April 11, 2022

ပြင်သစ်ရွေးကောက်ပွဲမှာ သမ္မတ မက်ခရွန်နဲ့ ပြိုင်ဘက် မာရင်နီလီပဲန်း တို့ ဦးဆောင်နေ

ဘန်ကောက်- ဧပြီ(၁၁) ပြင်သစ်သမ္မတ မက်ခရွန်နဲ့ သူ့ရဲ့ အကြီးဆုံးပြိုင်ဘက်ဖြစ်တဲ့ မရင်းလပန်း တို့နှစ်ယောက် စလုံး ဟာ လာမယ့် ဧပြီလ(၂၄) ရက်မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ အကြိတ်အနယ်ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ မဲအရေအတွက် မတိမ်းမယိမ်းနဲ့ ရွေးကောက်ပွဲမှာ တခြားကိုယ်စားလှယ်လောင်းတွေရဲ့ ရှေ့ကနေဦးဆောင်နေပြီး သူတို့ရဲ့မဲဆွယ် ပိုစတာတွေကိုလည်း ပဲရစ်မြို့မှာ အပြိုင်အဆိုင်မြင်တွေ့နေရပြီဖြစ်ပါတယ်။ ပဲရစ်မြို့ အပြင်ဘက်မှာရှိတဲ့ ပြင်သစ်…

မလေးရှားလုပ်ငန်းရှင်တွေက အင်ဒိုအလုပ်သမားတွေ ခေါ်ဖို့ လုပ်နေ

ဘန်ကောင်- ဧပြီ(၁၁) မလေးရှားနဲ့အင်ဒိုနီးရှားအစိုးရတို့က မလေးရှားနိုင်းငံအတွင်း အင်ဒိုအိမ်အကူတွေကို ခေါ်ပြီး အလုပ်ပေးဖို့နဲ့ကာကွယ်ဖို့အတွက် နားလည်မှုစာချွန်လွှာကို ဧပြီလ(၁) ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲ့ဒီနားလည်မှုစာချွန်လွှာကို မလေးရှားလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး M Saravanan နဲ့ အင်ဒိုနီးရှားလုပ်သားဝန်ကြီးဌာန ဝန်ကြီးတို့က လက်မှတ်ရေးထိုးခဲ့ပြီး အသိသက်သေတွေ အဖြစ် မလေးဝန်ကြီးချုပ်နဲ့ အင်ဒို သမ္မတ တို့ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၀ ဇွန်လကစပြီး နိုင်ငံခြားသားအလုပ်သမားခေါ်ဖို့ ကန့်သတ်ထားတဲ့…

ဟာဂျ်ဘုရားဖူးတစ်သိန်း ခွင့်ပြုပေးဖို့ ဆော်ဒီအာဏာပိုင်တွေစီစဉ်

ဘန်ကောက်- ဧပြီ(၁၁) ကိုဗစ်ကြောင့် (၂) နှစ်ကျော်ရပ်နားထားရတဲ့ ဟာဂျ့်ဘာသာရေးအခမ်းအနား ကို ပြည်တွင်းပြည်ပ မွတ်ဆလင် တစ်သိန်းကို ခွင့်ပြုပေးသွားမယ်လို့ ဆော်ဒီနိုင်ငံက ကြေငြာထားပါတယ်။ အခုထုတ်ပြန်ချက်ဟာ ၂၀၁၉ ခုနှစ်တည်းက ဘုရားဖူးခွင့်မရတော့တဲ့ မွတ်ဆလင် အများစုအတွက် သတင်းကောင်းဖြစ်ပါတယ်။ ဟာဂျ့်အခမ်းအနားဟာ ကမ္ဘာ့အကြီးဆုံးစုဝေးမှုတွေမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၁၉ ခုနှစ်က လူ၂.၅ မီလီယံအထိစုဝေးနိုင်ခဲ့ပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ ကိုဗစ်-19…