ဘန်ကောက် – ဧပြီ(၁၅)

ယူကရိန်း ရဲ့ဒုံးကျည်ပစ်လွှတ်ခဲ့တဲ့အတွက် ပင်လယ်နက်က ရေတပ်သင်္ဘောစုက  အဓိက အရေးပါတဲ့ သင်္ဘော ပြင်းပြင်းထန်ထန်ထိခိုက်ပျက်ဆီးသွားပြီးသင်္ဘော  အမှုထမ်း   တွေကို  ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်တွေအရ မော့စ်ဗာဒုံးကျည် ခရူဇာပေါ် ပစ်ခတ်ခဲ့တဲ့အတွက် ခဲယမ်းမီးကျောက်တွေ   ပေါက်ကွဲခဲ့တယ်လို့ Interfaxသတင်း ဌာနကဖော်ပြခဲ့ပါတယ်။

မီးလောင်ပျက်ဆီးမှုဖြစ်ပွားရတဲ့ အကြောင်းကိုအသေးစိတ်မပြောခဲ့ပေမယ့် အော့ဒက်ဆာ ပင်လယ်နက်ဆိပ်ကမ်းအနီးရှိ မော့စ်ဗာဟာ ယူကရိန်းလုပ် နပ်ပကျွန်း သင်္ဘောဖျက် ဒုံးကျည် နှစ်စင်းထိမှန်ခဲ့တာဖြစ်တယ်လို့ ယူကရိန်းနိုင်ငံ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး မားချန်းကိုက ပြောပါတယ်။

အခုသင်္ဘောဟာ စစ်ပွဲစတင်ကတည်းက ဆိုးဆိုးရွားရွားပျက်ဆီးခဲ့ရတဲ့ ဒုတိယမြောက် အဓိက သင်္ဘောဖြစ်ပြီး ပြီးခဲ့တဲ့ လကလည်း ယူကရိန်း ဟာ ကမ်းတက်ထောက်ပံ့ရေး သင်္ဘော  Orskကိုဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရုရှားရေတပ်ဟာ ယူကရိန်းကို ခရုဇ်ဒုံးကည်တွေ ပစ်လွှတ်ခဲ့ပြီး ပင်လယ်နက်အတွင်း သူတို့ရဲ့ စစ်ဆင်ရေးတွေဟာ ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ဘက်ရှိ မြေပြင်စစ်ဆင်ရေး တွေကို အထောက်အကူပြုဖို့အတွက် အရေးပါတဲ့ စစ်ရေးလှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

၁၉၈၃ ခုနှစ်က စတင်အသုံးပြုခဲ့တဲ့ မော့စ်ဗာသင်္ဘောဟာ သင်္ဘောဖျက် ခရုဇ်ဒုံးကျည် (၁၆)စင်းကိုတပ်ဆင်ထားပြီး  အနည်းဆုံး ကီလိုမီတာ ၇၀၀ အကွာအဝေးထိ ပစ်ခတ်နိုင်တယ်လို့  ရုရှားသတင်းအေဂျင်စီတွေက ပြောပါတယ်။

ဝိုင်းရံထားတဲ့ မာရီယူပူးဆိပ်ကမ်းကို အပြည့်အဝထိန်းချုပ်ဖို့ ကြိုးပမ်းနေချိန်မှာ ရုရှား က ယူကရိန်းရဲ့  တောင်နဲ့အရှေ့ဘက်မှာ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတာ  တွေရှိတယ်လို့ ယူကရိန်းက သတိပေးထားပါတယ်။

ရုရှားကတော့ ယူကရိန်းအရှာရှိ (၁၆၂)ယောက်အပါအဝင်မရိန်းတပ်(၃၆) က တပ်ဖွဲ့ဝင် (၁၀၂၆) ဟာမာရီယူပူးမြို့မှာ လက်နက်ချခဲ့တဲ့အတွက် မြို့ကိုအပြည့်အဝထိန်းချုပ် ထား နိုင်ပြီလို့ ပြောဆိုထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.