April 9, 2022

ပလက်ဝက ၅၀၅(က) နဲ့ထောင်ချခံရသူတွေကို စစ်တွေထောင်ပို့ဆောင်

မော်လမြိုင်- ဧပြီ(၉) ချင်းပြည်နယ် ပလက်ဝမြို့က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ မတရားအမိန့်ချခံလိုက်ရသူ(၂၇) ယောက်ကို စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ သူတို့တွေကို ဧပြီလဆန်းပိုင်းအထိ ပလက်ဝမြို့နယ်တရားရုံးက အမိန့်အသီးသီးချမှတ်ခဲ့တာဖြစ်ပြီး စစ်တွေထောင်ကို ဧပြီလ(၇)ညနေပိုင်းမှာ စစ်တွေထောင်ကိုရောက်ရှိတာဖြစ်တယ်လို့ သိရပါတယ်။ “ပြစ်ဒဏ်ကျခံရတဲ့သူတွေက သူတို့လုပ်လို့ ကျခံရတယ်ဆိုရင် ကျွန်တော်တို့ လက်ခံနိုင်ပါတယ်။ အခုက အမိန့်ချခံလိုက်ရတဲ့သူတွေက လူသားချင်းစာနာထောက်ထားလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ သူတွေပါ…

စစ်ကောင်စီက မတရားအာဏာသိမ်းထားလို့ သတင်းလွတ်လပ်ခွင့်ကိုကြောက်တာလို့ဆို

မော်လမြိုင်- ဧပြီ(၉) စစ်ကောင်စီက ၂၀၂၁ ခုနှစ်အတွင်းမှာ မဂ္ဂဇင်း(၁)အုပ်နဲ့ သတင်းဌာန (၁၁) ခုတို့ကို လုပ်ငန်း ပိတ်သိမ်းပြီး လိုင်စင်ရုပ်သိမ်းအရေးယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်မတ်လကစပြီး ခေတ်သစ်သတင်းဌာန၊ မဇ္ဈိမသတင်းဌာန၊ မြန်မာနောင်း သတင်းဌာနနဲ့ 7 Day သတင်းဌာနတွေကို ပိတ်သိမ်းပြီး သတင်းမီဒီယာဖိနှိပ်မှု စတင်လုပ် ဆောင်ခဲ့တာပါ။ “မတရားအာဏာသိမ်းထားတဲ့ စစ်တပ်အနေနဲ့ သတင်းလွတ်လပ်ခွင့်ကိုကြောက်တော့…

အမေရိကန် ပဲ့ထိန်းဒုံးတွေကို မူးယစ်ဆေးဝါးနဲ့အလဲအလှယ်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာကူဇာ ခေါင်းဆောင်ဖမ်းဆီးခံရ

ဘန်ကောက် ၊ ဧပြီ (၉) ဟီရိုရင်းနဲ့ စိတ်ကြွဆေးတွေကို မှောင်ခိုကူးသန်းပြီး မြန်မာနဲ့ သီရီလင်္ကာနိုင်ငံက လက်နက်ကိုင် အဖွဲ့တွေအတွက် အမေရိကန်ထုတ် ပဲ့ထိန်း ဒုံးကျည်တွေလဲလှယ်ဖို့ ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ ဂျပန်ရာကူဇာနဲ့ ထိုင်းနိုင်ငံသားသုံးယောက်ကို အမေရိကန်ပြည်ထောင်စုက ဖမ်းဆီးလိုက်ပါတယ်။ အမေရိကန်တရားမျှတမှုဦးစီးဌာနဲ့ ပြောဆိုချက်တွေအရတော့ အဲ့ဒီ လူသုံးယောက်ဟာ မူးယစ်ဆေးဝါး နဲ့ လက်နက်မှောင်ခိုမှုနဲ့ငွေကြေးခဝါချမှုတွေကြောင့် နယူးယောက်မြို့ထဲမှာ ဖမ်းဆီးခံခဲ့ရတာပါ။…

သမီးရင်းကို လိင်ဝန်ဆောင်မှု ပြုဖို့ စေခိုင်းတဲ့အမျိုးသမီးဖမ်းဆီးခံထားရ

ဘန်ကောက်- ဧပြီ(၉) ဆယ်ကျော်သက် မိန်းကလေးတွေကိုငွေကြေးနဲ့ လိင်ဝန်ဆောင်မှုပေးဖို့ဖြားယောင်းတဲ့ အမျိုးသမီး (၃)ယောက်ကို ဖမ်းဆီးထားပြီး အဲ့ဒီအမျိုးသမီးတွေထဲက တစ်ယောက်ဟာ ဖြားယောင်းခံထားရတဲ့ မိန်းကလေးငယ်တစ်ယောက်ရဲ့ မိခင်ပါတယ်လို့ သိရပါတယ်။ ဆာရာပူရီနဲ့ချင်းရိုင်းမြို့က အဆောက်အအုံသုံးခုမှာ မိန်းကလေးငယ်တွေကို ပြည့်တန်ဆာအနေနဲ့ ခေါ်ထားတဲ့အဖွဲ့ကို လူကုန်ကူးမှုတာဆီးနှိမ်နင်းရေးဌာနခွဲက ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီး ချိန်မှာ သူတို့ကိုဖမ်းမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေဟာ ပြည့်တန်ဆာမိန်းကလေးတွေကို ဖောက်သည်တွေနဲ့ အဓိက ချိတ်…

စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ ဩစ‌တြေးလျသံအမတ်ရဲ့ လုပ်ရပ်လက်ခံ နိုင်စရာမရှိ

ဘန်ကောက်_ ဧပြီ(၉) အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာဩစ‌တြေးလျသံအမတ်ရဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုတွေကျူးလွန်တဲ့ အာဏာရှင်တွေကို အများယုံကြည်လက်ခံလာအောင် အားဖြည့်ဆောင် ရွက်ပေးတာဖြစ်တယ်လို့လူ့အခွင့်အရေးစောင့်ကြည်ရေးအဖွဲ့HRW က ပြောပါတယ်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့အရပ်သားအစိုးရကို စစ်တပ်ကအင်အားသုံး အာဏာသိမ်းခဲ့ပြီးနောက်မှာတော့နိုင်ငံတကာရဲ့အဆက်အဆံမခံရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပြီး ဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေကိုလည်း သေစေလောက်တဲ့အထိအင်အားသုံးဖြိုခွင်းနေမှုတွေရပ်တန့်ဖို့ လည်း နိုင်ငံတကာကတောင်းဆိုထားပါတယ်။ “ဒီတွေ့ဆုံမှုက လက်ရှိအစိုးရကိုတရားဝင်ဖြစ်အောင်လုပ်တာဖြစ်တယ်လို့တော ဩစ‌တြေးလျအစိုးရ အနေနဲ့မယူဆပါဘူး” လို့ ဩစတြေးလျနိုင်ငံခြားရေးဦးစီးဌာနမှ ကတ်ရီနာ ကော်ပါ က လွှတ်တော်ကော် မတီတစ်ခုမှပြောပါတယ်။…

ကရင်နီပြည် ဒီမော့ဆိုမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့ အခြေအနေကို ဦးတည်နေ

မော်လမြိုင် ၊ ဧပြီ (၉) ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်အင်အား အလုံးအရင်းနဲ့ ထပ်မံတိုးချဲ့ လာတာကြောင့် နှစ်ဖက် စစ်ရေး ပိုမို တင်းမာလာသလို ပြင်းထန်တဲ့ တိုက်ပွဲဖြစ်လာဖို့ ဦးတည်နေတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ဒီမော့ဆိုမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လကုန်စကပြီး စစ်ကောင်စီဘက်က စစ်အင်အား ရာနဲ့ချီ ထပ်မံ တိုးချဲ့လာတာ ဖြစ်ပါတယ်။ စစ်အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီတပ်ဟာ…

အာရှလမ်းမကြီး ပိတ်ထားပေမယ့် ကုန်သည်တွေ အရဲစွန့်ပြီး ကုန်သွယ်နေ

မော်လမြိုင် ၊ ဧပြီ (၉) ကရင်အမျိုးသားအစည်းအရုံး KNU က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး အသုံးပြုခွင့်ကို ရပ်ဆိုင်ထားပေမယ့် အရဲစွန့်ပြီး ကုန်သွယ်မှုတွေ ဆက်လုပ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် အရပ်သားတွေအနေနဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မြဝတီ-ဝေါလေ လမ်းပိုင်း အသုံးပြုမှုကို မတ် ၂၇ ရက်နေ့ကစပြီး ရပ်ဆိုင်းထားဖို့ KNU…

ထားဝယ်မှာ သင်္ကြန်အကျနေ့ အသံတိတ်သပိတ် ပြုလုပ်ဖို့ တော်လှန်ရေး အင်အားစုတွေ နှိုးဆော်

မော်လမြိုင် ၊ ဧပြီ (၉) တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းမှာ လာမယ့် ဧပြီ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း အသံတိတ်သပိတ် (Silent Strike) ပြုလုပ်ပေးကြဖို့ သပိတ်ကော်မတီ အပါအဝင် တော်လှန်ရေးအင်အားစုတွေက နှိုးဆော်လိုက်ပါတယ်။ ဒီအသံတိတ်သပိတ်ဟာ စစ်ကောင်စီက သင်္ကြန်ပွဲတော်ကျင်းပပြီး ပြည်သူတွေ ငြိမ်ဝပ်ပိပြား နေကြောင်း လိမ်လည်ပြသမှု အပါအဝင် တော်လှန်ရေး…

ရေးမြို့နယ် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က ငွေကြေး အဆမတန် တောင်းခံနေ

မော်လမြိုင် ၊ ဧပြီ (၉) မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးမြစ်ကူးတံတားစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ခရီးသွားကားတွေနဲ့ ကုန်တင်ကားတွေအပေါ် လုံခြုံရေး ယူပေးရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေကြေး အဆမတန် တောင်းခံနေတယ်လို့ ကုန်တင် ကားမောင်းသူတွေက ပြောပါတယ်။ ကုန်တင်ကားနဲ့ ခရီးသွားကားတွေကို အရင်က အသွားအပြန် ကျပ်တစ်သောင်းနှုန်းလောက်သာ ပေးဆောင်ခဲ့ရပြီး အခုအခါမှာတော့ တစ်ခေါက် တစ်သိန်းနှုန်း တောင်းခံလာတယ်လို့ ကုန်တင်ကားမောင်းသူ…