ဘီးလင်း ၊ ဇူလိုင် (၁၈)

 
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာ သံတံတားအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဇူလိုင် ၁၈ ရက်နေ့ မနက် ၇ နာရီလောက်က ဟိုက်ဂျက်ယာဉ် တစ်စီး တိမ်းမှောက်ခဲ့တာကြောင့် ၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။


ဘီးလင်းဘက်ကနေ ကျိုက်ထိုဘက်ကို မောင်းနှင်လာတဲ့ ဟိုက်ဂျက်ယာဉ် တစ်စီးဟာ သံတံတားအနီးအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပေါ်ခဲ့တာပါ။


ဟိုက်ဂျက်ယာဉ် တိမ်းမှောက်ခဲ့တာကြောင့် ယာဉ်ပေါ် ပါလာသူ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦး၊ စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပြီး ယာဉ်မောင်းအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။


ဒဏ်ရာရရှိသူတွေထဲမှာတော့ စိုးရိမ်ရတဲ့ လူနာ ၃ ဦးကို ရန်ကုန်နဲ့ သထုံမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန် ၂ ဦးကို ဘီးလင်းမြို့နယ် ဆေးရုံသို့ ပို့ဆောင်ထားပါတယ်။


ဟိုက်ဂျက်ယာဉ် တိမ်းမှောက်မှုကြောင့် ထိခိုက်သေဆုံးသွားတဲ့သူတွေဟာ ဘီးလင်းမြို့နယ် အလူးကျေးရွာ ဒေသခံတွေ ဖြစ်ပြီး အများစုကတော့ သက်ကြီးပိုင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။


ဟိုက်ဂျက်ယာဉ် တိမ်းမှောက်မှုမှာ ပါဝင်သွားတဲ့သူတွေဟာ ကျိုက်ထိုမြို့နယ်က ရက်လည်အလှူအသွားမှာ ယာဉ်တိမ်းမှောက်မှုနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.