Filipino Foreign Affairs Secretary Enrique Manalo and Chinese State Councilor and Foreign Minister Wang Yi pose for pictures at the Department of Foreign Affars before bilateral talks, in Manila, Philippines, July 6, 2022. Jam Sta Rosa/Pool via REUTERS

မနီလာ – ဇူလိုင်(၇) 

နိုင်ငံတွေရဲ့ ဆက်ဆံရေးမှာ ရွှေခေတ်သစ်ဆိုတဲ့ အသုံးအနှုန်းကို ကြေငြာပြီး ဖိလစ်ပိုင်သမ္မတ သစ် မားကိုစ့်ဂျူနီလာ ဆက်ဆံရေးလုပ်ဖို့ တရုတ်က အဆင်သင့်ရှိနေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက ပြောခဲ့ပါတယ်။ 

ဖိလစ်ပိုင် မဟာမိတ်အမေရိကန်က ဒေသတွင်း သူတို့ရဲ့ ဩဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေချိန်မှာ မားကိုစ့်ရဲ့ ရွေးကောက်ပွဲနဲ့ ဆက်ဆံရေးဟာ စာမျက်နှာသစ်တစ်ခုကို ပြောင်းလဲစေတယ်လို့ အရှေ့တောင်အာရှကို လာရောက်လည်ပတ်နေတဲ့ ဝမ်ရီက ပြောဆိုထားတာပါ။ 

“တရုတ်အပေါ် ချစ်ကြည်ရင်းနှီးတဲ့မူဝါဒကို လိုက်လျှောက်ဖို့ သမ္မတမားကို့စ်ရဲ့ မကြာသေးမီက ကတိကဝတ်ပြုမှုကို ကျွန်တော်တို့ အလွန်တန်ဖိုးထားပြီး ပြင်ပကမ္ဘာကို အလွန်အပြုသဘော ဆောင်တဲ့ အချက်ပြမှုတစ်ခု ပေးပို့ခဲ့တဲ့ ဒီမကြာသေးမီက ထုတ်ပြန်ချက်တွေကို အလေးအနက် ပြောကြားခဲ့ပါတယ်”လို့  ဝမ်ကဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Enrique Manaloနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။ 

၁၉၈၆ လူထုအုံကြွမှုကြောင့် ဖြုတ်ခံထားရတဲ့ အာဏာရှင်ရဲ့ သားဖြစ်သူ မားကိုစ့်ရဲ့ ရွေးကောက် ပွဲကို လေ့လာသူအများအပြားက အမေရိကန်ထက် တရုတ်နိုင်ငံအတွက် ပိုပြီးအခွင့်အရေးသာ စေတယ်လို့ သုံးသပ်ထားကြပေမယ့် သမ္မတသစ်ကတော့ ဘေဂျင်းနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိတော့မှာ မဟုတ်ဘူးလို့ လူသိရှင်ကြားထုတ်ဖော်ပြောဆိုထားပါတယ်။ 

တရုတ်နိုင်ငံဟာ မားကိုစ့်နဲ့ ဆက်ဆံရေးကို ပိုမိုအားကောင်းဖို့ ဆန္ဒရှိနေတဲ့အတွက် သူတို့နဲ့ တစ်သားတည်းဖြစ်တယ်လို့ ဝမ်က ပြောခဲ့ပါတယ်။ 

“ဖိလစ်ပိုင်နဲ့ တူညီတဲ့ ဦးတည်ချက်ကို ဦးတည်လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်ပြီး နယ်ပယ် အားလုံးမှာ ပူးပေါင်းဆောင်ရွက်မှုအတွက် အစီအစဉ်ဆွဲဖို့ အဆင်သင့်ရှိပါတယ်။ နှစ်ဘက် လက်တွဲပြီး အပြန်အလှန် ဆက်ဆံရေးအတွက် ရွှေခေတ်သစ်ကို ဖွင့်လှစ်နိုင်မယ်လို့ ယုံကြည်ပါတယ်။”လို့ ဝမ်ရိက ပြောခဲ့ပါတယ်။ 

မားကိုစ့်ဟာ ကာကွယ်ရေးမဟာမိတ်အမေရိကန်နဲ့ အနီးကပ်ဆက်ဆံရေးကို ထိန်းသိမ်း ထားချိန်မှာ တရုတ်ရဲ့ စီးပွားရေးသဘောတူညီမှုတွေကို မြှင့်တင်ချိန်မှာ ဟန်ချက်ထိန်းညှိ နိုင်ဖို့ ဥပဒေတစ်ရပ်ကို ပြဌာန်းထားပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.