ဘန်ကောက် – ဩဂုတ်(၂၆) 

တာဝန်က ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အနေနဲ့ ကာကွယ်ရေးဝန်ကြီး ဌာနအစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။ 

အသက်(၆၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ပရာယွတ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကန့်သတ်ထားတဲ့ သက်တမ်းကို ပြန်လည်သုံးသပ်ဖို့ တာဝန်က ယာယီဆိုင်းငံ့ခံထားရပေမယ့် ကာကွယ်ရေးဝန်ကြီးအဖြစ်ကနေတော့ အနားယူတာမရှိသေးပါဘူး။ 

ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ပထမဆုံးအာဏာရလာခဲ့တဲ့ စစ်တပ်အကြီးအကဲဖြစ်ပြီး (၈) နှစ်သက်တမ်းဖြစ်လာတဲ့ သူ့ရဲ့ ဝန်ကြီးချုပ်သက်တမ်းကို ပြန်လည်သုံးသပ်ဖို့ လိုအပ်နေတာပါ။ 

ပရာယွတ်အနေနဲ့ တရားရုံးဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးတာမရှိသေးသလို လက်ရှိအချိန်ထိလည်း တရားဝင်ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ 

အစိုးရပြောရေးဆိုခွင့်ရှိသူက ပရာယတ်အနေနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လေးစားပြီး ပြည်သူတွေကို လိုက်နာဖို့ တိုက်တွန်းထားကာ အစိုးရအဖွဲ့အနေနဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။ 

ပရာယွတ်နဲ့ ကာလရှည်အဆက်အသွယ်ရှိတဲ့ စစ်တပ်အကြီးအကဲဟောင်းဖြစ်တဲ့ အသက်(၇၇) နှစ်အရွယ် ဒုတိယဝန်ကြီးချုပ် ပရဝတ် ဟာ ယာယီဝန်ကြီးချုပ်အဖြစ်တာဝန်ယူထားပေမယ့် လူသိရှင်ကြားတာဝန်လွှဲပြောင်းတာတော့မရှိသေးပါဘူး။ 

ဝန်ကြီးချုပ်ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်မှာ ပြည်သူတွေရွေးချယ်ထားတဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်တပ်အကြီးအဲအဖြစ် နိုင်ငံကို အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ 

စစ်တပ်အာဏာသိမ်းချိန်မှာ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဥပဒေအရ ဝန်ကြီးချုပ်တစ်ဦးအတွက် သက်တမ်း(၈) နှစ်သာ အုပ်ချုပ်ခွင့်ရှိတယ်လို့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ပြဌာန်းထားတာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို လာမယ် ၂၀၂၃ခုနှစ်မေလမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.