ကျောက်ကြီး ၊ ဇူလိုင် (၃၀)

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ကျောက်ကြီးမြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုကို ဇူလိုင် ၂၉ ရက်နေ့ မနက် ၉ နာရီခွဲအချိန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံကရင်လူမှုရေးရာအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်ကေအဲန်ယူ-ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ ကျောက်ကြီးမြို့နယ်ထဲက စစ်ဘေးရှောင်တွေနေထိုင်တဲ့ နေရာတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံး ၈ လုံး လာရောက်ကြဲချသွားတာကြောင့် စစ်ဘေးရှောင်လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။စစ်ကောင်စီက လေယာဉ်နဲ ဗုံးကြဲတိုက်ခိုက်သွားတဲ့ နေရာဟာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၃ တို့အကြား ထိတွေ့တိုက်ပွဲတွေမရှိဘဲ စစ်ရှောင်တွေနေထိုင်တဲ့ နေရာအပေါ် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဒေသခံကရင်လူမှုရေးရာအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။”လူထုတွေစစ်ရှောင်ပြီးတော့သွားနေတဲ့ စစ်ရှောင်စခန်းကို ဗုံးကြဲသွားတယ်။ ရှစ်လုံးလောက်ကြဲသွားတယ်။ လေးယောက်တော့ ထိခိုက်သွားတယ်။အရမ်းကြီးတော့ စိုးရိမ်ရတဲ့အနေအထားတော့မဟုတ်ဘူးပေ့ါနော်။ ရွာတော့မဟုတ်ဘူး အဲ့ဒီနေရာက တောင်ပေါ်မှာ” လို့ သူက ဆိုပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်(၂)ရက်နေ့တုန်းက ကေအဲန်ယူ-ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မုန်းမြို့နယ်အတွင်းမှာ တိုက်ပွဲကြောင့်တိမ်းရှောင်ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူတွေအပေါ် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ပြည်သူလေးဦး သေဆုံးခဲ့ရပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ စစ်ရေးဝင်ရောက်လှုပ်ရှားမှုကြောင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှု မကြာခဏဖြစ်ပွားလျက်ရှိနေပြီး တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၆၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

81814 sharesLikeCommentShare

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.