ဘန်ကောက် – ဇူလိုင်(၁၈) 

ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ မန်ယူလီပါပူးလ် ဘောလုံးပွဲစီစဉ်ခဲ့တဲ့ မစ္စတာ ဗီနစ်ဂျ် ကဒီကစား ပွဲအတွက် ဘတ်သန်း(၁၀၀) ကျော်အရှုံးပေါ်ခဲ့ပေမယ့် ပွဲဖြစ်မြောက်ရေးကအရေးကြီးလို့ ဒီငွေပမာဏကို ဂရုမစိုက်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ 

အဲ့ဒီပွဲနဲ့ ပတ်သက်ပြီး စာရင်းဇယားလုပ်ကိုင်ရတာတွေတော့ အဆုံးသတ်နိုင်တာ မရှိသေးဘူး လို့ သိရပါတယ်။ 

ပွဲစီစဉ်ရေးအဖွဲ့ကိုလည်း အသင်းနှစ်သင်းလုံးက ဂုဏ်ပြုခဲ့တဲ့အပြင် ထိုင်းနိုင်ငံအတွင်း ကျင်းပ နိုင်ခဲ့တဲ့ ဖိတ်ခေါ်ဘောလုံးပွဲအပေါ်မှာ အိမ်နီးချင်းနိုင်ငံတွေ၊ နှစ်ဖက်အသင်း အကြီးတန်းအရာရှိ တွေနဲ့ ဂန္တဝင်ကစားသမားတွေရဲ့ တုံ့ပြန်ချက်တွေဟာလည်း အပြုသဘောဆောင်ခဲ့သလို လက်ခံ ကျင်းပနိုင်ခဲ့တဲ့အတွက် အံ့အားသင့်ခဲ့ရတယ်လို့ မစ္စတာ ဗီနစ်ဂျ်က ပြောဆိုခဲ့ပါတယ်။ 

Bangkok Centru Cup 2022 ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ နောက်ဆက်တွဲအဖြစ် ထိုင်းနိုင်ငံ မှာ နောက်ထပ်အကြီးစားပွဲတွေကို လက်ခံကျင်းပနိုင်ဖို့အတွက် ကမ္ဘာအရပ်ရပ်က ပွဲကျင်းပရေး ကုမ္ပဏီတွေဟာ မစ္စတာဗီနစ်ဂျ်ရဲ့ Fersh Air Festival ကုမ္ပဏီကို ဆက်သွယ်နေကြပါတယ်။ 

ပွဲအနိုင်ရရှိထားတဲ့ မန်ယူအသင်းအတွက် ဆုတံဆိပ်ဒိုင်းနဲ့ ဆုကြေးငွေ ဘတ်(၂) သိန်းကို လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း လွှဲပြောင်းပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ 

လေ့ကျင်းရေး ကွင်းပြင်ဆင်ရေးအပိုင်းမှာလည်း မန်ယူအသင်းရဲ့ လေ့ကျင့်ရေးနေရာအတိုင်း ထိုင်းနိုင်ငံရဲ့ STB အကယ်ဒမီကို ပြင်ဆင်ထားခဲ့ပြီး တစ်လကျော်ကြာအချိန်ယူခဲ့ရတာပါ။ 

ပွဲကျင်းပရေးအတွက် နှစ်ဘက်သဘောတူရေးထိုးထားတဲ့ စာချုပ်မှာ လေ့ကျင့်ရေးကွင်းရဲ့ စံချိန်စံနှုန်းတွေပြည့်မှီရမယ်လို့ ပါဝင်ပြီး ယှဉ်ပြိုင်မယ့် အသင်းတွေထိုင်းနိုင်ငံကိုမရောက်မီ (၂) ရက်အလိုထဲက အဆင်သင့်ဖြစ်နေတာဖြစ်တယ်လို့  မစ္စတာ ဗီနစ်ဂျ်က ပြောခဲ့ပါတယ်။ 

Bangkok Century Cup 2022 ကျင်းပနိုင်ဖို့အတွက် ရာဇမင်္ဂလာအားကစားရုံ ပြင်ဆင်ရာမှာ ပုဂ္ဂလိက လုပ်ငန်းတွေက ထည့်ဝင်ထားတဲ့ ဘတ်(၇) သန်းကို အသုံးပြုခဲ့ပြီး အနာဂတ်မှာ ကျင်းပ ဖို့ရှိတဲ့ အကြီးစားပွဲတွေအတွက်လည်း ပိုမိုကူညီကြဖို့ မစ္စတာ ဗီနစ်ဂျ်က ကုမ္ပဏီတွေကို တိုက်တွန်းထားပါတယ်။  

Ref: Nation thailand 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.