ဘန်ကောက် – ဇူလိုင်(၁၉) 

စစ်တပ်အကြီးအကဲတွေက ထိုင်းနိုင်ငံရဲ့ ၂၀၂၃ ခုနှစ်ကာကွယ်ရေးအသုံးစရိတ်အတွက် ဘတ်ငွေ (၁၉၇.၂၉၂) ဘီလျံတောင်းခံခဲ့လို့ ကာကွယ်ရေးအမြဲတမ်းအတွင်းဝန်အပါအဝင် ကြည်း ၊ရေ၊လေ အကြီးအကဲ(၃) ဦးဟာ ပါလီမန်ကော်မတီမှာ လာရောက်တွေ့ဆုံခဲ့ကြပါတယ်။ 

၂၀၂၃ ခုနှစ် ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေကြမ်းရဲ့အောက်လွှတ်တော်ကော်မတီ အစည်းအဝေး ကို ဘဏ္ဍာရေးဝန်ကြီးဟောင်းဗာရာသပ်ရာသန်နာခွန်က သဘာပတိအဖြစ် ကျင်းပခဲ့တာပါ။ 

အဲ့ဒီတွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဗိုလ်ချုပ်ကြီး ဝိုရာကီရတ်၊ စစ်သေနာပတိချုပ် ချာလမ်ပို၊ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နာရွန်ပန်၊ ထိုင်းဘုရင့်ရေတပ်ဦးစီးချုပ် ဆွမ်ပရာဆွန်နဲ့ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် နာပါဒေချ့် တို့ တက်ရောက်ခဲ့ကြပါတယ်။ 

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ဟာ ၂၀၂၁ ခုနှစ်က စတင်ပြီး နှစ်စဉ်ကျဆင်းလာခဲ့ပြီး တရုတ်၊အမေရိကန်နဲ့ ရုရှားတို့လို စူပါ ပါဝါနိုင်ငံတွေရဲ့ မတည်ငြိမ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခ တွေနဲ့ ဩဇာချဲ့မှုတွေကြောင့် ကာကွယ်ရေးအသုံးစရိတ်လိုအပ်တာဖြစ်တယ်လို့ ဝိုရာကီရတ်က ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် အမေရိကန်ဟာ ကာကွယ်ရေးအတွက် သူတို့ GDP ရဲ့ (၃.၄၈) ရာခိုင်နှုန်း၊ တရုတ်က (၁.၇၄) ရာခိုင်နှုန်းနဲ့ အိန္ဒိယက (၂.၆၆) ရာခိုင်နှုန်းတို့ရှိနေပြီး ကမ္ဘာတစ်ဝှမ်းမှာ စစ်ရေးအသုံး စရိတ်တွေ တိုးလာနေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

ထိုင်းနိုင်ငံဟာ စစ်ရေးအသုံးစရိတ်အတွက် အာဆီယံနိုင်ငံတွေမှာ အဆင့်(၅) ရှိပြီး ကာကွယ်ရေး အတွက် GDP ရဲ့ (၁.၁၇) ရာခိုင်နှုန်းကိုသာ ခွဲဝေပေးထားတာဖြစ်တယ်လို့ ဝိုရာကီရတ် ကပြောဆိုခဲ့ပါတယ်။ 

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ဟာ နှစ်စဉ်နှစ်တိုင်းဆောင်ရွက်ရမယ့် တာဝန်အားလုံးကို ထည့်သွင်းတက်ချက်တဲ့အချိန်မှာ မြင့်မားတာလာမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ 

စစ်အသုံးစရိတ်ကို ဝန်ကြီးချုပ်ရုံးရဲ့ စည်းမျဉ်းတွေနဲ့ ခွဲခြားသတ်မှတ်ထားကာ အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး သတိပြုဖို့ စစ်သေနာပတိချုပ်က သတိပေး ထားပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၅၂) အရ နိုင်ငံတော်ကို ကာကွယ်ဖို့ အစိုးရအနေနဲ့ ခိုင်မာတဲ့ စစ်အင်အား တည်ဆောက်ဖို့ လိုတယ်လို့ တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။

Ref: Nation Thailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.