိုင်တယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ ကရင်နီဒသမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း စစ်ရှောင်ပြည်သူအတွက် အဓိက ဝယ်ယူနေရတဲ့ ဆန်တစ်အိတ်ကို ၂ ဆ ကျော်ဈေးနှုန်း မြင့်တက်လာသလို စစ်ကောင်စီရဲ့…
