Radio Than Lwin Times(Episode 20/6)
Sound Cloud Link
Sound Cloud Link
တိုကျို – ဇွန်(၂၈) မြို့တော်တိုကျိုမှာ ပူပြင်းတဲ့ နွေရာသီအပူဒဏ်သင့်ကာလအတွင်း လူအများ စွမ်းအင်ချွေတာ ဖို့ နဲ့ တနင်္လာနေ့မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေရှိလာနိုင်တယ်လို့ ဂျပန်အစိုးရက ဇွန်လ(၂၆) ရက်နေ့က သတိပေးထားပါတယ်။ ဂျပန်နိုင်ငံအရှေ့ပိုင်း က တိုကျိုနဲ့ အနီးနားက စီရင်စု (၈) ခုမှာ အပိုဆောင်းလျှပ်စစ် ထုတ်လုပ် နိုင်မှု ပမာဏဟာ တနင်္လာနေ့ မွန်းလွဲ(၅) နာရီမှာ…
ဝါရှင်တန် – ဇွန်(၂၈) ချမ်းသာတဲ့ ဒီမိုကရေစီနိုင်ငံအစုအဖွဲ့ G-7 အနေနဲ့ တရုတ်နိုင်ငံရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ BRI ပတ်လမ်း ကိုလှဉ်ပြိုင်ဖို့အတွက် ဆင်းရဲတဲ့ နိုင်ငံတွေမှာ ကမ္ဘာလုံးဆိုင်ရာ အခြေခံအ ဆောက်အအုံ ဖွံ့ဖြိုးရေးအစီအစဉ်တွေအတွက် ကန်ဒေါ်လာ (၆၀၀) ဘီလျံ မတည်သွားမှာ ဖြစ်တယ်လို့ ဇွန်လ(၂၆) ရက်နေ့က ကြေညာခဲ့ပါတယ်။ ဥရောပသမဂ္ဂအပါအဝင်မဟာမိတ် (၇) နိုင်ငံက ကနေဒါ၊ဂျာမနီ၊အီတလီ၊ဂျပန်…
ဖနွမ်းပင် – ဇွန်(၂၈) ကမ္ဘောဒီးယားအမျိုးသားရွေးကောက်ပွဲကော်မတီက ဇွန်လ(၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒေသန္တရ ရွေးကောက်ပွဲတရားဝင်ရလဒ်ကို ထုတ်ပြန်ခဲ့ပြီး လက်ရှိအာဏာရဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ပါတီက ဒေသဆိုင်ရာကောင်စီ နေရာ (၈၀) ရာခိုင်နှုန်းအနိုင်ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပဥ္စမအကြိမ်အထွေထွေရွေးကောက်ပွဲမှာ CPP ပါတီဟာ မဲဆန္ဒနယ် (၁၁၆၂၂) နေရာ ရှိတဲ့အနက် (၉၃၇၆) နေရာထိအနိုင်ရခဲ့တယ်လို့ ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒေသကောင်စီနေရာ…
ဘန်ကောက် – ဇွန်(၂၇) မြို့ပြအကြီးစားသယ်ယူပို့ဆောင်ရေးအာဏာပိုင် (BMTA) ရဲ့ ဘတ်စ်ကားဝန်ဆောင်မှုတွေမှာ လမ်းကြောင်း(၂၇)ခုနီးပါးအတွက် ယာဉ်ပြတ်လပ်ရှားပါးမှုတွေကို ရင်ဆိုင်နေရပြီး(၉၀) ရာခိုင် နှုန်းသောခရီးသွားပြည်သူတွေဟာ ကားရရှိနိုင်ဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရပါ တယ်။ BMTA ဒါရိုက်တာ ကီတစ်ကန်ချွမ်ဒေါင် က ဘတ်စ်ကားအစီးရေ (၂၈၈၅) စီးရှိတယ်လို့ ပြောဆို ထားပေမယ့် အဲ့ဒီယာဉ်တွေဟာ (၅) နှစ်ကနေ (၂၅) နှစ်သက်တမ်းရှိတဲ့အတွက်…
ရှန်ဟိုင်း – ဇွန်(၂၆) တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ဟောင်ကောင်မြို့တော်ကို တရုတ်ပြည်မကြီးကို လွှဲပြောင်းပေး အပ်ခြင်း(၂၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဟောင်ကောင်ကို သွားရောက်မှာဖြစ်တယ်လို့ နိုင်ငံပိုင်အေဂျင်စီ ဆင်ဟွာက ဇွန်လ(၂၅) ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ ကိုဗစ်ပြီးနောက်ပိုင်း ဇန်နဝါရီ လ၂၀၂၀ ခုနှစ်တည်းက တရုတ်ပြည်မကြီး ပြင်ပကို သွားရောက်တဲ့ ရှီရဲ့ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။ “တရုတ်ကွန်မြူနစ်ပါတီ…
