ဝါရှင်တန် ၊ သြဂုတ် (၃၁) 

တရုတ်နဲ့ တင်းမာမှုတွေ  မြင့်တက်နေချိန်မှာ ထိုင်ဝမ်နိုင်ငံအတွက် သင်္ဘောဖျက်ဒုံးပျံ ၆၀ နှင့် ဝေဟင်ပစ်ဒုံးကျည် ၁၀၀ အပါအဝင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံခန့် လက်နက်ရောင်းချမှုအတွက်  အမေရိကန်ကွန်ဂရက်လွှတ်တော်ထံ တောင်းဆိုဖို့ ဂျိုးဘိုင်ဒင်အစိုးရက စီစဉ်နေကြောင်း Politico (ပေါ်လီတီကို) မီဒီယာမှ ဩဂုတ်လ ၂၉ ရက်နေ့မှာ အစီရင်ခံခဲ့ပါတယ်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ လာရောက်လည်ပတ်ပြီးနောက် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော ကျွန်းတစ်ဝိုက်မှာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ဘေဂျင်းသည် ကျွန်းကို ၎င်းရဲ့ ထိန်းချုပ်မှုအောက်သို့ ယူဆောင်လာဖို့ အင်အားသုံးမည့် အရေးကိုမူ ဆုပ်ကိုင်ထားမြဲဖြစ်ပါတယ်။

ထိုင်ဝမ် ထိန်းချုပ်ထားသော ကျွန်းတွေအနီးမှာ  တရုတ်မောင်းသူမဲ့လေယာဉ်များ အကြိမ်ကြိမ် နှောင့်ယှက်မှုနှင့်ပတ်သက်ပြီး ထိုင်ဝမ်ရဲ့ တိုင်ကြားမှုတွေကို တရုတ်က တနင်္လာနေ့မှာ ပယ်ချခဲ့ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ရဲ့  အုပ်ချုပ်ရေးအဖွဲ့နှင့် အမေရိကန် လွှတ်တော်အမတ်တွေက တိုင်ပေမှာ အစိုးရကို ဆက်လက် ထောက်ခံအားပေးမှုအား အလေးပေးကြပြီး အမေရိကန်မှ ပံ့ပိုးမယ်လို့ အတည်ပြုထားသော စစ်သုံးပစ္စည်းတွေကိုလည်း ထိုင်ဝမ်နိုင်ငံမှ မကြာမီ သီတင်းပတ် ဒါမှမဟုတ် လများအတွင်း ကြေငြာနိုင်ဖွယ်ရှိပါတယ်။

Político (ပေါ်လီတီကို) အစီရင်ခံစာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုချက်ကိုတော့ အိမ်ဖြူတော်က ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.