August 6, 2022

ကြိုးပေးသတ်လို့ ငြိမ်သွားမဲ့ထဲငါတို့ပြည်သူတွေမပါဘူး

ယင်းမာပင် – ဩဂုတ်(၆) ဒီနေ့ ဩဂုတ်လ(၆) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်ကော်မတီက ဦးဆောင်ပြီး ကြိုးပေးသတ်လို့ ငြိမ်သွားမဲ့ထဲ ငါတို့ ပြည်သူတွေမပါဘူး ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

အမှန်/အမှားမင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်

။စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သတင်းအမှားတွေဖြန့်ဝေနေတဲ့ တပ်လော်ဘီ Han Nyein Oo အကောင့်တုနဲ့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” ရေဦးနယ် တင်းတိမ်ရံရွာမှ အိမ်များအား Pdf အကြမ်းဖက်များမှ မီးရှို့ဖျက်ဆီး ”…

လောင်းလုံးမှာ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြ

လောင်းလုံး၊ သြဂုတ် ၆ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်မှာ သြဂုတ် ၆ ရက်နေ့ ညနေပိုင်းက ကျောင်းသားလူငယ်‌တွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြောက်ကျားသပိတ် လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ် ဆန္ဒပြလူငယ်တွေက ကျောင်းသားသမဂ္ဂ အလံနဲ့ LGBT အလံတို့ကို ကိုင်ဆောင်ပြီး “ကျောင်းသားတွေရဲ့ကြွေးကြော်သံဖြင့် အာဏာရှင်ပြားပြား မှောက်စေရမည်” လို့ ကြွေးကြော်ချီတက်ဆန္ဒပြခဲ့တာပါ။ ဒီလှုပ်ရှားမှုကို LGBT၊ အခြေခံပညာကျောင်းသူ ကျောင်းသား‌တွေ…

မြောက်ကိုရီးယားရဲ့ ကိုဗစ်ပထမလှိုင်း အဆုံးသတ်သွားပေမယ့်အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေ

ပြုံယမ်း- ဩဂုတ်(၆) မြောက်ကိုရီးယားမှာ အဖျားရောဂါဝေဒနာရှင်တွေအားလုံး ပြန်လည်ကောင်းမွန်လာတဲ့အတွက် သူတို့ရဲ့ ကိုဗစ်ပထမလှိုင်းအဆုံးသတ်ပြီဖြစ်တယ်လို့ ဩဂုတ်လ(၅) ရက်နေ့မှာ ပြောဆိုခဲ့ ပေမယ့် ကာကွယ်ဆေးမထိုးရသေးတဲ့ လူတွေကြောင့် ကူးစက်မှုတွေပြန်လည်ဖြစ်ပေါ်လာနိုင်တဲ့ အခြေအ နေရှိနေတယ်လို့ လေ့လာသူတွေက ပြောဆိုခဲ့ပါတယ်။ ကပ်ရောဂါတိုက်ဖျက်ရေးအခြေအနေဟာ တည်ငြိမ်မှုအဆင့်ကို ရောက်ရှိနေပြီလို့ နိုင်ငံပိုင် မီဒီယာက ဆိုထားပေမယ့် အောင်ပွဲရတယ်လို့ ကြွားလုံးထုတ်မယ့်အစား မြောက်ကိုရီးယား က နိုင်ငံတော်ကူးစက်ရောဂါတိုက်ဖျက်ရေးမူဝါဒတွေကို အကောင်အထည်ဖော်ချိန်မှာ…

ယူကရိန်းစစ်သားများ လူနေရပ်ကွက်များတွင် တပ်စွဲထားသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စွပ်စွဲ

ကိဗ်ယက် ၊ သြဂုတ် (၆) လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က ရုရှားကျူးကျော်စစ်အတွင်း ယူကရိန်းဟာ လူနေရပ်ကွက်တွေမှာ တပ်စွဲထားတာကြောင့် အရပ်သားများကို အန္တရာယ်ဖြစ်စေတယ်လို့ ကြာသပတေးနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စွပ်စွဲခဲ့ပါတယ်။ သမ္မတ ဇယ်လန်းစကီးက (AI) အဖွဲ့ရဲ့ ယူကရိန်းနိုင်ငံသားများအား စွပ်စွဲချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ယူကရိန်းအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုတွေကို အုပ်စုဖွဲ့ပြီး အကူအညီပေးတာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။…

တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ကို အထီးကျန်ဇာတ်သွင်းရေးကိစ္စ အမေရိကန်ခွင့်မပြုဘူးလို့ ပီလိုစီ ပြောဆို

ဝါရှင်တန် – ဩဂုတ်(၆) အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီ က ထိုင်ဝမ်ကို တရုတ်က အထီးကျန်အောင် ခွဲထုတ်ဖို့လုပ်ဆောင်နေတာကို အမေရိကန်နိုင်ငံက ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဩဂုတ်လ(၅) ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ ထိုင်ဝမ်ကို ခွဲထွက်ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံဟာ (၂၅) နှစ်တာ ကာလအတွင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးရဲ့ ခရီးစဉ်အပြီး ကျွန်းနိုင်ငံတစ်ဝိုက်မှာ အကြီးမားဆုံးစစ်ရေးလေ့ကျင်မှုတွေကို စတင်လာခဲ့တာပါ။ တိုကျိုကိုရောက်ရှိနေတဲ့ မစ္စပီလိုစီဟာ…

ကမ္ဘာတစ်ဝန်းက ကလေးတွေလိုမြန်မာနိုင်ငံက ကလေးငယ်တွေ လူ့အခွင့်အရေး ရရှိသင့်တယ် လို့ NUG ပြော

မော်လမြိုင် – ဩဂုတ်(၆) မြန်မာနိုင်ငံက ကလေးငယ်တွေကို ကမ္ဘာတစ်ဝန်းက ကလေးငယ်တွေလို လူ့အခွင့်အရေးတွေ ရရှိဖို့ အတွက် မိတ်ဖက်အဖွဲ့အစည်းတွေ ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ပြောပါ တယ်။ Southeast Asian Ministers of Education Organization, Regional Center for…

စစ်တရားရုံးချုပ်နဲ့ အကျဉ်းစစ်တရားရုံးချုပ်ဖွဲ့စည်းဖို့ NUG ယာယီသမ္မတ ညွှန်ကြား

မော်လမြိုင် – ဩဂုတ်(၆) အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီက စစ်တရားရုံးနဲ့ အကျဉ်းစစ်တရားရုံးချုပ်ဖွဲ့စည်းဖို့ ယာယီသမ္မတ ဒူဝါလရှီးလက ဩဂုတ်လ(၅) ရက် နေ့ ရက်စွဲနဲ့ ညွှန်ကြားခဲ့ပါတယ်။ ညွှန်ကြားစာမှာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့ စစ်တရားရုံးချုပ်နဲ့ အကျဉ်းစစ်တရားရုံးချုပ် ဖွဲ့စည်းခွင့်အာဏာ ကိုအရာရှိတစ်ဦးကို အမိန့်စာနဲ့ လွှဲအပ်နိုင်တယ် လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၃၀) ရက်နေ့က ပြုလုပ်ခဲ့တဲ့…