ဘာလင် – ဇွန်(၂၆) ရုရှားဓာတ်ငွေ့မပါတဲ့ အစီအစဉ်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အီးယူခေါင်းဆောင်တွေက ဇွန်လ(၂၄) ရက်နေ့က ဆွေးနွေးခဲ့ကြပြီး ဂျာမနီက ဒီနှစ်ဆောင်းရာသီ မှာ သူတို့ရဲ့ စက်မှုလုပ်ငန်းတစ်ချို့ကို ပိတ်ပစ်ရနိုင်တယ်လို့ သတိပေးထားသလို ရုရှားဟာ စွမ်းအင်ကို လက်နက်သဖွယ်အသုံးပြုနေလို့ အကျပ်အတည်းဖြစ်စေတယ်လို့ စွပ်စွဲထားပါတယ်။ ယူကရိန်းကို အဖွဲ့ဝင်အဖြစ် သတ်မှတ်ရေးလမ်းကြောင်းအပေါ်ရှိစေတဲ့အတွက် အောင်ပွဲကျင်းပ ပြီးတစ်ရက်အကြာမှာ ကျူးကျော်စစ်ကြောင့် စီးပွားရေးဆိုင်ရာ…
ဘန်ကောက် – ဇွန်(၂၆) စီးပွားရေးကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ကူညီ ပေးဖို့အတွက် ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက မြေယာနဲ့ အဆောက်အအုံ အခွန်ပေး ဆောင်ရမယ့် နောက်ဆုံးရက်ို (၃) လတိုးမြှင့်လိုက်ပါတယ်။ အခွန်ဆောင်သူတွေအနေနဲ့ မူလက ဧပြီလကုန်မှာ ပေးရမှာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဇူလိုင်လကုန်မှ ပေးဆောင်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။ သက်တမ်းတိုးတာဟာ ပထမဇူလိုင်လအထိရွှေ့ဆိုင်းထားပေမယ့် (၃) လတစ်ကြိမ်အရစ်ကျနဲ့…
မနီလာ ၊ ဇွန် (၂၅) တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနှင့် ဖီလစ်ပိုင်နိုင်ငံတို့အကြား ပူးတွဲစွမ်းအင်ရှာဖွေရေးဆိုင်ရာ ဆွေးနွေးမှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံသည် ပင်လယ်ရေကြောင်း အချုပ်အခြာအာဏာကို ဆယ်စုနှစ်များစွာ အချင်းများခဲ့ကြပြီး ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုင်ဆိုင်မှုများကို ပူးတွဲရှာဖွေရန် ၂၀၁၈ ခုနှစ်ကတည်းက ကတိပြုခဲ့ကြတာဖြစ်ပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေအရ တတ်နိုင်သလောက်တော့…
ရန်ကုန် – ဇွန်(၂၅) မြန်မာနိုင်ငံမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်ပအကူအညီတွေလျော့နည်းလာလို့ နိုင်ငံခြားငွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ မော်တော်ကားနဲ့ တခြားမရှိမဖြစ် ကုန်ပစ္စည်းတွေ တင်သွင်း မှုကို တားမြစ်ပြီး သွင်းကုန်ထိန်းချုပ်မှုတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့မေလက ဗီယက်နမ်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအားကစားသမားတွေကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဌာန က ကားတင်သွင်းခွင့်ပါမစ်…