မော်လမြိုင် ၊ ဧပြီ (၉)

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးမြစ်ကူးတံတားစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ခရီးသွားကားတွေနဲ့ ကုန်တင်ကားတွေအပေါ် လုံခြုံရေး ယူပေးရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေကြေး အဆမတန် တောင်းခံနေတယ်လို့ ကုန်တင် ကားမောင်းသူတွေက ပြောပါတယ်။

ကုန်တင်ကားနဲ့ ခရီးသွားကားတွေကို အရင်က အသွားအပြန် ကျပ်တစ်သောင်းနှုန်းလောက်သာ ပေးဆောင်ခဲ့ရပြီး အခုအခါမှာတော့ တစ်ခေါက် တစ်သိန်းနှုန်း တောင်းခံလာတယ်လို့ ကုန်တင်ကားမောင်းသူ တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ ကုန်တင်ကားမောင်းသူတွေဟာ စစ်ကောင်စီဘက်က ငွေကြေး အဆမတန် တောင်းခံလာတာကြောင့် အခက်ကြုံနေရသလို မပေးရင် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။



ကုန်တင်ကားမောင်းသူ တစ်ဦးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်ဟာ အနိုင်ကျင့်တာ ဖြစ်ပြီး အရမ်း တရားလွန်လာပြီးလို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခရီးသွားတွေမှာ မှတ်ပုံတင် ပါ မပါ တင်းကြပ်စွာ စစ်ဆေးနေသလို မှတ်ပုံတင် မပါသူကို ပြန်လွှတ်တာနဲ့ ဒဏ်ငွေ အဆမတန် တောင်းခံတာတွေကို လုပ်ဆောင်နေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.