April 13, 2022

အပူပိုင်းမုန်တိုင်း Megi ကြောင့်မြေပြိုမှုနဲ့ရေလွှမ်းမိုးခဲ့ပြီး အနည်း ဆုံးလူ နှစ်ဆယ့်ငါးယောက်သေဆုံး

ဘန်ကောက် – ဧပြီ(၁၃) အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်ရဲ့ အရှေ့နဲ့ တောင်ပိုင်းကမ်းခြေမှာ တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း Megi ကြောင့်မြေပြိုမှုနဲ့ ရေကြီးတာတွေကြောင့်လူ အနည်းဆုံး(၂၅) ‌ယောက်လောက်သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဖိလစ်ပိုင်မှာ နှစ်တိုင်းမုန်တိုင်းအကြိမ်ရေ (၂၀)လောက်ဝင်ရောက်လေ့ရှိပေမယ့် Megi ဟာ ကျွန်းဆွယ်ကို ထိခိုက်ခဲ့တဲ့ ပထမဆုံးမုန်တိုင်းဖြစ်တယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်အရှေ့ပိုင်းခရိုင် Leyte မှာ ပြိုကျခဲ့တဲ့ မြေအောက်မှာ…

တရုတ်ရဲ့ခြိမ်းခြောက်မှုကြောင့်ပထမစစ်ပွဲရှင်သန်ရေးလက်စွဲစာအုပ်ထိုင်ဝမ်ထုတ်ပြန်

ဘန်ကောက် – ဧပြီ(၁၃) ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ်လို တရုတ်ရဲ့ ဖိအားပေးမှုတွေကို ထိုင်ဝမ်အနေနဲ့ ဘယ်လို တုံ့ပြန်သင့်တယ်ဆိုတဲ့ အာရုံစိုက်စရာ အချက်တွေကြောင့် ထိုင်ဝမ်စစ်တပ်က အရပ်ဘက်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်စာအုပ်ကို ဒီကနေမှာ ပထမဆုံး အကြိမ်အဖြစ် ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရှိဖို့ အင်အားသုံးတဲ့ အစီအစဉ်တွေကို စွန့်လွှတ်မှာမဟုတ်ပဲ သူတို့ရဲ့ အချုပ်အခြာအာဏာကို…

မြောက်ကိုရီးယားနဲ့ စစ်ရေးတင်းမာနေတဲ့ ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန် လေယာဉ် တင်သင်္ဘောတွေတပ်ဖြန့်

ဘန်ကောက် – ဧပြီ(၁၃) မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးစမ်းသပ်မှုတွေကြောင့် စစ်ရေးတင်းမာမှုတွေ မြင့်တက်လာ ချိန်မှာ လေယာဉ်တင်သင်္ဘော တွေတပ်ဖြန့်ချထားလိုက်ပြီဖြစ်တယ်လို့ တောင်ကိုရီးယား မီဒီယာတွေက သတင်းထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်အာဘရာဟမ်လင်ကွန်း တပ်ဖွဲ့ တွေကိုရီးယားကျွန်းဆွယ်ကမ်းလွန်မှာ အော် ပရေးရှင်း စတင်နေပြီလို့ အမေရိကန်အာဏာ ပိုင်တွေက လည်း အတည်ပြုထားပါ တယ်။ အာဏာပိုင်တွေရဲ့ ပြောဆိုချက်တွေအရတော့ ဒေသတွင်းမဟာမိတ်တွေနဲ့ မိတ်ဖက်တွေ ကိုစိတ်ချလက်ချဖြစ်စေဖို့ အရှေ့ပင်လယ်လို့…