ဘန်ကောက် – ဧပြီ(၁၀)

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) အပါအဝင် နိုင်ငံရပ်ခြားအဖွဲ့အစည်း(၁၅) ဖွဲ့ကနေ မှတ်ပုံတင်ထားတာကို ရုပ်သိမ်းလိုက်တယ်လို့ ရုရှားတရားရေး ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာငြိမ်းချမ်းရေးအဖွဲ့ Carnegie Endowment for International Peace (CEIP)  အပါအဝင် ရုရှားအဖွဲ့အစည်းတွေရဲ့ ယူနစ်တွေကို ရုရှားဖက်ဒရေးရှင်းရဲ့ လက်ရှိဥပဒေတွေကို ချိုးဖောက်တဲ့ အတွက် ဖယ်ထုတ်လိုက်တာဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရုရှားစစ်တပ်က ယူကရိန်းကို စစ်ဥပဒေချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ အမှုအခင်းတော်တော်များများ ကို တွေ့ခဲ့ရတယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပြီး ရက်ပိုင်း အတွင်း ကြေငြာခဲ့တာပါ။

ကျူးကျော်စစ်မှာ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက ရုရှားရဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ စွပ်စွဲချက်တွေကို ရုရှားက အကြိမ်ကြိမ်ငြင်းဆန်ထားပါတယ်။

“ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ အစီရင်ခံချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဒီလှုပ်ရှားမှုဟာ သံသယရှိပါတယ်၊ရှားအစိုးရအနေနဲ့ ယူကရိန်းမှာ အရပ်သားတွေကို အကာအကွယ်ပေးခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေဟာ ဘာမှ အသုံးမဝင်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ၊ ဒါက နောက်ထပ် သက်သေတစ်ခုပဲ” လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မှတ်ပုံတင်ရုပ်သိမ်းခံခဲ့ရတဲ့ အခြားအဖွဲ့အစည်းတွေမှာ ရိုဆာ လူဇမ်ဘာ့က် ဖောင်ဒေးရှင်းရဲ့ ဌာနခွဲတစ်ခု၊ အက်ဂါခမ်း ဖောင်ဒေးရှင်းနဲ့ အပြည်ပြည်ဆိုင်ရာ ပညာရေးအင်စတီကျူ တို့အပါအဝင် ဂျာမန်အဖွဲ့အစည်း ကိုးဖွဲ့၊ အမေရိကန်သုံးဖွဲ့၊ ဗြိတိန်၊ ပိုလန်နဲ့ဆွစ်ဇာလန်တို့ပ အဖွဲ့အစည်းတစ်ခုစီ ပါဝင်ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.