ဘန်ကောက်- ဧပြီ(၁၀)

အင်ဒို-ပစိဖိတ်ဒေသတွင်း လုံခြုံရေးအခြေအနေပေါ်အလေးထားရမယ့် အရေးကိစ္စအဖြစ် ဖော်ပြဖို့ ဂျပန်နဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကာကွယ်ရေးဝန်ကြီးတို့ ရဲ့ ပထမဆုံး နှစ်ဘက်နှစ်ရပ်လုံခြုံရေးဆွေး နွေးပွဲကို ပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲပြီး ထုတ်ပြန်မယ့် ပူးတွဲကြေညာချက်မှာ နှစ်နိုင်ငံလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ဝန်ကြီးတွေသဘောတူနိုင်တယ်လို့ ဂျပန်အစိုးရသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဂျပန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာရာရှီ၊ ကာကွယ်ရေးဝန်ကြီး နော့ဘ်ဘူဝေါ် ကီရှီ နဲ့ သူတို့ဆွေးနွေးဖက် ဖိလစ်ပိုင် အရာရှိ တီရော်ဒိုရို လော့ဆင် နဲ့ ဒယ်ဖင် လော်ရန်ဇာနာတို့ တွေ့ဆုံပွဲကို တက်ရောက်ကြမှာဖြစ်ပြီးတွေ့ဆုံပွဲပြီးရင်သတင်းစာရှင်းလင်းပွဲလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံရဲ့ ပင်လယ်ရေကြောင်း ခိုင်မာအားကောင်းမှုနဲ့ဒေသတွင်း ဩဇာအာာဏာတိုးမြှင့်ဖို့ ကြိုးပမ်းနေချိန်မှာ ဂျပန်နဲ့အမေရိကန်တို့ ရဲ့ ထောက်ခံအားပေးမှုနဲ့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအကောင်အထည်ဖော်ဖို့ တိုကျိုနဲ့မနီလာတို့က ရည်မှန်း ထားတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဟာ ဒေါင်းဝ်ယု လို့ခေါ်တဲ့ ဂျပန်ပိုင်နက်အောက်မှာရှိတဲ့ ဆန်ကာကူကျွန်းစုနားက ရေပြင်လှုပ် ရှားမှုတွေအတွက် အရှေ့တရုတ်ပင်လယ်ကို သင်္ဘောတွေပုံမှန်စေလွှတ်လေ့ရှိပြီး တောင်တရုတ်ပင်လယ် အရေးနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့တခြားသော အရှေ့တောင်အာရှနိုင်ငံတွေနဲ့ နယ်မြေအငြင်းပွားတာတွေ ရှိနေပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်ခဲ့ တာနဲ့ သူတို့ရဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေအပေါ် အာရုံစိုက်မှုတိုးလာနေချိန်အင်ဒို-ပစီဖိတ်ဒေသမှာ တရုတ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေပိုအားကောင်းလာမှာ စိုးရိမ်နေရတဲ့အတွက် အခုဆွေးနွေးပွဲပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့ ဖိလစ်ပိုင်းသမ္မတ ဒူတာတေးတို့ ဖုန်းနဲ့ဆွေးနွေး မှုတွေ အပြီးမှာ ဒီဆွေးနွေးမှုကို  စတင်ဖို့သဘောတူခဲ့ကြတာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ လော့ဆင်နဲ့ လော်ရန်ဇာနာတို့နဲ့ ပြီးခဲ့တဲ့ သောကြာနေ့က တိုကျိုမှာ တွေ့ဆုံခဲ့ပြီး လွတ်လပ်ပြီး ငြိမ်းချမ်းတဲ့  အင်ဒို- ပစိဖိတ်ဒေသကို အကောင်အထည်ဖော်ဖို့  နိုင်ငံချင်း အတူတကွ ပူးပေါင်း လုပ်ဆောင်နိုင်မယ်လို့   မျှော်လင့်ပြီး တရုတ်နိုင်ငံက  အရှေ့နဲ့ တောင်တရုတ်ပင်လယ်တွေမှာ  အခုအနေအထားကို ပြောင်းလဲဖို့  တစ်ဖက်သတ်ကြိုးပမ်းမှုတွေကိုလညည်း ဆန့်ကျင်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ အင်ဒိုနီးရှားပြီးရင် ဂျပန်နဲ့ နှစ်ကြိမ်တွေ့ဆုံခဲ့တဲ့ ဒုတိယမြောက်အရှေ့တောင်အာရှနိုင်ငံ ဖြစ်ပြီး ဂျပန်ဟာ ဖိလစ်ပိုင်၊အမေရိကန်၊ဩစတြေးလျ၊ဗြိတိန်၊ပြင်သစ်၊ဂျာမနီ၊အိန္ဒိယ၊အင်ဒိုနီးရှား၊ရုရှား တို့နဲ့ လုံခြုံရေးဆွေးနွေးပွဲတွေ နှစ်ကြိမ်တိုင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.