ဘန်ကောက်_ ဧပြီ(၈)

Facebook(Meta) က ဖိလစ်ပိုင်အထွေထွေရွေးကောက်ပွဲမတိုင်ခင် လူမှုကွန်ယက်အကောင့် (၄၀၀) ကျော်ကို သတင်းအချက်အလက်အမှားနဲ့အမုန်းစကားထိန်းချုပ်တဲ့အနေနဲ့ မနေ့က ပိတ်သိမ်း လိုက်ပါတယ်။

 ကုမ္ပဏီရဲ့ပြောဆိုချက်တွေအရတော့ ပိတ်ဆို့ခံရတဲ့ အကောင့်တွေဟာ လူ့ဘောင်သစ်စစ်တပ်နဲ့ ဆက်စပ်မှုရှိတဲ့ စာမျက်နှာတွေဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ဘေးကြောင့် ရွေးကောက်ပွဲလှုံ့ဆော်မှုနည်းလမ်းတွေအနှောက်အယှက်ဖြစ်ခဲ့တဲ့အတွက် ကိုယ်စားလှယ်လောင်းတွေနဲ့ ထောက်ခံသူတွေဟာ လူမှုကွန်ယက်စာအကောင့်တွေသုံးတာ မြင့်တက်လာတာနဲ့အတူ  အမုန်းစကားနဲ့  ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေလည်း ရှိလာတာပါ။

ပြီးခဲ့တဲ့ လက ဖီလစ်ပိုင်ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းတွေက သတင်းအချက်အလက်အမှား တွေပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက်လူမှုကွန်ယက်ကုမ္ပဏီတွေမှာ  တာဝန်ရှိတယ်လို့ဝေဖန်ထားပါတယ်။

Faceook(Meta)ကုမ္ပဏီရဲ့ ဘလော့တစ်ခုမှာတော့ ဖိလစ်ပိုင်းနိုင်ငံတွင်းက ကြေငြာသူတွေဟာ ကြေငြာအတည်ပြုဖြစ်စဉ်ပြီးမြောက်အောင်လုပ်ဆောင်ရမှာဖြစ်ပြီး ရွေးကောက်ပွဲ၊နိုင်ငံရေးတွေနဲ့ လူမှုရေးပြဿနာတွေနဲ့ ပတ်သက်ပြီး “Paid for by” တောင်းဆိုချက်တွေပါဝင်ပါတယ်။

Ref:bagankokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.