ဖနွမ်းပင် – ဇူလိုင်(၁၉) 

ကမ္ဘောဒီးယားစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အာဆီယံနှစ်နိုင်ငံကြား ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး အားကောင်စေဖို့အတွက် မြန်မာနိုင်ငံကို စိုက်ပျိုးရေး ထွက်ကုန်တွေ တင်ပို့နိုင်ရေး မြှင့်တင်ဆောင်ရွက်နေပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးနဲ့ နှစ်နိုင်ငံ တွေ့ဆုံချိန်မှာ ကမ္ဘောဒီးယား စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပန်ဆိုရာဆက် က ကမ္ဘောဒီးယားနိုင်ငံရဲ့ လယ်ယာ ထွက်ကုန်တွေ မြန်မာနိုင်ငံကို တင်သွင်းမှု မြှင့်တင်နိုင်ဖို့ တောင်းဆိုခဲ့တာပါ။ 

ကမ္ဘောဒီးယားလယ်ယာထွက်ကုန်တွေမှာ သရက်သီး၊ငှက်ပျောသီး၊ထောပတ်သီး၊သီဟိုဠ်စေ့၊ ကန်စွန်းဥ၊ငရုပ်ကောင်း၊နှမ်း၊ ထန်းလျက်နဲ့ သကြားတို့ပါဝင်ပါတယ်။ 

ဒါ့အပြင်ကမ္ဘောဒီးယားနိုင်ငံ ရဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအလားအလာတွေ၊ကမ္ဘောဒီးယား နိုင်ငံအစိုးရရဲ့ မဟာဗျူဟာ နဲ့ ကမ္ဘောဒီးယားစီးပွားရေး ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေး တို့အတွက်လည်း ဆွေးနွေးမှုတွေမှာပါဝင်ခဲ့ပါတယ်။ 

ကမ္ဘာဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအကြီးအကဲက နှစ်နိုင်ငံကြား ကုန်သွယ်မှု ပူးပေါင်းဆောင် ရွက်မှုကို အားကောင်းခိုင်ခံ့ချဲ့ထွင်းဖို့ ကတိကဝတ်ပြုခဲ့တယ်လို့ သိရပါတယ်။ 

အခွန်နှစ်ကြိမ်ထမ်းဆောင်ရတာကို လျှော့ချဖို့၊ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ဖို့နဲ့ ကာကွဉ်ရေး အပါအဝင် တခြားအရေးကြီး ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ဖို့အတွက် လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

တွေ့ဆုံပွဲမှာ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးနဲ့ နှစ်နိုင်ငံကုန်သည်ကြီးများအသင်း၊ပုဂ္ဂလိက ကဏ္ဍ တို့အကြာပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊စီးပွားရေးလည်ပတ်မှုတွေ အပြန်အလှန်ဖလှယ် ဖို့နဲ့ ပြပွဲလုပ်ငန်းတွေဆောင်ရွက်ဖို့အပါအဝင် ပို့ကုန်မြှင့်တင်ဖို့ အလားအလာရှိတဲ့ ကုန်ပစ္စည်း တွေရဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

နှစ်နိုင်ငံကြား စီးပွားရေးနဲ့ ကုန်သွယ်မှုတိုးမြင့်လာစေဖို့ နှစ်နိုင်ငံစီးပွားရေးနဲ့ ကုန်သွယ်မှု မြှင့်တင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး တို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ 

နှစ်နိုင်ငံကုန်သွယ်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ဒေါ်လာ(၂၈.၂) သန်းအထိရှိခဲ့တယ်လို့ Trading Economics ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Ref:khmertime

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.