Radio Than Lwin Times(Episode 13/4)
Sound Cloud Link
Sound Cloud Link
ဘန်ကောက် ၊ ဧပြီ (၁၅) ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက သူရဲ့ အငယ်ဆုံးသမီးဖြစ်သူ ပက်တွန်တန်ကို လာာမယ့်အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ထင်ကြေးပေးမှုတွေကို ပယ်ချခဲ့ပါတယ်။ အင်္ဂါနေ့က ပြုလုပ်တဲ့ ClubHouse အစည်းအဝေးမှာ သက်ဆင်က သူ့ရဲ့သမီးဖြစ်သူ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စိတ်ကူးမယဉ်ဘဲ Pheu Thai ပါတီက ပညာရပ်ဆိုင်ရာ အခန်းကဏ္ဍမှာ ပါဝင်လုပ်ကိုင်ဖို့ လိုလား တယ်လို့…
ဘန်ကောက် – ဧပြီ(၁၅) ယူကရိန်း ရဲ့ဒုံးကျည်ပစ်လွှတ်ခဲ့တဲ့အတွက် ပင်လယ်နက်က ရေတပ်သင်္ဘောစုက အဓိက အရေးပါတဲ့ သင်္ဘော ပြင်းပြင်းထန်ထန်ထိခိုက်ပျက်ဆီးသွားပြီးသင်္ဘော အမှုထမ်း တွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်တွေအရ မော့စ်ဗာဒုံးကျည် ခရူဇာပေါ် ပစ်ခတ်ခဲ့တဲ့အတွက် ခဲယမ်းမီးကျောက်တွေ ပေါက်ကွဲခဲ့တယ်လို့ Interfaxသတင်း ဌာနကဖော်ပြခဲ့ပါတယ်။ မီးလောင်ပျက်ဆီးမှုဖြစ်ပွားရတဲ့ အကြောင်းကိုအသေးစိတ်မပြောခဲ့ပေမယ့် အော့ဒက်ဆာ ပင်လယ်နက်ဆိပ်ကမ်းအနီးရှိ မော့စ်ဗာဟာ…
ဘန်ကောက် – ဧပြီ(၁၅) မလေးရှားနိုင်ငံဟာ ကိုဗစ်ကပ်ဘေးကြောင့် ဖြစ်ပေါ်လာတဲ့ လုပ်သားပြတ်လပ်မှု တွေကို ဖြေရှင်းဖို့ နည်းလမ်းရှာနေပြီး နိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ထုတ်လုပ်ရေးစက်ရုံတွေမှာ လုပ်ငန်း ကြန့်ကြာမှု ပြဿနာတွေ ဖြစ်ပေါ်နေတဲ့အတွက် လုပ်သားငှားရမ်းဖို့ ဆောင်ရွက်နေပါ တယ်။ ဧပြီလ(၁၅) ရက်နေ့(ဒီနေ့)ကစပြီး အထူးကော်မတီက အတည်ပြု လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာန ဘာနာမာ မှာဖော်ပြထားပါတယ်။ မလေးရှားနိုင်ငံဟာ…
လေးကေ့ကော် ၊ ဧပြီ (၁၅) ဧပြီလ (၁၄)ရက်နေ့ ညပိုင်းကစပြီး ကရင်ပြည်နယ် လေးကေကော်မြို့သစ်အနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ အမြောက်အများသုံးပြီး ထိုးစစ်ဆင်ခဲ့ပေမယ့် ဒီကနေ့ မနက်ပိုင်းမှာ အကျအဆုံးများစွာနှင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ် ။ ကော်ဘရာစစ်ကြောင်း လုံခြုံရေးရယူထားတဲ့ တောင်ကုန်းတွေအပေါ်ကို မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်ဘက်က ကျူးကျော်ဖို့ ကြိုးစားလာတာကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး…
မော်လမြိုင် ၊ ဧပြီ (၁၅) မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်နေတဲ့ ဗဟိုကွပ်ကွဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ C3C အောင်မြင်နေပြီးလို့ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဗဟိုကွပ်ကွဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ C3C ဟာ အာဏသိမ်း စစ်ကောင်စီကို ထိရောက်စွာ တိုက်ခိုက်နိုင်ဖို့အတွက်…
မော်လမြိုင် ၊ ဧပြီ (၁၅) ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့တဲ့(၂)ရက်က စပြီး ညပိုင်းအချိန်တွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင် လာတယ်လို့ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ သင်္ကြန်ပွဲတော် ကျင်းပနေပေမယ့်လည်း ကယားပြည် နယ် ဒီမော့ဆိုဒေသကို ညပိုင်းအချိန်တွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်လာတာပါ။…