ဘန်ကောက် – ဧပြီ(၁၅)

မလေးရှားနိုင်ငံဟာ ကိုဗစ်ကပ်ဘေးကြောင့် ဖြစ်ပေါ်လာတဲ့ လုပ်သားပြတ်လပ်မှု တွေကို ဖြေရှင်းဖို့ နည်းလမ်းရှာနေပြီး နိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ထုတ်လုပ်ရေးစက်ရုံတွေမှာ လုပ်ငန်း ကြန့်ကြာမှု ပြဿနာတွေ ဖြစ်ပေါ်နေတဲ့အတွက် လုပ်သားငှားရမ်းဖို့ ဆောင်ရွက်နေပါ တယ်။

ဧပြီလ(၁၅) ရက်နေ့(ဒီနေ့)ကစပြီး အထူးကော်မတီက အတည်ပြု လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာန ဘာနာမာ မှာဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံဟာ လာမယ် (၁)လခွဲအတွင်း ရွှေ့ပြောင်းလုပ်သား (၁၈၀၀၀၀)လောက်  ငှားရမ်းနိုင်ဖို့ မျှော်မှန်းထားတယ်လို့ လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး မစ္စတာအမ်ဆာရာဗန် နန် ကပြောပါတယ်။

ကိုဗစ်ကြောင့် နိုင်ငံခြားလုပ်သားခေါ်ယူဖို့(၂) နှစ်ကျော်ရပ်ဆိုင်းထားလိုက်ရတဲ့အတွက် ဆီအုန်းစိုက်ပျိုးမှု ကဏ္ဍတွေမှာလုပ်သားပြတ်လတ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး  အခွန် ဒေါ်လာဘီယီယံနဲ့ချီဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အခြေခံလုပ်သားခေါ်ယူဖို့ လုပ်ငန်းရှင်အသင်းတွေက တောင်းဆိုနေကြပြီး အစိုးရကတော့ ဒေသခံတွေ အဲ့ဒီအလုပ်တွေကို လုပ်ကိုင်လိုတာရှိမရှိ ကနဦး သေချာအောင် ဆောင်ရွက် ရမှာဖြစ်တယ်လို့ မစ္စတာ အမ်ဆာရာဗန်နန်က ပြောပါတယ်။

မလေးရှားနိုင်ငံမှာ စာရင်းဝင်ထားတဲ့ နိုင်ငံခြားသားလုပ်သားဦးရေ ၁.၁၇ မီလျံရှိပြီး ကိုဗစ်မတိုင်ခင်က အခြေအနေထပ် (၁.၇) မီလျံလောက်ကျဆင်းသွားတယ်လို့ သူကပြောပါသေးတယ်။

ဝန်ကြီးဌာနကို ပြီးခဲ့တဲ့ ဧပြီလ(၇) ရက်နေ့အထိ စက်ရုံလုပ်ငန်းပိုင်ရှင်တွေဆီက လျှောက်ထားမှု (၅၁၉,၉၇၃) အထိ လုပ်သားသစ် လျှောက်ထားတာရှိနေတယ် လို့သိရပါတယ်။

အလုပ်သမား (၂၄၅၀၀) ရဲ့ အင်တာဗျူးလုပ်ငန်းစဉ်တွေကို ဧပြီလ(၂၇) ရက် နေ့မှာ အပြီးသတ် ဆောင်ရွက်ဖို့စီစဉ်ထားပြီး နောက်ထပ်အလုပ်သမား (၁၅၀၀၀၀) ကိုလည်း သူတို့ရဲ့ အတည်ပြုလုပ်ငန်းစဉ်ကို ဆောင်ရွက်ပြီး(၁) လခွဲအတွင်း မလေးရှားနိုင်ငံကို ဝင်ရောက်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref: The Straitstime

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.