ရီယာ့ဒ် – ဇူလိုင်(၁၈) 

စွမ်းအင်အရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး လက်တွေ့မကျတဲ့ မူဝါဒတွေဟာ ကုန်ကျစရိတ်မြင့်မား လာတာနဲ့အတူ ငွေကြေးဖောင်းပွတာတွေကို ဦးတည်စေနိုင်တယ်လို့ ဆော်ဒီအာရေးဗျ မင်းသား မိုဟာမက်ဘင်ဆလာမင်က ပြောဆိုခဲ့ပါတယ်။ 

ဆော်ဒီမြို့မှာ ကျင်းပခဲ့တဲ့ US-Arab ထိပ်သီးအစည်းအဝေးပွဲမှာ မင်းသားက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို အထောက်အကူဖြစ်စေဖို့ ညီညွတ်တဲ့ ကြိုးစားအားထုတ်မှုတွေလိုအပ်တယ်လို့ ပြောဆိုခဲ့တာပါ။ 

“စွမ်းအင်အရင်းအမြစ်ရရှိနိုင်တဲ့ ဖယ်ချန်ပြီး လက်တွေ့မဆန်သော မူဝါဒတွေကို အသက် သွင်း ခြင်းဟာ လာမယ့်နှစ်တွေအတွင်းမှာ မမျှော်မှန်းနိုင်တဲ့ ငွေကြေးဖောင်းပွမှုများနှင့် စွမ်းအင် ဈေး နှုန်းမြင့်တက်ခြင်းကို ဦးတည်သွားစေနိုင်တဲ့အပြင် အလုပ်လက်မဲ့နှုန်းကို မြင့်တက်စေပြီး ပြင်း ထန်လာနေတဲ့ လူမှုရေးနှင့် လုံခြုံရေး ပြဿနာတွေကို ပိုမိုဆိုးရွားလာစေမှာပါ”လို့အာရပ်မင်းသား

က ပြောခဲ့ပါတယ်။ 

ကမ္ဘာ့ထိပ်တန်းလောင်စာဆီတင်ပို့သူက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို အထောက်အပံ့ဖြစ်စေဖို့ ကိုဗစ် နဲ့ ဘူမိနိုင်ငံရေးအခြေအနေတွေကို ပူးပေါင်းဖြေရှင်းကြရမှာဖြစ်သလို သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ စိန်ခေါ်မှုအောက်မှာ စွမ်းအင်အရင်းအမြစ်တွေကို ရေရှည်တည်တံခိုင်မြဲဖို့အတွက် တဖြည်းဖြည်း ကူးပြောင်းနိုင်တဲ့ လက်တွေ့ကျပြီး တာဝန်ယူမှုရှိတဲ့ ချဉ်းကပ်မှုတစ်ရပ် လိုအပ် တယ်လို့လည်း ပြောခဲ့ပါသေးတယ်။ 

ထိပ်သီးခေါင်းဆောင်အစည်းအဝေးမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ အာရပ်ပင်လယ်ကွေ့ (၆) နိုင်ငံ၊အီဂျစ်၊ဂျော်ဒန်နဲ့ အီရတ်နိုင်ငံခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပြီး ဘိုင်ဒန်က ဂျာဂတ် မြို့မှာ ခေါင်းဆောင်(၆) ဦးနဲ့ တွေ့ဆုံပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ 

ဘိုင်ဒန်ဟာ လောင်စာဆီထုတ်လုပ်တဲ့ ပင်လယ်ကွေ့ခေါင်းဆောင်တွေနဲ့ စွမ်းအင်လုံခြုံရေး အကြောင်းဆွေးနွေးခဲ့ပြီး Opec နဲ့ မဟာမိတ်တွေက လောင်စာဆီထုတ်လုပ်မှု တိုးမြှင့်နိုင်ဖို့ မျှော်မှန်းထားပြီး အဲ့ဒီဆွေးနွေးပွဲမှာတော့ နှစ်ဖက်ကြေညာချက်ထွက်ပေါ်လာတာမရှိသေး ပါဘူး။

ဒါ့အပြင်အမေရိကန်သမ္မတ ဘိုင်ဒန်ရဲ့ အာရပ်ခေါင်းဆောင်တွေကို ပြောဆိုချက်မှာ“နိုင်ငံ သူ/နိုင်ငံသားတွေမှာ ကြောက်ရွံခြင်းမရှိပဲ ယင်းတို့၏ ခေါင်းဆောင်များကို မေးခွန်းထုတ်နိုင်မယ့် ထောက်ပြနိုင်မယ့် နေရာကသာလျှင် လူထု၏ အလားအလာရှိမှုကို ပြည့်တင်းစေနိုင်ဖြစ်ပြီး အဲ့ဒီအရာက သာလျှင် နိုင်ငံတွေအတွက် ယင်းတို့အနာဂတ်ကို အောင်မြင်စေနိုင်မယ့် အကြောင်းတစ်ရပ်ပါ” လို့ ပါရှိပါတယ်။ 

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.