ဘန်ကောက် ၊ ဧပြီ (၁၅)

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက သူရဲ့ အငယ်ဆုံးသမီးဖြစ်သူ ပက်တွန်တန်ကို လာာမယ့်အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ထင်ကြေးပေးမှုတွေကို ပယ်ချခဲ့ပါတယ်။

အင်္ဂါနေ့က ပြုလုပ်တဲ့ ClubHouse အစည်းအဝေးမှာ သက်ဆင်က သူ့ရဲ့သမီးဖြစ်သူ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စိတ်ကူးမယဉ်ဘဲ Pheu Thai ပါတီက ပညာရပ်ဆိုင်ရာ အခန်းကဏ္ဍမှာ ပါဝင်လုပ်ကိုင်ဖို့ လိုလား တယ်လို့ ပြောခဲ့ပါတယ်။

သူ့သမီး ရွေးကောက်ပွဲ ဝင်ပြိုင်တာ မြင်ချင်လားလို့ မေးတော့ သူက “အိပ်မက်မမက်သေးဘူး၊ စိတ်ကူးယဉ်ဖို့ နေရာမရှိသေးဘူး။ ပညာရပ်ဆိုင်ရာ အလုပ်တွေနဲ့ လူတွေကို ကူညီပြီး အကြံဥာဏ်တွေ ပေးစေချင်တယ်” လို့ သက်ဆင်က ပြောဆိုခဲ့ပါတယ်။

 မစ္စ ပက်တွန်တန်လဟာ လာမယ့်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ရာထူးအတွက် Pheu Thai ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံနိုင်ဖွယ်ရှိတယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

အဲ့ဒီထင်ကြေးပေးမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အာဏာရ ပလောင် ပရာချာရက်ပါတီ (PPRP) ရဲ့ ခေါင်းဆောင်ဖြစ်တဲ့  ဒုတိယ၀န်ကြီးချုပ် ပရာဝစ် ဝန်ဆူဝမ်ကို ရည်ညွှန်းပြီး သက်ဆက်က အခုလို ပြောဆိုခဲ့ပါတယ်။

 “သူတို့နှစ်ဦးမှာ အသက် ၇၅ နှစ်အရွယ်ရှိတဲ့ သူသာဆက်ရှိနေသေးရင် ၃၅ နှစ်အရွယ်က ဝင်ဖို့မသင့်တော်ပါဘူး။ ဒါပေမယ့် အသက် ၃၅ နှစ်အရွယ်က ဝင်နိုင်ရင် တခြားတစ်ယောက်က ဆက်မနေသင့်တော့ဘူး။ မျိုးဆက်အကြား ကွာဟမှု အပြောင်းအလဲ မဖြစ်သင့်သေးဘူးလို့ ယုံကြည်လို့ ၇၅ နှစ်သားကို ဆက်ထိန်းထားလိုက်ပါ။” လို့ သူကပြောပါတယ်။

 Pheu Thai ပါတီမှာတော့ စည်းလုံးညီညွတ်မှုမြှင့်တင်ဖို့  ရည်ရွယ်တဲ့မဲဆွယ်စည်းရုံးရေး တာဝန်ယူပြီးနောက် မစ္စ ပက်တွန်တန်လ ကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရ

နိုင်မလားဆိုတာ စောင့်ကြည့်နေကြပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.